spot_img
21.7 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းကျန်းမာရေးကယားပြည်နယ်တွင် Covid 19 ရောဂါ စောင့်ကြည့်နှင့် သံသယ လူနာ (၁၃)ဦးအနက် (၆) ဦးမှာ ရောဂါပိုးမရှိ

ကယားပြည်နယ်တွင် Covid 19 ရောဂါ စောင့်ကြည့်နှင့် သံသယ လူနာ (၁၃)ဦးအနက် (၆) ဦးမှာ ရောဂါပိုးမရှိ

-

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်တစ်ဝန်းမှ ပြည်နယ်ပြည်သူ့ ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာန လက်အောက်ရှိ ဆေးရုံများတွင် Covid 19 ရောဂါ စောင့်ကြည့်နှင့် သံသယ လူနာ (၁၃)ဦးအနက် (၆) ဦးမှာ ရောဂါပိုးမရှိဘဲ ၆ ဦးကို ဆက်လက် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ကျန် ၁ ဦးမှာ အခြားသော ရောဂါသာ ဖြစ်ကြောင်း ပြည်နယ်အစိုးရ၏ မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရှိရသည်။

ရောဂါပိုး ရှိ မရှိ စစ်ဆေးအတည်ပြုရန် လိုအပ်နေသေးသည့် သံသယရှိ/ စောင့်ကြည့်လူနာ ၆ ဦးထဲမှ ၃ ဦးကို ဓာတ်ခွဲစစ်ဆေးရန် မတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီက ဗဟိုအမျိုးသား ဓါတ်ခွဲခန်းသို့ ပေးပို့ထားရှိပြီး ဖြစ်ကြောင်းလည်း သိရှိရသည်။

COVID 19 ကိုရိုနာဗိုင်းရပ် ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွတ်လျက်ရှိရာ ယခုကဲ့သို့ မတ်လ ၂၄ ရက်နေ့ ၁၀ နာရီ အချိန်အထိ နောက်ဆုံးရ အချက်အလက်များကို ပြည်နယ်အစိုးရက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ပြည်နယ်အစိုးရက ကယားပြည်နယ်အတွင်းရှိ မိဘ/ပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ် ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး အချက်အလက် များအား တိကျစွာ လိုက်နာဆောင်ရွက်ရန်နှင့် ကောလဟာလသတင်းများ ကြောင့် စိုးရိမ်ထိပ်လန့်မှု မရှိကြပါရန် အသိပေး နှိုးဆော်ထားသည်။

ဓါတ်ပုံ – ဆြာချစ်
ဓါတ်ပုံ – ဆြာချစ်
ဓါတ်ပုံ – ဆြာချစ်

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ