စိုးထိုက်အောင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲနိုင်ပြီးတော့ ကိုယ်စားလှယ်တွေဖြစ်ခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်တွေအားလုံး ၊ ကယားပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် အဆိုပြုလွှာတွေ ပြန်တင်ထားကြတယ် လို့ NLD ပါတီ ကယားပြည်နယ် ဥက္ကဌ ဦးသောင်းဌေးက ပြောပါတယ်။ “သူတို့အကုန်တင်ကြတာပဲလေး၊ အကုန်တင်ကြတော့ ငါတို့က ဗဟိုကို အဲ့ဒီဟာ လက်ဆင့်ကမ်းပေးလိုက်တာလေး။” လို့ ဦးသောင်းဌေးက ပြောပါတယ်။ ၂၀၂၀မှာ ရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် အဆိုပြုလွှာ တင်ထားပြီဖြစ်တဲ့ ရှားတောမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် NLD ပါတီဝင် ဒေါ်ဝင့်ဝါထွန်းက ပါတီရဲ့တာဝန်ပေးချက်နဲ့ ရှားတောဒေသရဲ့လိုအပ်ချက်တွေ အရ နိုင်ငံရေးတာဝန်ကို ဆက်လက်ထမ်းဆောင်ချင်ပါတယ်လို့ပြောပါတယ်။ ၎င်းက“ ကျမတို့ပါတီ […]

ကန္တာရဝတီတိုင်း(မ်) ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အနေနဲ့ ဝင်ပြိုင်ပြီးအနိုင်ရခဲ့တဲ့ လက်ရှိ ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပဲ့ဒူ အနေနဲ့ လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မည့် အစီအစဉ်ရှိမရှိ၊ ရှိခဲ့မယ်ဆို ဘယ်လိုတွေ ပြင်ဆင်ထားလဲ၊ လွှတ်တော် သက်တမ်းမှာ ဘာတွေ အားရကျေနပ်ခဲ့လဲ။ ဘာတွေက အားနည်းချက်ရှိခဲ့လဲဆိုတာနဲ့ ပတ်သက်လို့ ကန္တာရဝတီတိုင်း(မ်)က မေးမြန်းတွေ့ဆုံထားတာကို တင်ပြလိုက်ပါတယ်။ မေး။ ။ ၂၀၂၀ ရွှေးကောက်ပွဲမှာဝင်ပြိုင်ဖို့ရှိမရှိ ရှိမယ်ဆိုရင်ဘယ်မှာဝင်ပြိုင်မှာလဲ။ ဖြေ။ ။၂၀၂၀မှာဝင်ပြိုင်ဖို့တော့ရှိပါတယ်။ သို့သော်လည်းပဲ ပြိုင်ဖို့ဆိုတဲ့ထဲမှာကျတော့ ကျနော်တို့မှာက ကိုယ်စားလှယ်လောင်းတွေရွေးချယ်တဲ့နေရာမှာ ကျနော်တို့ပြိုင်ချင်တိုင်းပြိုင်လို့မရဘူးလေး။ ဗဟိုကော်မတီကနေပြီးတော့မှ သူတို့ကရွေးချယ်ပေးမှာပေါ့။ ကိုယ်ကပါမလား ။ မပါဘူးလားဆိုတာ မသိနိုင်ဘူးပေါနော်။ ပြီးတော့အခုရွေးမယ်ဆိုရင်လည်း လောလောဆယ်ကတော့တင်ထားတယ်ပေါ့နော။ ကိုယ်စာလှယ်လောင်း […]

မော်ဦးမြာ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေမှာ လူငယ်တွေအနေနဲ့ ပါဝင်ခွင့်မရဘူးလို့ ကယား(ကရင်နီ) ပြည်နယ်အတွင်းမှ လူငယ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကယန်းမျိုးဆက်သစ်လူငယ်မှ အတွင်းရေးမှူး မူကက်သရင်းက ပြောပါတယ်။ “ ပါဝင်ခွင့်လုံးဝကို မရတဲ့ အနေအထားမှာ ရှိတယ်ပေါ့နော။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတို့၊ ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို အစိုးရဖက်ကနေ တရားဝင် လုပ်တဲ့ဟာမျိုးဆိုရင် မရှိသလို နောက်တစ်ခုက လူငယ်ရေးရာ မူဝါဒတွေကိုလည်း အရေးတယူလုပ်တာတွေ မရှိဘူး။” လို့ မူကက်သရင်းက ပြောပါတယ်။ လူငယ်တွေဟာ နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည်တစ်ခုအတွက် အနာဂါတ်ကို ဦးဆောင်နိုင်တဲ့သူတွေ ဖြစ်တဲ့အတွက် လူငယ်တွေရဲ့ လုပ်ဆောင်ချက်တွေကို အစိုးရတွေအနေနဲ့ အသိအမှတ်ပြုဖို့ လိုအပ်သလို ငြိမ်းချမ်းရေးလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ နေရာတွေမှာ လူငယ်တွေကို နေရာချပေးခြင်းအားဖြင့် […]

မော်ဦးမြာ NLD အစိုးရ လက်ထက် ၄ နှစ်ကျော်ကာလအတွင်းမှာ ကယားပြည်နယ်အစိုးရရဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်မှုဟာ ယခင်အစိုးရထက် လျော့နည်းနေတယ်လို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြည်နယ်အတွင်း စစ်တမ်းကောက်ယူခဲ့တဲ့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့မှ စစ်တမ်းကောက်ယူသူတွေက ပြောပါတယ်။ “ ပြီးခဲ့တဲ့ အစိုးရလက်ထက် ကြိုးပမ်းမှုကတော့ ၁၅ ရာခိုင်နှုန်း ရှိပြီးတော့မှ လက်ရှိအစိုးရရဲ့ ကြိုးပမ်းမှုက ၁၃ ရာခိုင်နှုန်းပဲ ရှိတယ်ဆိုတဲ့ဟာမျိုးပေါ့နော။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်သော အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ကြိုးစားပြီးတော့မှ တွေ့ဆုံတဲ့ဟာတွေ၊ ကြိုးစားပြီးတော့မှ ညှိနှိုင်းတာမျိုးတွေ ကြိုးပမ်းမှုကတော့ ၁၃ ရာခိုင်နှုန်းဆိုပြီးတော့ ပြန်ကျသွားတဲ့ဟာတွေ ရှိတယ်ပေါ့နော။ ကျမတို့ရဲ့ စစ်တမ်းကောက်ယူမှုအရပေါ့နော။”လို့ စစ်တမ်းကောက်ယူတဲ့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့မှ program […]

မော်ဦးမြာ လက်ရှိ ကယား(ကရင်နီ) ပြည်နယ်၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဆက်စပ်ပြီး အစိုးရကနေ အကောင်အထည်ဖော်နေတဲ့ အခြေအနေအပေါ် ကရင်နီပြည်နယ် ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်သုံးသပ်သူ မာတီးယာနှင့် ကန္တာရဝတီတိုင်း(မ်)မှ မေးမြန်းထားတဲ့အချက်တွေအပေါ် ကောက်နုတ်တင်ပြပေးလိုက်ပါတယ်။ မေး ။ ။ အခု မြန်မာအစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဘယ်လိုမြင်ပါသလဲ။ ဖြေ ။ ။ မြန်မာနိုင်ငံအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား လက်ရှိဖော်ဆောင်နေသော မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရမှ ကောင်းမွန်သောဦးဆောင်မူဖြင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်ကို လက်တွေ့ကျကျဖော်ဆောင်နိုင်မှုအားနည်တယ်လို့ဘဲမြင်ပါတယ်။ မေး ။ ။ ကယားပြည်နယ်မှာ KNPP အဖွဲ့အစည်းမှ NCA စာချုပ်တွင် ပါဝင်လက်မှတ် မရေးထိုးနိုင်သေးတာ ဘာကြောင့်လို့ ထင်ပါသလဲ။ […]

“ပြည်နယ်အစိုးရဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ နားလည်အောင်လည်းမကြိုးစားခဲ့သလို အရေးတယူနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း မလုပ်ခဲ့ပါဘူး။ အဆိုးဆုံးကတော့ ပြီးခဲ့တဲ့အစိုးရနဲ့ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက် တွေကို သူတို့နဲ့မဆိုင်သလို သဘောထားတဲ့ကိစ္စပါဘဲ။” NLD အစိုးရရဲ့ ငါးနှစ်သက်တမ်းဟာကုန်ဆုံးတော့မှာဖြစ်ပါတယ်။ NLD အစိုးရအနေနဲ့တာဝန်စတင်ယူစဉ် ကာလကနေ အခုချိန်ထိ ကယားပြည်နယ် (ကရင်နီပြည်) မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို ဘယ်လောက် အထိလုပ်နိုင်ခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ရွှေမျိုးသန့်ကို ကန္တာရဝတီတိုင်း(မ်)က မေးမြန်းထားပါတယ်။ KT – NLD အစိုးရ စတက်လာတော့ ကရင်နီပြည်ညီလာခံကိုလုပ်ခဲ့တယ်နော်။ အဲ့ဒီမှာ ကရင်နီပြည် အမည်နာမ ပြန်လည်ခေါ်ဆိုရေးအပါအဝင် အချက်တော်တော်များများကိုအတည်ပြုခဲ့ကြတယ်။ မီဒီယာနဲ့တွေ့ဆုံတဲ့ နေရာ မှာလည်း ဆရာတို့ဘက်က ဒီအစိုးရလက်ထက်မှာ ပူးပေါင်းတာတွေအများကြီးလုပ်နိုင်မယ်လို့ပြောခဲ့တယ်။ ဆိုတော့ အခုအစိုးရက […]

လက်ရှိမှာ မြန်မာ့ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ NLD အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အပေါ် ကရင်နီလူမျိုးစု လူငယ်ထုများရဲ့ အမြင်သဘောထားကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ ခူးရီးရယ် – ကယားလီဖုလူငယ် ငြိမ်းချမ်းရေးက ဒီထက် တိုးတက်ကောင်းမွန်လာတဲ့ အနေအထားမရှိဘူးလို့ ကျတော့်အနေနဲ့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ကယားပြည်နယ်အစိုးရနဲ့ KNPP ပြည်ထောင်စုအဆင့်ရော ပြည်နယ်အဆင့်ရော လက်မှတ်ရေးထိုးထားပြီးသော်ငြားလည်း ဒီလက်မှတ်ထိုးထားတာ ပါဝင်ထားတဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်နိုင်မှုအားက တအားနဲ့ အားနည်းနေတာပေါ့နော။ အဲ့ဒါကြောင့်မို့လို့ ကျတော်တို့ရဲ့ ပြည်နယ်အနေနဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်က ဒီထက်ပိုပြီးတော့မှ တိုးတက်လာဖို့ ရှိလိမ့်မှာ မဟုတ်ဘူးလို့ မြင်တယ်။ နှစ်ဦးနှစ်ဖက်လုံးကတော့ အလျော့အတင်းလေးတွေ လုပ်ဖို့လိုတယ်။ KNPP လည်း တင်းနေမယ် ပြည်နယ်အစိုးရကလည်း တင်းနေမယ်ဆိုရင် လုပ်ငန်းတွေကတော့ […]

နော်ဒွေးအယ်ခူ လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ကရင်နီပြည်လူမျိုးစုလူငယ်များမှ ကရင်နီပြည်အခြေစိုက် တိုင်းရင်းသားပါတီများကို ဝန်းရံသွားမယ်လို့ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ လွိုင်ကော်မြို့ ဝမ်ငေါ့ ကျေးရွာမှာ ပြုလုပ်သွားတဲ့ ကရင်နီပြည်လူမျိုးစုလူငယ်တွေ တွေ့ဆုံနှီးနှောဖလှယ်ပွဲမှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ကရင်နီလူမျိူးစုလူငယ်ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဒေါမိနစ်စိန်က” ကိုယ့်ပြည်နယ်ရဲ့အနေအထားအရ ကိုယ့်ပြည်နယ်မှာရှိတဲ့သူတွေကတော့ ကိုယ့်အသံကိုပိုပြီးနားထောင်ရမယ်ဆိုတဲ့ဟာမျိုးပေါ့။ ၂၀၁၅မှာနိုင်ခဲ့တဲ့ NLD ဆိုရင် တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီးတော့မှ နားမထောင်ပေးဘူးပေါ့နော ပိုပြီးပိတ်ပင်မှုတွေများတယ် ။ ၂၀၂၀မှာတော့ တိုင်းရင်းသားပါတီကို ဝန်းရံခြင်းအားဖြင့် နိုင်ငံရေးကအစ တိုင်းရင်းသားအရေးက ပိုပြီးအဆင်ပြေမှာပေါ့” လို့ ဆိုပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာသာ တိုင်ရင်းသားပါတီ အနိုင်ရခဲ့မယ်ဆိုရင် လူငယ်တွေ နိုင်ငံရေးမှာပိုမိုပါဝင်နိုင်ဖို့၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူငယ်အသံပါဝင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ၎င်းကဆက်ပြောပါတယ်။ လူငယ်တွေက တိုင်းရင်းသားပါတီ တွေကို […]

ယခုလတွင် စာရေးသူ အနေနှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကာလတွင် ကယားပြည်နယ်၌ ရှိလာနိုင်မည့် ခန့်မှန်း လူဦးရေနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ခန့်မှန်း အနေအထားကို အဓိက ဦးတည် ချဉ်းကပ်ရေးသားပါမည်။ လက်ရှိ စာရေးနေချိန် ( ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ) အထိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၀ ခုနှစ် နောက်ဆုံးရ လူဦးရေစာရင်းကို ပြုစုနေဆဲ ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှလည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေကို မထုတ်ပြန်နိုင်သေးပေ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကယားပြည်နယ်၏ အသက် ( ၁၈ ) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေမှာ ( […]

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဥပဒေပြုရေးမဏ္ဍိုင်က ကိုယ်စားလှယ်တွေရဲ့ ပါဝင်ပတ်သက်မှု ဘယ်လိုရှိနေလဲ။ အဲ့ဒီအကြောင်းကို ငြိမ်းချမ်းရေး လေ့လာသူ လူမှုအသင်းအဖွဲ့က သူတချို့ရဲ့ အသံကိုဖော်ပြပေးလိုက်ပါတယ်။ ကိုကျော်ထင်အောင် (LAIN နည်းပညာပြုအထောက်အကူအဖွဲ့၊ ဘုတ်ဥက္ကဌ) ပြည်သူ့လွှတ်တော်မှာကော အမျိုးသားလွှတ်တော်မှာကော တိုင်းရင်းသားရေးရာကော်မတီပိုင်းဆိုင်ရာတွေက ငြိမ်းချမ်းရေးအပိုင်းကို လုပ်ရတာရှိတယ်။ သို့သော် အဲဒီကော်မတီထဲ ပါဝင်ရတဲ့သူတွေဟာ ၂၁ရာစုပင်လုံလို အခမ်းအနားကြီးကျင်းပမှသာလျှင် ပွဲတက်အဆင့်လောက်သာပါနေရတာကိုတွေ့ရတယ်။ ပြီးတော့ပြည်ထောင်စုတစ်ခုလုံးမှာဆိုရင် လက်ရှိ NRPC နဲ့တွဲပြီးတော့ လွှတ်တော်ပိုင်းဆိုင်ရာကနေ ပြည်သူ့လွှတ်တော်တစ်ဦး အမျိုးသားလွှတ်တော်တစ်ဦး ကော်မတီတွေကနေ ပါတယ်ဆိုပေမယ့်လည်း သူတို့တွေရဲ့ ထဲထဲဝင်ဝင်လုပ်ဆောင်မှုတွေမတွေ့ရဘူး။ နဂိုမူလ ဦးအောင်စိုး လုပ်ဆောင်ရာကနေ ဦးအောင်စိုးကို အနားပေးပြီးတော့ လက်ရှိ ဦးဌေးဝင်အောင်လို့ခေါ်တဲ့ ကိုပြုံးချိုကနေပြီးတော့ လွှတ်တော်ကိုယ်စား ငြိမ်းချမ်း Process မှာ ပါဝင်ဆိုသော်လည်းပဲ […]