“COVID ကြောင့် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မြေပြင် လုပ်ဆောင်မှု အားနည်းနေတယ်” လို့ ပြောဆိုလိုက်တဲ့ LAIN နည်းပညာအထောက်အကူပြုအဖွဲ့ ဘုတ်ဥက္ကဌ ဆရာကျော်ထင်အောင် နဲ့ တွေ့ဆုံမေးမြန်းခြင်း။ စိုးထိုက်အောင် မေး။ ။ အခုလက်ရှိမှာ ရွေးကောက်ပွဲကော်မရှင်တွေက ဘာတွေလုပ်ဆောင်နေတာကို ဆရာတို့အနေနဲ့တွေ့ရလဲ။ ဘာတွေလုပ်ဆောင်သင့်နေပြီလဲ။ ဖြေ။ ။ ဟုတ်ကဲ့ကျတော်တို့လက်ရှိ Covid ကာလက ဒီသူတို့တွေရဲ့ ဟို လုပ်ကိုင်ဆောင်ရွက်မှု အချိန်မြင့်ရမဲ့ ကာလမှာကို ဒါ လာကျသွားတယ်ပေါ့ အဲ့ကြောင့် လာကျသွားတဲ့ အတွက်ကြောင့်မလို့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲအတွက် ၂၀၂၀ပြည့်နှစ်အစ ကျတော်တို့အခု ၅လကြီးမှာ မြေပြင်လှုပ်ရှားမှု အတိုင်းအတာ ဘာမှမလုပ်ဆောင်နိုင်သလို ဖြစ်ပြီးတော့ စာရင်းအင်းပိုင်းဆိုင်ရာ နဲ့သူတို့ရုံးပိုင်းဆိုင်ရာတွေဘဲ လုပ်နေရတယ်ဆိုတဲ့အနေအထားဖြစ်တယ်။ […]