spot_img
17.8 C
Loikaw
Saturday 13, December 2025
spot_img
Homeသတင်းအမေရိကန်တွင် ကရင်နီအမျိုးသားနေ့ ကျင်းပမည်

အမေရိကန်တွင် ကရင်နီအမျိုးသားနေ့ ကျင်းပမည်

-

ခူးဖရဲရယ်

အမေရိကန်နိုင်ငံရောက် ကရင်နီလူမျိုးများ ကရင်နီအမျိုးသားနေ့ကို လာမည့် ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ Waterloo မြို ့၊ Lowa ပြည်နယ် အမေရိကန်နိုင်ငံမှာ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

လာမည့် ၂၁ ရက်နေ့၊ ဇွန်လတွင် ကရင်နီအမျိုးသားနေ့ (၁၄၄) ကြိမ်မြောက်ကျရောက်မည်ဖြစ်သည့်အတွက် မျိုးဆက်သစ်လူငယ်များသိရှိစေရန် ဆက်လက်ထိန်းသိမ်းသည့်အနေဖြင့် ကျင်းပသွားမည်ဖြစ်သည်ဟု KnA ( Karenni American Association) အဖွဲ့ဝင်တစ်ဦးဖြစ်သူ ခူးစေးရယ်က ပြောသည်။

“တခြားနိုင်ငံမှာရောက်ရှိသွားတဲ့ ကျနော်တို့ ကရင်နီလူမျိုးတွေ ဖြစ်စေ၊ ပြည်တွင်း ပြည်ပမှာ ကျန်ရှိနေသေးတဲ့ ကျနော်တို့ ကရင်နီလူမျိုးတွေဖြစ်စေ တတိယနိုင်ငံကို ရောက်ရှိသွားတဲ့ ကျနော်တို့ ကရင်နီလူမျိုးဟာ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမူကို ဘယ်တော့မှ မမေ့ကြပါဘူးဆိုတာကို သိထားပေးကြပါ။” ဟု ခူးစေးရယ်က ပြောပါသည်။

ကရင်နီအမျိုးသားနေ့ကို ကျင်းပပြုလုပ်ရန်အတွက် ဒေသခံ အမေရိကန်အစိုးရဘက်မှ ကန့်ကွက်မူ ပြုလုပ်တာတွေ မရှိကြောင်း ၊ ကရင်နီလူမျိုးနှင့် သက်ဆိုင်သည့် ရိုးရာယဉ်ကျေးမူ ဓံလေ့ထုံးတမ်းများအားလုံးကို နှစ်စဉ်နှစ်တို်င်း ကျင်းပနိုင်ရန်အတွက် အစိုးဘက်က အခွင့်အရေးများ အပြည့်အဝပေးထားသည်ဟု သိရသည်။

“ကျနော်လည်း နှစ်တို်င်းလိုလို သွားဖြစ်တယ်။ အမေရိကန်နိုင်ငံမှာ ရှိတဲ့ ကျနော်တို့ ကရင်နီလူမျိုးအားလုံးဟာ တစ်စုတစ်စည်းထဲ မနေကြတဲ့အတွက် တစ်နှစ်တစ်ခေါက် ပြန်တွေ့ကြဖို့ဆိုတာ မလွယ်ဘူးလေး။ ” ဟု အာမေရီကန်နိုင်ငံမှာ သွားရောက်အခြေချသည့် ကရင်နီလူငယ်တစ်ဦးဖြစ်သူ ခူးပလဲရယ်ဒေးဗစ်ဘရောက ပြောသည်။

Advertisement

စုပေါင်းကရင်နီအမျိုးသားနေ့ပွဲတော်ကို KnA (Karenni American Association) ၊ Shadaw Journal နှင့် Dee Ku အဖွဲ့များမှ ဦးဆောင်ပြီး ကျင်းပပြုလုပ်သွားသည်မှာ ယနေ့ထိဟာ ရ နှစ်ရှိပြီး ကရင်နီအမျိုးသားနေ့ပွဲတော်တွင် အားကစားပြိုင်ပွဲ၊ အခြားသော လှုပ်ရှားမူများနှင့် အခမ်းအနားတစ်ရပ်ကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်

နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သည့် ကရင်နီအမျိုးသားနေ့ အခမ်းနားကို စုစုပေါင်းလူဦးရေ ၂၀၀ဝ နီးပါးတက်ရောက်ခဲ့ကြသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ