spot_img
12.5 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းတိုင်းရင်းသားများ၏ လက်မှုပညာဈေးရောင်းပွဲတော်ကို ပြည်နယ်လွှတ်တော်ရုံးဝင်းတွင် ကျင်းပမည်

တိုင်းရင်းသားများ၏ လက်မှုပညာဈေးရောင်းပွဲတော်ကို ပြည်နယ်လွှတ်တော်ရုံးဝင်းတွင် ကျင်းပမည်

-

ကန္တာရဝတီတိုင်း(မ်)

တိုင်းရင်းသားများ၏ လက်မှု ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်ကို လာမည့် နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကယားပြည်နယ် လွှတ်တော်ရုံးဝင်းရှိ ဟစ်တိုင်ကွင်းပြင်တွင် ပြုလုပ်သွားမည်ဟု Craft Program and Business Officer ကိုသုအောင်ခိုင် ကပြောပါသည်။

ယခုလို တိုင်းရင်းသားများ၏ လက်မှုပညာဈေးရောင်းပွဲတော်ကိုပြုလုပ်ခြင်းအားဖြင့် ရိုးရာလုပ်ငန်းများ မတိမ်ကောမပပျောက်စေရန် ထိန်းသိမ်းရာရောက်ပြီး ဈေးကွက်ကိုလည်း ဖော်ဆောင်လာနိုင်ရန်ဖြစ်သည်ဟု ဆိုပါသည်။

“သက်ဆိုင်ရာတွေကလည်း ဒေသထွက်ကိုဦးစားပေးအလေးထားပြီး မြင့်တင်ပေးဖို့ဆောင်းဆိုချင်တယ်။ မဟုတ်ရင် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ထုတ်ကုန်တွေကဈေးလည်းမရှိဘူးဆိုရင် ပပျောက်သွားနိုင်တယ်။” ဟု ကိုသုအောင်က ပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောသွားပါသည်။

ယခင်က ကျင်းပပြုလုပ်ခဲ့သည့် ကယားပြည်နယ် လက်မှုပညာ ပစ္စည်းများနှင့် ဈေးရောင်းပွဲတော် မြင်ကွင်း (ဓါတ်ပုံ – Kayah State Craft Market Facebook)

ကယားပြည်နယ်မှ ဌာနေတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအထည်များ၊ လက်မှုပစ္စည်းများကို ရောင်းချသွားမည်ဟု သိရသည်။

ယခုကဲ့သို့ တိုင်းရင်းသားများအတွက် လက်မှုပညာဈေးရောင်းပွဲတော် ကျင်းပပေးခြင်းသည် ကောင်းမွန်သည့် လုပ်ရပ်ဖြစ်သည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက မှတ်ချက်ပြုသွားပါသည်။

၎င်းပွဲတော်သို့ မည်သူမဆို လွှတ်လွှတ်လပ်လပ်ဝင်ရောက်လည်ပတ်ခွင့်ရှိကြောင်းနှင့် ဒေသထွက်ကုန်များကို အားပေးနိုင်ကြောင်း ကိုသုအောင်မှ ထပ်လောင်းပြောဆိုသွားပါသည်။

ယခုကဲ့သို့ ဌာနေတိုင်းရင်းသားများ၏ လက်မှုပညာဈေးရောင်းပွဲတော်ကို ကျင်းပသည်မှာ ၅ ကြိမ်ရှိပြီးဖြစ်သည်ဟုသိရသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ