spot_img
Sunday, December 4, 2022
spot_img
- Advertisement -spot_img

TAG

NgweTaung

ငွေတောင်ဆည်ကို ခရိုနီလက်ထဲ မအပ်မိကြပါစေနဲ့

သာစု(ပြည့်စုံ)   ငွေတောင်ဆည်-ပြည်သူ့ဆည်ဆိုသည့်အတိုင်း အစိုးရသည်ပြည်သူ ပြည်သူသည်အစိုးရဖြစ်သည်။ ငွေတောင်ဆည်သည်ကယားပြည်နယ်၊ဒီးမောဆိုမြို့နယ်ရှိ ပတ်ဝန်းကျင်အတွက်သာမက တစ်ပြည်နယ်လုံး၊တစ်နိုင်ငံလုံးပြည်သူနှင့်လည်းသက်ဆိုင်ပါသည်။ငွေတောင်ဆည်ကြီး၏ရေရှည်ကျန်းမာရေးတောင့်တင်းခိုင်မာမှု၊ ပတ်ဝန်းကျင်လှပမှုသည်ပြည်သူတစ်ရက်လုံးနှင့်ပတ်သက်၍အမျိုးသားတာဝန်တစ်ရပ်ဟုခံယူ၍ ရေးသားတင်ပြလိုက်ရခြင်းဖြစ်သည်။ ဆည်ကြီးသည်တောင်သူလယ်သမား၊ပတ်ဝန်းကျင်ကျေးရွာ၊ရပ်ကွက်နေပြည်သူများအားထားရသောမိခင်ဆည်ကြီးဖြစ်သည့်အပြင် ရပ်ဝေးရပ်နီးဧည့်သည်များဘုရားဖူးလာသူတိုင်းဆည်ကြီးကိုလေ့လာခဲ့ကြပြီးမှခရီးသွားကြသည်။ ထို့ပြင်ပတ်ဝန်းကျင်ရိုကျေးရွာရပ်ကွက်ပြည်သူများသည်ငွေတောင်ဆည်ရေကိုသောက်သုံးရေးအနေဖြင့်သုံးစွဲအသုံးပြုနေသောကြောင့် ရေရှည်ကျန်းမာရေးအတွက်နှင့်ဆည်ရေသောက်ဧရိယာပတ်ဝန်းကျင်ထိခိုက်မူကိုထောက်ရှူ၍သေချာစီစ်လေ့လာကွင်းဆင်း၍ဝေဖန်သုံးသပ်ပြီးလုပ်ငန်းကိုဆောင်ရွက်သင့်ပါကြောင်းအကြုံပြုချက်များကိုတင်ပြလိုသည်။ ၁။ဆည်၏ရေဝေရေလဲဧရိယာစပ်အထိ အဆောက်အဦးအနီးကပ်ဆောက်လုပ်ခြင်းကိုခွင့်ပြုလိုက်ခြင်းဖြင့် ဆည်ကန်ညစ်ပတ်ခြင်း၊ရေညစ်ညမ်းစေပြီး ဆည်တိမ်ကောခြင်း၊ရေကိုခမ်းစေခြင်း၊အဆိပ်အတောက်ဖြစ်စေခြင်းဖြင့် ရေနေသတ္တုများဆည်ပတ်ဝန်းကျင်ကိုများစွာထိခိုက်နိုင်သည်။ ၂။ဆည်ကန်ဘောင်ပြုလုပ်ရာတွင်ရေဝပ်ဧရိယာစပ်အတွင်းဖြစ်နေ၍ခံနိုင်မူအားနည်းချက်ရှိမည်။ ဆည်မြင်ကွင်းကျဉ်းလာသလို ဆည်မြေပြင်ဧရိယာမြင်ကွင်းလည်းပျောက်ကွယ်လာနေသည်ကို တွေ့ရသည်။ အနည်းဆုံးရေဝပ်ဧရိယာနှင့်ကန်ဘောင်ပတ်လမ်းသည်အနည်းဆုံးပေ (၁၀၀) ပေအကွာအဝေးရှိသင့်ကြောင်းအကြုံပြုလိုပါသည်။ ၃။မြွေလိမ်မြွေကောက်ကန်ဘောင်ပတ်လမ်းကိုမြင်တွေ့ရသူတိုင်းတစ်မျိုးကြီးဘဲဟုဝေဖန်သုံးသပ်ကြသည်။ဆည်ကန်၏ပတ်ဝန်းကျင်မြင်ကွင်းနှင့်လူကြီးမင်းတို့၏ဂုဏ်သိက္ခာညိုးနွမ်းစေပါကြောင်းအကြုံပြုလိုပါသည်။ ၄။မြေတိုင်းဌာနကညွန်ကြားသည့်အနက်နောက်ဆုံးသတ်မှတ်သည့်မှတ်တိုင်အတိုင်းဆောင်ရွက်သွားပါကကြည့်မောရှူဝပါလိမ့်မည်ဟုအကြုံပြုလိုပါသည်။အောင်မင်္ဂလာရပ်ကွက်သည်၁၉၉၂ခုနှစ်တွင်တိုင်းပြည်ပြောင်းလဲမှု အခြေအနေအရဒီးမော့ဆိုသို့ရောက်ရှိလာပါသည်။ ၅။ငွေတောင်ဆည်ဧရိယာသတ်မှတ်ရာတွင်တစ်နှစ်နှင့်တစ်နှစ်တူညီသောဖော်ပြမူမရှိသောကြောင်းပြည်သူများစိုးရိမ်မကင်းလျက် (၁၀၀၉-၂၀၁၀) ခုနှစ်အထွေထွေဦးစီးဌာန၊မြေစာရင်းဦးစီးဌာန၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်ရပ်ကွက်ပြည်သူများကွင်းဆင်းကာလမ်းပြမြေပုံအဖြစ်အနေအထားရအောင်မင်္ဂလာရပ်ကွက်တတိယလမ်းကိုဆွဲယူကာတတိယလမ်းအထိခွင့်ပြုချက်ပေးကာပုံစံ (၁၀၅)ကိုထုတ်ပေးပြုလုပ်ဆောင်ရွက်ပြီးခဲ့ကြောင်းရပ်ကွက်ပြည်သူတိုင်းသိရှိကြပါသည်။...

Latest news

- Advertisement -spot_img