TAG
Woman Rights
နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ၁၀ဝရာခိုင်နှုန်း အပြည့်အဝ ပါဝင် ခွင့်ရှိ
ကော်မိန်း
နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီး ၃ဝ ရာခိုင်နှုန်းပါဝင်နိုင်ရန် တောင်းဆိုကြသည့်အပေါ် အရည်ချင်းရှိပါက ၃ဝရာခိုင်နှုန်းသာမက ၁၀ဝရာခိုင်နှုန်းပါဝင်ခွင့်ရှိသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
“အမျိုးသမီးတွေကို လမ်းဖွင့်ပေးသင့်တယ်။ လမ်းဖွင့်ပြီးတော့ တိုးတက်အောင်လုပ်ပေးသင့်တယ်။ အရည်ချင်း ရှိတဲ့အမျိုးသမီး ၁၀ဝရှိရင် ၁၀ဝလုံးပါဝင်လို့ရတယ်။ အရည်ချင်းပေါ်မှာပဲ...