spot_img
26.7 C
Loikaw
Friday 5, December 2025
spot_img
Homeသတင်းပညာရေးကယားတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့်ဦးရေ ၈ထောင်ကျော်ရှိ

ကယားတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့်ဦးရေ ၈ထောင်ကျော်ရှိ

-

နော်ဒွေးအယ်ခူ

လာမည့် မတ်လ ( ၁၁)ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြမည်ဖြစ်ပြီး ကယားပြည်နယ်မှ ဖြေဆိုသူ ဦးရေ (၈)ထောင်ကျော်ရှိကြောင်း ကယားပြည်နယ်ပညာရေးမှူး ဦးအယ်ဒိုဝါးထံမှသိရပါတယ်။

ကယားပြည်နယ်တွင်း တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ၂၁ ခုရှိပြီး ဖြေဆိုမယ့် ကျောင်းသူ၊ကျောင်းသား ၈၄၆၂ဦး ရှိပါတယ်။ ၈၄၆၂ ဦထဲမှာ ကျောင်းပြင်ပဖြေဆိုသူလူဦးရေကတော့ (၂၃၉၇)ဦးပါရှိပါတယ်။

လွိုင်ကော်မြို့ရှိ စာစစ်ဌာနတွေမှာ အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄)၊ အထက(၆)၊ အထက(၇)၊ အကျဉ်းဦးစီး၊ အထက-လောပိတ၊ အထက-နွားလဝိုး၊ အထက-လွိုင်လင်လေး၊ အထက-ကုန်းသာ ဖြစ်ပြီး စာစစ်ဌာန (၁၁) ခုရှိပြီး ဖြေဆိုသူ (၄၈၆၁)ဦး ရှိပါတယ်။

ရှားတောမြို့မှာတော အထက-ရှားတော ဖြစ်ပြီး ဖြေဆိုသူ ၅၉ဦး၊ ဒီမော့ဆိုမြို့မှာ အထက-ဒီမော့ဆို၊ အထက-ဒေါငံခါး၊ အထက-ငွေတောင်၊ ထ(ခွဲ)-ဒေါတမငယ်၊ အထက-နန်းမယ်ခုံ စသည်ဖြင့် စာစစ်ဌာန (၅)ခုရှိပြီး ဖြေဆိုသူ (၂၄၃၇)ဦးရှိပါတယ်။

ဖရူဆိုမြို့မှာ အထက-ဖရူဆိုဖြစ်ပြီး ဖြေဆိုသူ (၄၁၈)ဦး၊ ဘောလခဲမြို့မှာ အထက-ဘောလခဲဖြစ်ပြီး ဖြေဆိုသူ (၃၃၈)ဦး၊ ဖားဆောင်းမြို့တွင် အထက-ဖားဆောင်းဖြစ်ပြီး ဖြေဆိုသူ (၂၅၆)ဦး နှင့် မယ်စဲ့မြို့တွင် အထက-မယ်စဲ့ဖြစ်ပြီး ဖြေဆိုသူ (၉၃)ဦး ရှိကြောင်း သိရပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားများအနက် ကိုယ်လက်အင်္ဂါမသန်စွမ်း ကျောင်းသူနှစ်ဦးရှိကြောင်းသိရပါတယ်။

၂၀၁၉ခုနှစ်မှာတော့ ကယားတစ်ပြည်နယ်လုံးရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ စုစုပေါင်း ၇၃၈၈ ဦးရှိခဲ့ပြီး၂၀၆၆ ဦး အောင်မြင်ခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ