TAG
China
တရုတ်နိုင်ငံသားနှစ်ဦးကို ကိုရိုနာဗိုင်းရပ်စ်ပိုး လက္ခာဏာရှိမရှိ ၁၄ရက်ကြာ စောင့်ကြည့်နေ
နော်ဒွေးအယ်ခူ
ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံကနေ ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို Business Visa (လုပ်ငန်းဗီဇာ) နဲ့ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသားနှစ်ဦးကို ဝူဟန်ကိုရိုနာဗိုင်းရပ်စ်လက္ခာဏာရှိမရှိ ၁၄ရက်ကြာ စောင့်ကြည့်သွားမယ်လို့ လွိုင်ကော်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းနေဝင်းကပြောပါတယ်။
“မနေ့က(ဖေဖော်ဝါရီ ၁၀ရက်နေ့) သံသယလက္ခာဏာရှိ မရှိ သွားစစ်ဆေးတယ် ဒီနေ့လည်း သက်ဆိုင်ရာကျန်းမာရေးဌာနကထပ်သွားမယ်။ ပြန်ရောက်တဲ့ရက်ကစ ၁၄ရက်လောက် ကျတော်တို့ စောင့်ကြည့်ရမယ်”...