spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

TAG

တောင်သူ

လွိုင်လင်လေးမြို့ရှိ မြေယာအငြင်းပွားမှု တရားနည်းလမ်းအရ နှစ်ဖက်လုံးတရားစွဲဆိုခံရနိုင်

အန်ထောနီ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ ပိန်းချစ်ကျေးရွာအုပ်စု အိုင်စန့်ကျေးရွာမှာ ပြည်သူချင်းချင်း မြေယာအငြင်းပွားမှုကိစ္စကို တရားဥပဒေနည်းလမ်းကြောင်းအရ ဖြေရှင်းမယ်ဆိုရင် နှစ်ဦးနှစ်ဖက်လုံး တရားစွဲဆိုခြင်းခံရနိုင်ဖွယ်ရှိတယ်လို့ လွိုင်လင်လေး သစ်တောဦးစီးဌာန တာဝန်ခံက ထောက်ပြထားပါတယ်။ “ လောလောဆယ်အကြမ်းဖျင်းကို ကျနော်ပြောမယ်နော သူကကြိုးဝိုင်းထဲကျရောက်နေတာ။ နှစ်ဦးစလုံးကကြိုးဝိုင်းထဲကျရောက်နေတော့ ဟိုး၂၀၁၃ ခုနှစ် မတ်လမှာ စာရင်းကောက်တဲ့အထဲမှာလည်း မပါနေဘူး။ သူတို့သာအဲ့လိုမျိုးပြဿနာဖြစ်နေမယ်ဆိုရင်...

မခိုင်မာလှတော့တဲ့ မျှော်လင့်ချက်

မီမြာ၊ ဦးမြာ ကယားပြည်နယ်၊ ဒီးမောဆိုမြို့မှာရှိတဲ့ နီရဲနေတဲ့ တောင်ယာမြေနီလေးပေါ်မှာ တောင်သူတစ်စု လယ်ထွန်စက်နဲ့ လာရောက်ထွန်ယက်နေကြပါတယ်။ သူတို့ကတော့ ဒေါဆိုရှေ့ရွာသားတွေဖြစ်ပြီး သူတို့ ကသူတို့ဘိုးဘွားမြေယာပေါ်မှာ လာရောက်ထွန်ယက်နေတာဖြစ်ပါတယ်။ မကြာခင်မှာပဲ ရဲတပ်ဖွဲ့တစ်ဖွဲ့က သူတို့ကို ထွန်ယက်နေတဲ့နေရာမှာ လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ တောင်သူစုစုပေါင်း ၁၉ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီးတော့ ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။ ဘာအတွက်ကြောင့်လဲဆိုတော့...

ဘိန်းပန်းတွေရဲ့ နေဝင်လုနီးချိန်

ခွန်းကလိုင်းဖရီး ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဒုတိယ အများဆုံးနေရာကနေ တတိယအများဆုံးအဆင့်သို့ လျော့ကျသွားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဘိန်းထုတ် လုပ်မှု ဒုတိယ အများဆုံး နေရာမှာရှိခဲ့ပေမယ့် တတိအများဆုံးနေရာမှာ ရှိခဲ့တဲ့ မက္ကဆီကိုနိုင်ငံက နောက်ပိုင်းမှာ ဓာတုဗေဒသုံးပြီး မူးယစ်ဆေးဝါးတွေ အမြောက်အများထုတ်လုပ်တာကြောင့် ကမ္ဘာ့ဒုတိယ...

ရွေးကောက်ပွဲမှာ တောင်သူတွေကို ဘယ်လို အကျိုးပြုတဲ့ အစိုးရမျိုး ကိုလိုချင်တာလဲ။

ဒီးမော့ဆိုမြို့နယ်က စပါးစိုက်တောင်သူတွေက ၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ တောင်သူတွေအတွက် ဘာလုပ်ပေးနိုင်မယ့်အစိုးရကို မျှော်လင့်နေကြသလဲ။ ရွေးကောက်ပွဲမှာ တောင်သူတွေကို ဘယ်လို အကျိုးပြုတဲ့ အစိုးရမျိုး ကိုလိုချင်တာလဲ။ ကိုဒီဝင်း (ဘုရားကုန်းကျေးရွာ)“ စပါးအသစ်ပေါ်တဲ့အချိန်ကြတော့ ဈေးမကိုက်ဘူး။ ဘာရာသီပဲထွက်ထွက် ပဲထွက်ခါစဆိုလည်းပဲဈေးမကောင်းဘူး၊ စပါးထွက်ခါစဆို စပါးဈေးမကောင်းဘူး။ တို့လယ်သမားတွေကတော့ အောက်ဈေးနဲ့ရောင်းပြီးတော့ အကြွေးဆပ်နေရတယ်လေ။… တောင်သူကိုအကျိုးပြုတဲ့အစိုးရပေါ့...

ပြစ်ဒဏ်ကျခံပြီးသွားတဲ့ တောင်သူတွေကို တပ်မတော်က ထပ်မံ ပြင်ဆင်ချက်တက်တဲ့ အမှု ပလပ်ခံရ

နော်ဒွေးအယ်ခူ တပ်ပိုင်မြေကျူးကျော်မှု တွေနဲ့ တရားရုံးက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေကိုကျခံပြီးသွားတဲ့ လွိုင်ကော်မြို့နယ်ထဲက တောင်သူကို ပြစ်ဒဏ်နည်းတယ်ဆိုပြီး အမြောက်တပ် ၃၅၆ နဲ့ ခြေမြန်တပ်ရင်း ၂၅၀ က ထပ်မံပြီး ပြည်နယ်တရားလွှတ်တော်မှာ ပြင်ဆင်ချက်တက်ထားတဲ့ အမှုကို ပြည်နယ် တရားလွှတ်တော်က ဒီနေ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ...

ပြည်သူတွေ ရသင့်တဲ့ မြေတွေကို တပ်မြေသိမ်းဆည်းခြင်းဆိုင်ရာ မူဝါဒနဲ့အညီ ဆောင်ရွက်ပေးနေ

နော်ဒွေးအယ်ခူ တပ်သိမ်းတောင်ယာမြေပြဿနာနဲ့ပတ်သက်ပြီး ပြည်သူတွေ ရသင့်ရထိုက်တဲ့ တောင်ယာမြေတွေကို ပြည်ထောင်စုအစိုးရထံတင်ပြထားပြီး တပ်မြေသိမ်းဆည်းခြင်းဆိုင်ရာမူဝဒါနဲ့အညီ ဆောင်ရွက်ပေးနေတယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောပါတယ်။ “ပြည်သူတွေ ရသင့်ရထိုက်တဲ့ ပြန်လည်တောင်းဆိုတဲ့ ပိုင်ဆိုင်သင့်ပိုင်ဆိုင်ထိုက် ပြန်လည်တောင်းဆိုတဲ့မြေတွေကိုတော့ ကျတော်တို့ပြန်လည်စွန့်လွှတ်ပေးနိုင်ဖို့အတွက် တင်ပြပါတယ်။ဒီလိုစွန့်လွှတ်ဖို့တင်ပြတဲ့နေရာမှာလည်းပဲ မူနဲ့အညီစီစစ်ပြီး ခရိုင် မြို့နယ် ပြည်နယ်အဆင့်ဆင့်စီစစ်ပြီး ပေးသင့်ပေးထိုက်တဲ့မူဝါဒတွေနဲ့အညီ ပြည်ထောင်စုအစိုးရ သိမ်းဆည်းလယ်ယာမြေဗဟိုကော်မတီ တင်ပြပြီး...

တောင်သူတွေကို တရားစွဲဆိုမှု ပြင်ဆင်ချက်တက်တဲ့အမှုတွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တစ်ဆို့မှုဖြစ်စေနိုင်

ကန္တာရဝတီတိုင်း(မ်) လက်ရှိ ကယား(ကရင်နီ)ပြည်နယ်အတွင်းက တောင်သူအချို့ကို မြန်မာတပ်မတော်က ပြင်ဆင်ချက်တက်တဲ့အမှုတွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တစ်စုံတစ်ရာဆုံးဖြတ်ချက်ချတဲ့ကိစ္စတွေမှာ တစ်ဆို့မှုဖြစ်စေနိုင်တယ်လို့ ကယားပြည်နယ်ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်သူတွေက ထောက်ပြပြောဆိုပါတယ်။ “ဒီကိစ္စရပ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ လာပြီးသက်ရောက်တာပေါ့နော်။ အဲ့လိုရောက်လာတဲ့အခါမှာ အပြန်အလှန်ဆွေးနွေးမှုရဲ့ အားကောင်းဖို့အတွက် ပိုပြီးတော့မှအခက်အခဲဖြစ်စေတယ်။ အထူးသဖြင့်က ဆွေးနွေးညိုနိုင်းတဲ့အခါမှာ တစ်စုံတစ်ရာတော့ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် ပိုပြီးတော့မှ အခက်အခဲဖြစ်စေတယ်ပေါ့နော်။ ဘာလို့လဲဆိုရင် တာကရေရည်ဖြေရှင်းရမယ့်ကိစ္စဖြစ်သော်လည်းပဲ နှစ်နာတဲ့ပြည်သူလူထုအတွက်က...

တောင်သူတွေနဲ့ တပ်မတော်ဖြစ်ပွားနေတဲ့ ပြဿနာကို အစိုးရက ဖြေရှင်းပေးဖို့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေတောင်းဆို

အန်ထောနီ တောင်သူတွေနဲ့ မြန်မာ့တပ်မတော်တို့ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ပြည်ထောင်စု အစိုးရသော်လည်းကောင်း ပြည်နယ်အစိုးရသော်လည်းကောင်း တစ်စုံတစ်ရာ ဖြေရှင်းပေးတာတို့ ညွန်ကြားချက်တွေထုတ်ပေးတာတို့ ဆောင်ရွက်သင့်တယ်လို့ ကယား(ကရင်နီ)ပြည်နယ် အခြေစိုက် တိုင်းရင်းသားပါတီတွေက တောင်းဆိုလိုက်ပါတယ်။ “အစိုးရတွေက ဒါချက်ချင်းလုပ်ဆောင်ပေးသင့်တဲ့အရာဖြစ်တယ်။ နောက်ထပ်အမှုမျိုးတွေမတက်လာအောင်လည်း ပြင်ဆင်တဲ့အနေနဲ့ ပြင်ဆင်တဲ့ အနေအထားဖြစ်အောင် ညွန်ကြားချက်တွေ ဥပဒေတွေပြင်တာတွေ တစ်စုံတစ်ရာ လုပ်ဖို့လိုအပ်တယ်။...

ဒေါဆိုရှေ့တောင်သူတွေကို စစ်တပ်က ပြည်နယ်တရားလွှတ်တော်ရုံးမှာ ပြင်ဆင်ချက်တက်

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ် တရားလွှတ်တော်ရုံးက ဒေါဆိုရှေးတောင်သူ တွေဖြစ်တဲ့ ဦးသောမတ်စ်၊ ဦးပါစကွားလယ်၊ ဦးကျော်ကျော်၊ ဦးမာတီးယာ၊ ဦးအိုင်ဗင်၊ ဦးငါးရယ် တို့ကို ဇူလိုင်လ ၇ ရက်နေ့က ပြန်လည်ဆင့်ခေါ် တာဖြစ်ပြီး လာမယ့် ဇူလိုင်လ ၁၀ ရက်နေ့မှာ ပြည်နယ် တရားရုံးမှာ အမှုကို ကြားနာရမှာ...

မြေယာဆုံးရှုံး နစ်နာသူတွေကို လျော်ကြေး (သို့) မြေယာပြန်ပေးသင့်ဟု တိုင်စာပစ်စာအဖွဲ့ဥက္ကဌပြော

စိုးထိုက်အောင် သိမ်းဆည်းထားတဲ့ ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေတွေကို အမှန်တကယ် အသုံးမပြုဘူးဆိုရင် နစ်နာဆုံးရှုံးသွားတဲ့ သူတွေကို မြေယာ သို့မဟုတ် လျော်ကြေးငွေပြန်ပေးသင့်တယ်လို့ ကယားပြည်နယ် လွှတ်တော် တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်နိုင်ဦးက ပြောပါတယ်။ “တကယ် မသုံးတဲ့မြေတွေကို တောင်သူတွေကို ပြန်ပေးသင့်တယ်ပေါ့။ နစ်နာဆုံးရှုံးမှုတွေ တအားများတယ်ပေါ့။ တကယ်သုံးလို့ရှိရင်တော့ ပြန်မပေးမဲ့ လျော်ကြေးငွေပေါ့။...

Latest news

- Advertisement -spot_img