spot_img
23.9 C
Loikaw
Saturday 6, December 2025
spot_img
Homeသတင်းကယားပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာထားတဲ့ အမိန့်စာအားလုံး (၁၅)ရက်ထပ်တိုး

ကယားပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာထားတဲ့ အမိန့်စာအားလုံး (၁၅)ရက်ထပ်တိုး

-

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဧပြီလ (၃၀)ရက်နေ့အထိ ထုတ်ပြန်ကြေညာထားတဲ့ အမိန့်ကြေညာစာအားလုံးကို မေလ(၁၅)ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကြိုတင်ကာကွယ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန် အမိန့်ကြေညာစာအားလုံးကို တိုးချဲ့လိုက်တာဖြစ်ပြီး ဒီနေ့ရက်စွဲနဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးကနေ တရားဝင်ကြေညာထားပါတယ်။

ပြည်နယ်အတွင်းမှာရှိတဲ့ ဌာနအဖွဲ့အစည်း၊ လုပ်ငန်းရှင်း၊ အများပြည်သူတွေအနေနဲ့ လူစုလူဝေးဖြင့် ပြုလုပ်ရတဲ့ အခမ်းအနားများအားလုံး၊ သင်တန်း အားလုံးကို ဧပြီလ ၃၀ရက်နေ့အထိ မဖွင့်လှစ်ဖို့ မတ်လ ၂၂ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နေ့စဉ်ဖွင့်လှစ်ရောင်းချနေတဲ့ ဈေးအားလုံးကိုလည်း တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေနေ့ စတဲ့ တစ်ပတ်မှာ သုံးရက်သာပြောင်းလဲဖွင်လှစ်ထားပြီးဖြစ်သလို ထပ်မံပြီး နောက်လ (၁၅)ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ထားပါတယ်။

ပြည်တွင်း/ပြည်ပ ခရီးသွားအဝင်အထက်များပြားပြီး လူစုလူဝေးများတဲ့ လွိုင်ကော်မြို့နယ်ထဲက ထီးစဲခါးရေတံခွန်၊ ကြတ်ဂူ၊ ဒီမော့ဆိုမြို့နယ်ထဲက ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ပန်ပက်ကျေးရွာ၊ တနီးလာလဲ၊ ကွိုင်ငံ၊ ဖရူဆိုမြို့နယ်ထဲက ထီးပရူနူဂူ၊ ဆင်ဖြူတောင် စတဲ့နေရာတွေကိုလည်း မေလ (၁၅)ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ