spot_img
20 C
Loikaw
Wednesday 10, December 2025
spot_img
Homeသတင်းကျန်းမာရေးCOVID - 19 နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးမှ သတင်းထုတ်ပြန်

COVID – 19 နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးမှ သတင်းထုတ်ပြန်

-

ကန္တာရဝတီတိုင်း(မ်)

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID – 19 နဲ့ ပတ်သက်ပြီး ပြည်သူသို့ ပန်ကြားစာအနေနဲ့ နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

အချက် ငါးချက်ပါ ထုတ်ပြန်ချက်ထဲမှာ
လူစုလူဝေးဖြင့်ကျင်းပသော အခမ်းအနားများ| ပွဲလမ်းသဘင်များ (မြန်မာ့ရိုးရာသြက်န်ပွဲတော်မဏ္ဍပ်ဆောက်လုပ်ခြင်းအပါအဝင်) မပြုလုပ်ကြရန်.. ထိုအခမ်းအနားများ ပွဲလမ်းသဘင်များကို ယနေ့မှစ၍ ၂၀၂၀ ဧပြီလ ၃၀ ရက်နေ့ထိ ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်းထားရေးကိုလည်း သက်ဆိုင်ရာ ဌာနများသို့် ညွှန်ကြားထားပြီး လိုအပ်ပါက ရပ်ဆိုင်းကာလကို ထပ်မံတိုးမြှင့် သတ်မှတ်သွားမည်ဖြစ်ကြောင်း … COVID – 19 နှင့်ပတ်သက်ပြီး စောင့်ကြည့်လူနာ.. သံသယ လူနာများနှင့်ပတ်သက်ပြီး အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်ပေးနေပြီး သံသယလူနာ များကို ဓါတ်ခွဲစစ်ဆေးရာ မတ်လ ၁၃ရက်နေ့ ၂၀၂၀ ခနှစ် ည ၁၀ နာရီအထိ ဓါတ်ခွဲစစ်ဆေးချက်အရ COVID – 19 ရောဂါရှိသည့်လူနာများမတွေ့ရှိရသေးကြောင်း စတဲ့အချက်တွေပါရှိပါတယ်။

ဒါ့အပြင် လူမှုကွန်ယက်တွေမှာ မဟုတ်မမှန် သတင်းတွေကို မယုံကြည်ဖို့နဲ့ ကျန်ူမာရေးနဲ့အားကစားဝန်ကြီးက ထုတ်ပြန်တဲ့သတင်းကိုသာယုံကြည်ကြဖို့ လမ်းညွှန်ချက်တွေကိုလည်း တိတိကျကျ လိုက်ပါဆောင်ရွက်ဖို့နဲ့ COVID – 19 ရောဂါ သံသယရှိသူများကို တွေ့ရှိပါက သက်ဆိုင်ရာကို အကြောင်းကြားဖို့ငိုလည်း ပန်ကြားထားပါတယ်။

‌၃၀.၁.၂၀၂၀ နေ့ကဖွဲ့စည်းလိုက်တဲ့ COVID – 19 အဆုတ်ရောင်ရောဂါကို ကာကွယ် ထိန်းချုပ်ကုသ ရေးဗဟိုကော်မတီကို အမျိုးသားအဆင့် ဗဟိုကော်မတီအဖြစ် ၁၃.၃.၂၀၂၀ နေ့မှာ တိုးမြှင့် ဖွဲ့စည်းလိုက်တယ်လို့ဖော်ပြထားပါတယ်။

COVID – 19 ကို ကမ္ဘာ့ကပ်ရောဂါ (Pendemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ၁၁.၃.၂၀၂၀ နေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ၁၃ မိနစ်တွင် သတ်မှတ်ကြေငြာခဲ့ပြီးဖြစ်ပါတယ်။

COVID – 19 ရောဂါနှင့်ပတ်သက်ပြီး ယနေ့ ၁၃.၃.၂၀၂၀ နေ့ နောက်ဆုံးရရှိသည့်သတင်းအချက်အလက်အရ ရောဂါကြောင့် တရုတ်ပြည်မ.. အီတလီ.. အီရန်.. တောင်ကိုးရီးယားနှင့် အမေရိကန်ပြည်ထောင်စုတွင် သေဆုံးသူ ၄၇၂၀ ယောက်.. ကူးစက်ခံရသူ ၁၂၃၈၄၃ ယောက်အထိရှိနေပြီး ပြန်လည်ကောင်းမွန်လာသူ ၆၈၃၂၄ ယောက်ရှိတယ်ကြောင်း အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့လေ့လာချက်မှာဖော်ပြထားတယ်လို့ RFA သတင်းဌာနက ရေးသားထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စောင့်ကြည့်လူနာ ၁၀၂ ဦး.. သံသယလူနာ ၂ ဦးရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ