နော်ဒွေးအယ်ခူ ၂၀၂၀ ရွေးကောက်ပွဲအတွက် လူငယ်များကိုနေရာပေးချင်သော်လည်း ယုံကြည်မှုအားနည်းနေတဲ့အတွက် ရွေးကောက်ပွဲ အတွေ့အကြုံရှိပုဂ္ဂိုလ်များကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးချယ်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကယားပြည်နယ်) မှ ပြည်နယ်ကော်မတီဝင်ဦးတင်ဦးက ပြောပါတယ်။ “လောလောဆယ်မှာ သူတို့ကိုသူတို့ ယုံကြည်မှုလေးတွေ အားနည်းသေးတဲ့အတွက် နောက်နောင်မှ သာအရွေးချယ်ခံမယ်။ လက်ရှိကတော့အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်တွေသာ အရွေးချယ်ခံဖို့ပြော လာတဲ့အတွက် လက်ရှိ အတွေ့အကြုံရှိတဲ့ ၂၀၁၀ အတွေ့အကြုံ ၂၀၁၅ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေကိုသာ ပြန်လည်ပြီးရွေးချယ်တာဖြစ်ပါတယ်” လို့ ဦးတင်ဦးက ပြောပါတယ်။ သို့သော်လည်းပဲ အလားအလာရှိတဲ့ လူငယ်တွေကို ၎င်းတို့တာဝန်ယူနေသည့် မြို့နယ်၊ ခရိုင်များတွင် နေရာများပေးထားကြောင်း ဦးတင်ဥိးကဆက်လက်ပြောပြပါတယ်။ “လူငယ်ကတော့ပြောမယ်ဆိုရင်တော့ နည်းတော့နည်းသေးတာပေါ့။ နည်းသေးတယ်ဆိုတာကလည်း ပြည်နယ်အနေနဲ့ပြန်ကြည့်မယ်ဆို ကျတော်တို့ပါတီမှာဝင်ပြီးတော့ တာဝန်ယူနေတဲ့ မြို့နယ်ရှိတယ်။ ခရိုင်ရှိတယ် […]

စိုးထိုက်အောင် ကယားပြည်နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ် ၃၄ နေရာမှာ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာတော့ ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ကနေ ၇ နေရာဖြင့် ၂၀ ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၄ ဦးစုစုပေါင်း ၇ ဦးဖြစ်ပါတယ်။ ဒီးမော့ဆိုမြို့နယ်အတွင်းမှာတော့ လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ လွှတ်တော်ကိုယ် ၅ နေရာဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ နေရာ ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ နေရာနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ နေရာတို့ကို ဝင်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကယားပြည်နယ်အတွင်းရှိ လက်ရှိအာဏာရပါတီမဟုတ်တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ စည်းရုံးရေးလုပ်ငန်းတွေကို […]