ကန္တရဝတီတိုင်း(မ်) ကယားပြည်နယ် ဘောလခဲမြို့ နယ်တွင် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေကနေပြီး ပြည်သူများနှင့် ထိတွေ့မှုသည် ယနေ့အချိန်ထိ အလွန်အားနည်းနေဆဲ ဖြစ်တယ်လို့ ဘောလခဲမြို့နယ် ဒေသခံအများစုက ပြောဆိုနေကြပါတယ်။ “ ကျတော်တို့ကတော့ ပြည်သူနဲ့ လွှတ်တော်အမတ်နဲ့ ထိတွေ့စေချင်တယ်။ ပြည်သူက ဘာလုပ်ချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ အခုက ဘာမှ မရှိဘူး။ ကျတော်တို့က လွှတ်တော်အမတ်တွေဆိုရင် တွေ့တောင် မတွေ့ဖူးဘူး အဲ့လိုလေ။ အမှန်မှာက ပြည်သူနဲ့ တစ်သားတည်း ဖြစ်နေရမှာလေ။” လို့ ဘောလခဲမြို့ နယ် ရှမ်းပိုင်းကွက်သစ်မှ ဒေသခံတစ်ဦးဖြစ်သူ ဦးနိုင်ဇော်ကပြောပါတယ်။ ဘောလခဲမြို့ နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်တွေ အနိုင်ရရှိထားတဲ့ မြို့နယ်ဖြစ်တဲ့အတွက် ဒေသ၏လိုအပ်ချက်တွေကို အစိုးရထံ တင်ပြဖို့ […]