spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

TAG

IDP

လွိုင်ကော်မြို့ပေါ်မှာ နေရပ်ပြန်သူ တစ်ချို့ရှိနေပေမယ့် စိုးရိမ်မှုရှိနေကြဆဲ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ် လွိုင်ကော်မြို့ပေါ်မှာ နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် တစ်ချို့မြို့ပေါ်ရပ်ကွက်တွေမှာ နေရပ်ပြန်လည် နေထိုင်သူ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်မှာ ပြန်လာနေတဲ့ ဒေသခံတစ်ဦးကတော့ သေနတ်သံတွေ ကြားပေမယ့် ပြန်လာနေနေတယ်လို့ ဆိုပါတယ်။ "၃ ရက်နေ့ကပြန်လာနေတာပါ။ အိမ်ဘေးပတ်ဝန်းကျင်မှာတော့ ပြန်လာနေကြတယ်။တခါတလေ သေနတ်ပစ်သံတွေတော့ ကြားရတယ်။ တခါတလေ ထုသံတွေကြားရတယ်...

ရှမ်းပြည်နယ်ရောက် ကရင်နီစစ်ရှောင်တွေကိုကူညီပေးဖို့ တောင်းဆို

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ရှမ်းပြည်နယ်ရောက် ကရင်နီစစ်ရှောင်တွေကို ကူညီပေးဖို့ စစ်ရှောင်ကူညီသူတွေက တောင်းဆိုနေကြပါတယ်။ ဆီဆိုင်စစ်ဘေးရှောင်နေရာချထားရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ခွန်ကျော်ဆွေက “ကျနော်တို့လည်းအခက်အခဲအများကြီးရှိတယ်ဆိုတော့ လောလောဆယ် တစ်နိုင်တစ်ပိုင်ပဲလုပ်နိုင်တဲ့အနေအထားတစ်ခုရယ် ရေရှည်ကျမလုပ်နိုင်တဲ့အတွက်ကြောင့် နိုင်ငံတကာအဖွဲ့အစည်းဖြစ်စေ INGO ပဲဖြစ်စေ NGO ပဲဖြစ်စေ CSO ပဲဖြစ်စေ နောက်ပြီးတော့ တစ်ဦးချင်းပဲဖြစ်စေ လာရောက်ပြီးတော့ ပူးပေါင်းကူညီဆောင်ရွက်ပေးဖို့...

ကရင်နီပြည်နယ်တွင် ဒီးမော့ဆိုလူဦး‌ရေ အများဆုံးတိမ်းရှောင်နေရ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်မှာ တိုက်ပွဲကြောင့် စစ်ဘေးရှောင်တဲ့ မြို့နယ်ထဲမှာ ဒီးမော့ဆိုမြို့က စစ်ဘေးရှောင် လူဦးရေအများဆုံးဖြစ်တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်(KCSN) ရဲ့ ဩဂုတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KCSN ရဲ့ ကောက်ယူထားတဲ့စာရင်းအရ ဒီးမော့ဆိုမြို့နယ်မှာ စစ်ဘေးရှောင်သူ ၅သောင်းကျော် (၅၅၂၆၅) ရှိပါတယ်။ ဩဂုတ် ၁၅ရက်နေ့အထိ ကယားတစ်ပြည်နယ်လုံးက...

နို့မုန့်လိုအပ်နေတဲ့ စစ်ရှောင်ကလေး

ကန္တာရဝတီတိုင်း(မ်) ဝါးကပ်နဲ့ ကာရံထားပြီး မိုးကာအမိုး မိုးထားတဲ့ တဲအိမ်ကလေး တစ်လုံး အောက်တဲပြား ပေါ်မှာ တစ်နှစ်ခွဲအရွယ် သားငယ်လေးက ‌ပြေးလွှားဆော့ကစားနေပါတယ်။ မိခင်ဖြစ်သူက‌ေတာ့ နေ့ရက်တိုင်း အချိန်တိုင်းသားသမီးတွေနဲ့ပဲ အချိန်ကုန်ဆုံးနေရပါတယ်။ မိခင်​ဖြစ်သူက အသက် ၄၁နှစ်ရှိပြီဖြစ်တဲ့ ကျောင်းဆရာမ ဒေါ်ကေးမိုးပဲဖြစ်ပါတယ်။ သူမမှာ သားလေးယောက်ရှိပြီး ကလေးတွေရဲ့အသက်က သိပ်မကွာကြပါဘူး။ အငယ်ဆုံးသား ၆...

ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင်စာသင်ကြားမှု ကိုဗစ်ကြောင့် ရပ်တန့်ရ

ကရင်နီပြည်နယ်မှာ ဖြစ်ပွားလျက်ရှိတဲ့ တိုက်ပွဲများကြောင့် ပြည်သူအများအပြား ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ကြရပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေထဲမှာ ပညာသင်ကြားရမယ့် ကလေးသူငယ်အရွယ်များလည်း ပါဝင်နေတာဖြစ်ပြီး ၄င်းတို့ရဲ့ ပညာရေးနှောက်နှေးမသွားစေဖို့ ကြိုးစားပေမယ့်လည်း တစ်ချို့ကျေးရွာတွေမှာတော့ လက်ရှိ ဖြစ်ပွားနေတဲ့ covid ကပ်ရောဂါကြောင့် ရပ်တန့်လိုက်ရတယ်လို့ သိရပါတယ်။ " ဒီအခြေအနေကြောင့် ကျမတို့ကလေးတွေကို စာသင်ပေးမယ့် အစီအစဥ်ပျက်သွားတယ်ဆိုတာ ဟုတ်ပါတယ်။...

အရေးတော်ပုံအောင်မှ အိမ်ပြန်မယ်ဆိုတဲ့ CDM ကျောင်းဆရာမ

ကန္တာရဝတီတိုင်း(မ်) အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးက အာဏာသိမ်းမှုကို လက်မခံတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ CDM (Civil Disobdience Movement အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု) လှုပ်ရှားမှုပြုလုပ်ပြီး ပြည်သူနဲ့အတူ ကန့်ကွက်ဆန္ဒပြ ခဲ့ကြပါတယ်။ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး ဇာတိမြေရဲ့ အဝေးကို တိမ်းရှောင်နေရတဲ့ CDM ဝန်ထမ်းတချို့ဆိုရင်လည်း နယ်စပ်မှာရှိတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP...

လွိုင်ကော်မြို့နယ်အတွင်းက စစ်ရှောင်စခန်းတနေရာမှာ ကိုဗစ်လူနာ ၂၂ ဦးထိရှိလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ် လွိုင်ကော်အရှေ့မြောက်ဘက် စစ်ရှောင်စခန်းမှာ ကိုဗစ်ပိုးတွေ့ရှိသူ ၂၂ ဦးထိရှိပြီလို စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ စစ်ရှောင်စခန်းက ကိုဗစ်လူနာတွေအတွက် ဆေးဝါးနဲ့ အောက်ဆီဂျင်လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။ ''လောလောဆယ်က အောက်ဆီဂျင်တော့ မလုံလောက်သေးဘူးပေါ့နော။ သူတို့အတွက်က အောက်ဆီဂျင်က တစ်ခုနှစ်ခုပဲရှိသေးတယ်။ ပြင်းထန်လူနာတစ်ယောက်အတွက်ပဲ ရှိနေသေးတယ်ပေါ့နော။ ကျမတို့က အောက်ဆီဂျင်ကိုတော့ ကြိုးစားပြီးရှာနေသေးတယ်ပေါ့နော။...

လွိုင်ကော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်နေရာတွင် ကိုဗစ်ပိုးတွေ့ရှိ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ် လွိုင်ကော်မြို့အရှေ့ဖက် စစ်ဘေးရှောင်စခန်းတစ်နေရာမှာ ဝမ်းလျှော၊ အနံ့ပျောက်တာကြောင့် ဩဂုတ်လ၄ရက်နေ့မှာ ဆေးခန်းပြရာမှ RDT Test Kit ဖြင့်စစ်ဆေးကြည့်တဲ့အခါ ကိုဗစ် Positive တွေ့ရှိခဲ့တယ်လို့ စစ်ရှောင်စခန်းရှိ ဆေးခန်းမှ ဆရာဝန်တစ်ဦးက အတည်ပြု ပြောကြားပါတယ်။ “ကျောင်းတစ်ခုက ကလေးက ဆေးခန်းလာပြရင်းတွေ့တာ။ ပထမဆုံးလာပြတဲ့တစ်ယောက်က ဝမ်းလျှောတယ် အနံ့ပျောက်တယ်ပေါ့နော။...

KNPP ထိန်းချုပ်နယ်မြေထဲက စစ်ရှောင်စခန်းမှာ ဆေးဝါးလိုအပ်နေ

ကန္တာရဝတီတိုင်း(မ်) ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ရှောင်စခန်းတစ်ခုမှာ ကျန်းမာရေးအတွက်ဆေးဝါးလိုအပ်​နေတယ်လို့ ကရင်နီကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန မှတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ ၎င်းက " အားနည်းချက်တော့ ရှိတယ် ဆေးဝါးတွေပေါ့နော်။ သားဖွားတို့ မိခင်တို့ လိုမျိုး နာတာရှည် ရောဂါသည်လိုမျိုး ပန်းနာရင်ကျပ်တို့ တီဘီတို့ ကင် ဆာတို့ အရမ်းအခက်အခဲဖြစ်တယ်။ ရေရှည်...

လူသားချင်းဆိုင်ရာအထောက်အပံ့များ ဆက်လက်ကူညီပံ့ပိုးပေးရန် KSCC တောင်းဆို

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်အတွင်း ကိုဗစ်ရောဂါအခြေအနေနဲ့ စစ်ရေးတင်းမာမှုကြောင့် စစ်ဘေးရှောင်ပြည်သူအနေနဲ့ မိမိနေရပ်ကို အလုံးစုံပြန်လည်နေထိုင်ခြင်းမရှိသေးတာကြောင့် လူသားချင်းဆိုင်ရာအထောက်အပံ့များ ဆက်လက်ပံ့ပိုးကူညီပေးရန် ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC) တောင်းဆိုလိုက်ပါတယ်။ “လူထုတွေနဲ့သွားပြီး စကားပြောတဲ့အချိန်မှာ သူတို့တွေရဲ့တောင်းဆိုချက်က စစ်ဘေးရှောင်မှာမှမဟုတ်ဘူး ကျေးရွာမှာရှိတဲ့ ပြည်သူလူထုကိုယ်၌ကိုယ်က စားဖို့သောက်ဖို့အခက်အခဲတွေပိုပြီး ကြပ်တည်းလာတယ်။ ဆေးဝါးတွေကြပ်တည်းတယ် ငွေကြေးကလည်း စောနကပြောသလို ရှာဖွေလို့မရတဲ့အပေါ်မှာ နောက်ထပ် ၂လ...

Latest news

- Advertisement -spot_img