ကယားအမျိုးသား စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ အသစ် ပြန်လည်ရေးဆွဲသည့် ကြယ်ဖိုးကြီး အက္ခရာသုံး ကယားစာပေ သင်ရိုးညွှန်းတမ်းသစ်အား အသုံးပြု သင်ကြားရန် သဘောတူကြောင်း ကယားပြည်နယ်လွှတ်တော်က ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ ကယားပြည်နယ် ပညာရေးမှူးမှ လက်ရှိ အစိုးရ စာသင်ကျောင်းများတွင် သင်ကြားနေသော သင်ရိုးညွှန်းတမ်းအား ကယားဘာသာသို့ပြန်ဆိုထားသည့်အတိုင်း မဟုတ်သည့်အတွက် ၎င်းအနေဖြင့် ခွင့်မပြုနိုင်ဟု တရားဝင်ပြောဆိုနေသည့်ကြားမှ ယင်းသင်ရိုးညွှန်းတမ်းအား စက်တင်ဘာလ ရ ရက်နေ့တွင် ပြည်နယ်လွှတ်တော်၌ အတည်ပြုလိုက်ခြင်း ဖြစ်သည်။ “လက်ရှိသင်ရိုးညွှန်းတမ်းမှာပါတဲ့ သင်ခန်းစာအချို့က ကျနော်တို့ ဒေသလူတွေမသိနိုင်ဘူးလေ။ ဥပမာ ဓ ဓနိတန်း ပင်လယ်ကမ်း အဲ့လိုမျိုးတွေက ဒီကလူတွေအတွက် မသိနိုင်ဘူလေ။ ဒေသနဲ့ ကိုက်ညီတဲ့ ပုံစံမျိုးပြန်ဆွဲလိုက်တာ။”ဟု ကယားအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး […]