မော်ဦးမြာ လွိုင်ကော်မြို့ ကနေ ၃ နာရီခန့် ( ကားဖြင့်) ခရီးနှင်ရတဲ့ ဖားဆောင်းမြို့ တွင်းမဝင်ခင် ၂ မိုင်ခန့်အကွာမှာ တည်ရှိတဲ့ ပါပုကျေးရွာဟာ ပြည်ထောင်စု လမ်းမကြီးဘေးမှာ တည်ရှိနေပေမဲ့ ဖွံ့ဖြိုးမှု နည်းပါးနေဆဲဖြစ်သလို ဆက်သွယ်ရေးလည်း ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ၁၉၀၀ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမှီကတည်းက တည်ရှိနေခဲ့တဲ့ ကျေးရွာလေး ဖြစ်တယ်လို့ ကျေးရွာလူကြီးတွေ ပြုစုထားတဲ့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။ ကျေးရွာအပြင်ဖက်နားလေးမှာ တိုင်းရင်းသားလက်နက်ကိုင် ဖြစ်တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)ရဲ့ ဆက်ဆံရေးရုံး တည်ရှိပါတယ်။ လက်ရှိမှာ ဖားဆောင်းမြို့ နယ်အတွင်း ငြိမ်းချမ်းရေးအနှစ်သာရကို ဘယ်လောက်ထိ ခံစားနေရပြီလဲဆိုတာကို ပါပု ကျေးရွာအတွင်းက ဒေသခံတချို့ကို […]