spot_img
17.6 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းပညာရေးကယားပြည်နယ်ရဲ့ ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ယခင်နှစ်ထက် ပိုကောင်း

ကယားပြည်နယ်ရဲ့ ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ယခင်နှစ်ထက် ပိုကောင်း

-

ဒွေးအယ်ခူ

ကယားပြည်နယ်ရဲ့ ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် အောင်ချက် တနိုင်ငံလုံးအတိုင်းအတာဖြင့် ၂၇.၉၆ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင်နှစ်ထက် အောင်ချက်ရာခိုင်နှုန်းပိုများကြောင်း ကယားပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ယခင် ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ၆၆၄ဝဦး ရှိသည့်အနက် အောင်မြင်သူ ၁၆၇၅ ဦးရှိခဲ့ပြီး ၂၅.၂၃ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

ကယားတစ်ပြည်နယ်လုံးရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ  စုစုပေါင်း ၇၃၈၈ ဦးရှိသည့်အနက် အောင်မြင်သူ ၂၀၆၆ ဦး ရှိပြီး အောင်ချက် ရာခိုင်နှုန်း ၂၇.၉၆ ရှိကြောင်း ကယားပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ယခု လွိုင်ကော်မြို့နယ်ရှိ ကျောင်းပေါင်း၂၁ကျောင်းနှင့် ကျောင်းပြင်ပဖြေဆိုသည့် ဦးရေ ၄၂၄ရ ဦးရှိသည့်အနက် အောင်မြင်သူ ၁၃၀၈ ဦး ရှိပြီး အောင်ချက်ရာခိုင်နှုန်း ၃၀.၈ဝ ရှိသည်။

ဒီမော့ဆိုမြို့နယ်ရှိ ကျောင်းပေါင်း ၁၅ကျောင်းနှင့် ကျောင်းပြင်ပဖြေဆိုသည့် ဦးရေ ၂၀၇၅ဦး ရှိသည့်အနက် အောင်မြင်သူ ၅၇၅ ဦး ရှိပြီး အောင်ချက်ရာခိုင်နှုန်း ၂၇.၇၁ ရှိသည်။

ဖရူဆိုမြို့နယ်ရှိ ကျောင်းပေါင်း ၄ ကျောင်းနှင့် ပြင်ပဖြေဆိုသူ စုစုပေါင်း ၄၄၃ ဦးရှိသည့်အနက် အောင်မြင်သူ ၈၃ ဦး ရှိပြီး အောင်ချက်ရာခိုင်နှုန်း ၁၈.၇၄ ရှိသည်။

ရှားတောမြို့နယ်ရှိ အထကကျောင်း ၂ ကျောင်းနှင့် ပြင်ပဖြေဆိုသူ ၆၆ ဦးရှိသည့်အနက် အောင်မြင်သူ ၈ ဦး ရှိပြီး အောင်ချက် ၁၂.၁၂ ရာခိုင်နှုန်း ရှိသည်။

ဘောလခဲမြို့နယ်ရှိ အထကကျောင်း ၄ ကျောင်းနှင့် ပြင်ပဖြေဆိုသူ ၂၇ရ ဦးရှိသည့်အနက် အောင်မြင်သူ ၃၂ဦးရှိပြီး အောင်ချက် ၁၈.၇ရ ရာခိုင်နှုန်းရှိသည်။

ဖားဆောင်းမြို့နယ်ရှိ အထက ကျောင်း ၃ ကျောင်းနှင့် ပြင်ပဖြေဆိုသူ ၂၁ဝဦး ရှိသည့်အနက် အောင်မြင်သူ၂၈ဦးရှိပြီး အောင်ချက် ၁၃.၃၃ ရာခိုင်နှုန်းရှိသည်။

Advertisement

မယ်စဲ့မြို့နယ်ရှိ အထက ကျောင်း ၂ ကျောင်း နှင့် ပြင်ပဖြေဆိုသူ ၇ဝ ဦးရှိသည့်အနက် အောင်မြင်သူ ၁၂ ဦးရှိပြီး အောင်ချက် ၁၇.၁၄ ရာခိုင်နှုန်းရှိသည်။

ထို့ပြင် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ဂုဏ်ထူးရဘာသာ စုစုပေါင်း ၄၆၄ဦးရှိပြီး ၁ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ ၄ဘာသာဂုဏ်ထူးရှင် ၃ ဦး၊ ၃ဘာသာဂုဏ်ထူးရှင် ၃၂ဦး၊ ၂ဘာသာဂုဏ်ထူးရှင် ၆၃ဦး၊ ၁ဘာသာဂုဏ်ထူးရှင် ၃၆၅ ဦးရှိကြောင်း သိရသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ