စိုင်းလင်းလင်းဦး ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်စက်မှုဇုန်လုပ်ငန်းကို ဆယ်စုနှစ်နီးပါးတည်ဆောက်ထားပြီးဖြစ်သော်လည်း လုပ်ငန်း ဖွံ့    ဖြိုး တိုးတက်မှု မရှိသေးကြောင်း စက်မှုစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးခင်မောင်မြင့်က ကန္တာရဝတီတိုင်းသို့ ပြောသည်။ အသေးစားအလတ်စား စက်မှုလက်မှုလုပ်ငန်းအများစုမှာ ဆက်သွယ်ရေးကောင်းမွန်သော လွိုင်ကော်မြို့အတွင်း၌သာ ပိုမို လုပ်  ကိုင်     ကြသောကြောင့် စက်မှုရပ်ကွက်ရှိ မြေနေရာအများစုတွင် ဂိုဒေါင်များနှင့် အလုပ်ရုံအချို့ကို တည်ဆောက်ထားသော်လည်း အများစုမှာ အသုံးပြုခြင်းမရှိဘဲ လည်ပတ်မှုရပ်ဆိုင်းထားရခြင်းဖြစ်သည်။ “လွိုင်ကော်သူ/သားတွေ အများဆုံးဝယ်ထားတဲ့နေရာ ဖြစ်တယ်။ သူတို့တွေက ဒီလုပ်ငန်းက မဖြစ်တော့ မြို့ထဲမှာပြောင်းရွေ့ပြီးလုပ်ကြတယ်။ ဒါကြီးတစ်ကယ် အောင်မြင်ချင်လို့ရှိရင်တော့ ဒီလုပ်ငန်းရှင်တွေဟာ ဒီနေရာမှာ ပြန်လာလုပ်မှဖြစ်မှာလေ။ သူတို့က အကွက်တွေဝယ်ထားပြီးတော့မှ တစ်ခြားဘယ်သူတွေ လာရင်းနှီးမြှပ်နှံတော့မှာလဲ” ဟု ဦးခင်မောင်မြင့်က […]