spot_img
Homeသတင်းတရားမဝင်သစ်ဖမ်းဆီးရမိ တရားခံရှာဖွေဆဲဟုဆို

တရားမဝင်သစ်ဖမ်းဆီးရမိ တရားခံရှာဖွေဆဲဟုဆို

-

ကန္တာရဝတီတိုင်း(မ်)

မယ်စဲမြို့နယ်၊ သံလွင်အရှေ့ဘက်ခြမ်း(၂) ကြိုးဝိုင်းကာကွယ်တော အတွင်းမှာ တရားမဝင်သစ်တွေကိုဖမ်းဆီးရမိခဲ့ပေမဲ့ အခုလက်ရှိအချိန်ထိတော့ တရားခံတွေကို ရှာဖွေနေဆဲဘဲ ဖြစ်တယ်လို့မယ်စဲ့မြို့နယ်၊ သစ်တောဦးစီးဌာနမှူး ဦးစိုင်းသန်းညွှန့်က ပြောပါတယ်။

“ တရားခံက သူတို့မနေ့ကလောက်ထိတော့ရှာနေသေးတယ် တပ်က ရှာနေတယ် အဖွဲ့အစည်းနယ်မြေဖြစ်တာကောနော် အဖွဲ့အစည်းနယ်မြေဆိုတော့ ကျတော်တို့ကတပ်က ရှာလို့တွေ့လို့ဘာညာ ဆိုရင်တော့တစ်မျိုးပေါ့နော်။” လို့ပြောပါတယ်။

ဓါတ်ပုံ – Forest Department (Facebook)

ကယားပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်တဲ့ သစ်တောဝန်ထမ်းတွေ၊ ဒကစ(လွိုင်ကော်)မှ တပ်ဖွဲ့ဝင်တွေ၊ ခလရ(၁၃၄၊ ၁၃၅)မှ တပ်ဖွဲ့ဝင်တွေ၊ ခမရ(၄၂၉)မှ တပ်ဖွဲ့ဝင်တွေ၊ ခရိုင်ထွေအုပ်ရုံးမှအဖွဲ့ဝင်တွေ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကနေ ပါဝင်ပူးပေါင်းထားတဲ့အဖွဲ့တွေကနေပြီး ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ Forest Department Facebook စာမျက်နှာအရ သိရပါတယ်။

မယ်စဲမြို့နယ်၊ သံလွင်အရှေ့ဘက်ခြမ်း(၂) ကြိုးဝိုင်းကာကွယ်တော အတွင်းမှာ တရားမဝင် ကျွန်း၊ ပိတောက်သစ်\ ခွဲသား (၁၅၄၈၁) လုံး (၄၃၁.၅၄၈၄) တန် ၊ သစ်ဖြတ်စက်(၃)စုံ နှင့် တစ်ခြား ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ တရားခံတွေကို ရှာဖွေဖော်ထုတ်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမယ်လို့သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ