spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

TAG

ပြည်နယ်အစိုးရ

ဦးအယ်လ်ဖောင်းရှိုစွပ်စွဲပြစ်တင်ခံရတဲ့ကိစ္စ ခုံရုံးက မှားတယ်၊မှန်တယ် မဆုံးဖြတ်နိုင်ခဲ့

ကန္တာရဝတီတိုင်း(မ်) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကနေ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း စွပ်စွဲပြစ်တင်ဖြုတ်ချခံရတဲ့ကိစ္စ ပြည်နယ်လွှတ်တော်ဥက္ကဌကို မှားတယ်၊ မှန်တယ် မဆုံးဖြတ်နိုင်ခဲ့ပါဘူး။ ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကနေ သူ့ကို ပြည်နယ်လွှတ်တော်ကနေ စွပ်စွဲပြစ်တင်သူ လေးပုံတစ်ပုံမပြည်ပဲ ဆက်လက်စုံစမ်းပြီး အဆိုတင်သွင်းကြကာ ဖြုတ်ချလိုက်တဲ့အပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီဆိုတာတွေကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တိုင်ကြားထားရာမှာ ခုံရုံးက အောက်တိုဘာလ ၂၇ ရက်နေ့မှာပဲ...

ဝန်ကြီးချုပ်ဟောင်းကို စွပ်စွဲပြစ်တင်ပြီးပြန်လည်နုတ်ထွက်သူကို ပြည်နယ် လွှတ်တော်ဥက္ကဌက တရားစွဲမည်

ဦးမြာ ၊ မီမြာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်ဖို့ လက်မှတ်ထိုးပြီး ပြန်နှုတ်ထွက်ချင်တယ်လို့ စာထုတ်ပြန်ခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင် (ခ) စဲရယ်ကို ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုသွားမယ်လို့ ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးက အောက်တိုဘာလ ၆ ရက်နေ့ မှာပြောခဲ့ပါတယ်။ ဦးသိန်းအောင်က ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်...

ဘတ်ဂျက်နှစ်ကုန်ခါနီးအထိ တိုင်းရင်းသားစာပေအဖွဲ့တွေ ဘတ်ဂျက်မချပေးနိုင်သေးလို့ အခက်တွေ့

စိုးထိုက်အောင် တိုင်းရင်းသားစာပေအဖွဲ့တွေကို ဘတ်ဂျက်နှစ်ကုန်တော့မယ် ပြည်နယ်အစိုးရကနေ ငွေမချပေးသေးတဲ့အတွက် အခက်အခဲတွေ့နေကြရတယ်လို့ စာပေနှင့်ယာဉ်ကျေးမှုအဖွဲ့တွေဆီကနေကြားသိရပါတယ်။ ကိုရိုနာဗိုင်းရပ်(စ်)ကြောင့် လူစုလူဝေးတွေဖြစ်စေတဲ့လုပ်ငန်းတွေဖြစ်တဲ့ တိုင်းရင်းသားရိုးရာပွဲတော်တွေ၊ အမျိုးသားနေ့တွေ၊ စာပေမွမ်းမံသင်တန်းတွေ စတဲ့လုပ်ငန်းတွေကိုတော့ လုပ်ခွင့်မရတော့တဲ့အတွက်အသုံးပြုဖို့ လျာထားတဲ့ ဘတ်ဂျက်ကိုတော့ မချပေးနိုင်တော့တာဖြစ်ပါတယ်။ တခြားလူစုလူဝေးမဟုတ်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ လုပ်ငန်းတွေကိုတော့ အသုံးပြုဖို့ ခွင့်ပြုထားတယ်လို့သိရပါတယ်။ သို့ပေမယ့်လည်း ဘတ်ဂျက်ကို အခုချိန်ထိ မချပေးသေးတဲ့အတွက် အသုံးပြုလုပ်ရတဲ့...

ဝန်ကြီးချုပ်ကို အဂတိကော်မရှင်ဆီ တိုင်ကြားသူမရှိသေး

စိုးထိုက်အောင် စက်ယန္တရား ငှားရန်းခကို ပြည်သူ့ဘဏ္ဍာငွေ မသွင်းပဲ ကျပ်သိန်းပေါင်း ၄၄၀၀ ကျော်ကိုအလွှဲသုံးစားပြုလုပ်ခဲ့တဲ့ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း အယ်လ်ဖောင်းရှိုကို အဂတိလိုက်စားမှုနဲ့ တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်းကြားသူမရှိသေးဘူးလို့သိရပါတယ်။ ၂၀၁၈ ခုနှစ်ကတည်းက ပြည်ထောင်စုအဂတိတိုက်ဖျက်ရေးကော်မရှင်ထံမှာ(၂)ကြိမ် တိုင်တိုင် လွှတ်တော်ကိုယ်စားလှယ်အချို့ကတိုင်ကြားခဲ့ပေမယ့်လည်း အဂတိတိုက်ဖျက်ရေးကော်မရှင်ကလက်မခံခဲ့တဲ့အတွက် ယခုကိစ္စမှာလည်း ယခုလို တိုင်ကြားဖို့ မတိုင်ကြားဖို့ မဆုံးဖြတ်ရသေးတာလို့ ဝန်ကြီးချုပ်ကို...

ပြည်နယ်ဖွံ့ဖြိုးရေး ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ မူဝါဒနဲ့အညီ KNPPနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်

နော်ဒွေးအယ်ခူ ပြည်နယ်အစိုးရအနေနဲ့ ဒေသဖွံ့ဖြိုးရေး ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်ရေးအတွက် မူဝါဒနဲ့အညီ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အဖွဲ့နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်မယ်လို့ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးအံ့မော်က ဇူလိုင်လ ၂၄ရက်နေ့က ပြည်နယ်ခန်းမမှာကျင်းပပြုလုပ်သွားတဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ စတုတ္တ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ “ဆွေးနွေးတဲ့ဟာကတော့ ဖွံ့ဖြိုးရေးလုပ်ဆောင်တဲ့ကဏ္ဍတွေမှာ ဆောင်ရွက်နိုင်တဲ့ကဏ္ဍတွေကို မူဝါဒတွေနဲ့အညီဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားလိုပါတယ်။ ငြိမ်းချမ်းရေး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်...

ပြည်နယ်အစိုးရသည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အရေးတယူမရှိကြောင်း အရပ်ဖက်အဖွဲ့ပြော

စိုးထိုက်အောင် ကယားပြည်နယ်အစိုးရ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အရေးတယူ မထားရှိတဲ့အပြင် ပြည်သူများ သိရှိအောင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ချပြထားခြင်း မရှိဘူးလို့ ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ အဖွဲ့ဝင် ကိုစစ်မုန်းက ကန္တာရဝတီတိုင်းကို ပြောပါတယ်။ “ နံပတ် ၁ကတော့ ပြည်သူတွေ ငြိမ်းချမ်းရေးအခြေအနေတွေ ဘယ်လိုရှိလဲဆိုတာ သိခွင့်မရဘူးပေါ့နော်။ နောက်တစ်ခုနံပတ် ၂ကတော့...

ထိုင်းနှင့်ကယားနယ်စပ်ဂိတ်တွေမှာ နေရပ်ပြန်လာသူတွေကို အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီးကြပ်မတ်လျက်ရှိ

စိုးထိုက်အောင် ကယား(ကရင်နီ)ပြည်နယ်မှာ ရှိနေတဲ့ နယ်စပ်ဂိတ်တွေမှ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ နယ်စပ်ကနေ နေရပ်ပြန်လာသူတွေကို သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကနေပြီး ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ ရှားတောမြို့နယ် ဆက်ဆံရေးရုံး တာဝန်ခံ ဦးဘိုးရယ်က ပြောပါတယ်။ “ ဒီ Covid နဲ့ပတ်သတ်လို့ကျတော်ကို နယ်စပ်က ပြန်ဝင်လာတဲ့ လူပုဂ္ဂိုလ်ကို...

ပြည်နယ်အစိုးရ စက်ယန္တရားငှားရန်းခ ပြည်သူ့ဘဏ္ဍာငွေထဲမရောက်ဟုဆို

စိုးထိုက်အောင် ပြည်နယ်အစိုးရကနေရဲ့ စက်ယန္တရား ပြင်ဆင်ခတွေကို ပြည်သူ့ဘဏ္ဍာငွေကနေယူပြီး ငှားရန်းရရှိလို့ ရတဲ့ငွေတွေကိုတော့ ပြည်သူ့ဘဏ္ဍာငွေထဲမရောက်ဘူးလို့ မယ်စဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောပါတယ်။ “ကျတော်ပြောတယ် သူတို့ဒီပြင်တဲ့ငွေဘယ်လောက်ရတယ်၊ ရတဲ့ငွေကဘယ်လောက်လဲဆိုတာ ဒါကိုရှင်းတမ်းရှိနေရမယ်။ ဘယ်လက်ထက်ဖြစ်ဖြစ်ရှင်းတမ်းရှိတယ်။ နောက်တွေ့ရှိချက်ခါကျတော့ဘာမှမစေ့စပ်ဘူး။ ဘာမှမရှိဘူး ဒါပေမဲ့လို့သူတို့အလွဲသုံးစားလုပ်ထားတဲ့ငွေကို ကျတော်တို့အခုတင်ထားတယ်။” စက်ယန္တယားတွေကို ဌားရမ်းအသုံးပြုပြီး ပျက်စီးသွားပါက အသေးစားပြင်ဆင်စရိတ်ကို ငှားရန်းတဲ့...

အကြီးစားစီမံကိန်းတွေ မလုပ်သေးဖို့ အပစ်အရပ်မှာ သဘောတူခဲ့ကြပေမယ့် ကိုဗစ်ကာလမှာ ဆောင်ရွက်လျက်ရှိ

အန်ထောနီ ကရင်နီပြည်အမျိုးသားတိုးတက်ရေးပါတီ(KNPP) နှင့် အစိုးရတို့ ၂၀၁၂ခုနှစ်က ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေမှာ အကြီးစားစီမံကိန်းတွေ မလုပ်သေးဖို့တွေပါရှိပေမယ့်လည်း လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်ကာလမှာ ကရင်နီပြည်နယ်အတွင်း အကြီးစားစီမံကိန်းတွေ တည်ဆောက်နေတယ်လို့ ကရင်နီပြည်အရပ်ဖက်အဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြကြပါတယ်။ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့(MATA)မှ ကယား(ကရင်နီ) ပြည်နယ်၏တာဝန်ခံ ခွန်းအန်းဂျေလို က “လက်ရှိအနေအထားကတော့...

ပြည်နယ် အစိုးရအနေနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်ပါ အချက်တွေကို လေးစားအကောင်ထည်ဖော်ဖို့လိုကြောင်း KNPP တိုက်တွန်း

မော်ဦးမြာ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးစဉ် နှစ်ဖက် သဘောတူညီထားတဲ့ အချက်တွေကို လေးစားလိုက်နာပြီး အကောင်အထည်ဖော်သွားဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က မတ္လ ၃ ရက်နေ့ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံမှု အပြီးမှာ ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ ကျတော်တို့ တင်ပြဆွေးနွေးတာကတော့ သဘောတူညီထားတဲ့…...

Latest news

- Advertisement -spot_img