spot_img
21.4 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းဒေါဖုကျေးရွာအုပ်စု၊ ဒေါလော်ခူကျေးရွာအနီးတွင် မော်တော်ယာဉ်တစ်စီးတိမ်းမှောက်၊ သုံးဦးသေဆုံး၊ ၈ဦး ဒဏ်ရာရ

ဒေါဖုကျေးရွာအုပ်စု၊ ဒေါလော်ခူကျေးရွာအနီးတွင် မော်တော်ယာဉ်တစ်စီးတိမ်းမှောက်၊ သုံးဦးသေဆုံး၊ ၈ဦး ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း(မ်)

ဒီမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါလော်ခူကျေးရွာအနီး (၁)မိုင်ခန့်အကွာမှာ ဒီးမောဆို – ဒေါတမကြီး ကားလမ်း တောင်တက်လမ်းမှာ မေလ ၂၀ ရက်နေ့ ည (၆း၃၀)အချိန်မှာ မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး (၃) ဦးသေဆုံးကာ (၉) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် လွိုင်ကော်မြို့ ဒေါပေါ်ကလဲကျေးရွာအုပ်စု၊ ဘုရားနီရွာမှာ နေထိုင်ပြီး လမ်းလုပ်သားတွေဖြစ်တဲ့ အသက်(၃၀)အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၂၃)နှစ်ရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၁၃)နှစ်အရွယ် အမျိုးသားတစ်ဦးတို့မှာ ကားအောက်ပိမိပြီး ဦးခေါင်းဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ကျန်တဲ့ (၉)ဦးကိုတော့ ဒီမော့ဆိုဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဒေါဖုကျေးရွာမှာ ကတ္တရာထပ်ပိုးလွှာခင်း လုပ်ငန်းဆောင်ရွက်နေတဲ့ ဟေမန်လင်းကုမ္ပဏီမှ ယာဉ်မောင်း လှိုင်မင်းသူ မောင်းနှင်တဲ့ YGN 2B/1305 CANTER အပြာရောင်ယာဉ်နဲ့ သောက်သုံးရေသယ်ယူဖို့ လမ်းလုပ်သား (၁၂)ဦးနဲ့အတူ ဒေါကလော်ဒူကျေးရွာအုပ်စု၊ တနီးလာလဲကျေးရွာရှိ ကန်ခုနှစ်ဆင့် ကန်အမှတ်(၇)မှာ ရေချိုးပြီး အပြန် တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာပါ။

ကားထဲတွင် လူ (၁၃) ဦးနှင့် သောက်သုံးရေ ဂါလံ(၈၀၀) သယ်ဆောင်ပြီး အပြန်လမ်း ဒေါလော်ခူကျေးရွာအနီး (၁)မိုင်ခန့် အကွာ တောင်ကုန်းအတက်မှာ နောက်သို့ပြန်လှိမ့်ကျပြီး တိမ်းမှောက်သွားခဲ့တယ်လို့ သိရပါတယ်။

ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ ယာဉ်မောင်းကို ဥပဒေအရအရေးယူဖို့ ရဲအုပ်တင့်လွင်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မမစ (ဒမဆ) ယာဉ်(ပ) ၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင်ပြီး စစ်ဆေးဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ