spot_img
21 C
Loikaw
Thursday 12, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကျန်းမာရေးစောင့်ကြည့်ကြပ်မတ်တဲ့နေရာကနေ ထွက်ပြေးဖို့ကြိုးစားသူ အလုပ်နှင့်ထောင်ဒဏ် (၁)နှစ်နှင့် (၆)လ ချမှတ်ခံရ

စောင့်ကြည့်ကြပ်မတ်တဲ့နေရာကနေ ထွက်ပြေးဖို့ကြိုးစားသူ အလုပ်နှင့်ထောင်ဒဏ် (၁)နှစ်နှင့် (၆)လ ချမှတ်ခံရ

-

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်တက္ကသိုလ် စောင့်ကြည့်ကြပ်မတ်တဲ့နေရာကနေ ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့သူကို အလုပ်နှင့်ထောင်ဒဏ် (၁)နှစ်နှင့် (၆)လ ချမှတ်ခံရတယ်လို့ စက်တင်ဘာလ ၂၉ရက်နေ့က ကယားပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၂၁ရက်နေ့မှာ ရှမ်းပြည်နယ် လားရှိုးမြို့ကနေ လွိုင်ကော်မြို့ကို ပြန်လာတာတဲ့ လွိုင်ကော်မြို့ နွားလဝိုးကျေးရွာအုပ်စု၊ ထီးပလောခူကျေးရွာမှာ နေထိုင်သူ အမျိုးသား တစ်ဦးဖြစ်ပါတယ်။

ထွက်ပြေးဖို့ ပြုလုပ်နေတဲ့အတွက် လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့နဲ့ ဝန်ထမ်းတွေက တားမြစ်ပေမယ့်လည်း လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်ကို ခိုက်ရန်ပြုပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၆/၂၉အရ လွိုင်ကောမြို့နယ်တရားရုံးကို တရားစွဲဆိုတင်ပို့ခဲ့တာဖြစ်ပါတယ်။

ကယားပြည်နယ်မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေဖြင့် အမှုဖွင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ်ချမှတ်ခံရတဲ့ဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

ကယားပြည်နယ် မြို့နယ်အသီးသီး ကိုရိုနာဗိုင်းရပ်(စ်)ကြိုတင်ကာကွယ်ရေး စောင့်ကြည့်ကြပ်မတ်တဲ့ Community Based Facility Quarantine ဆောင်ရွက်ထားရှိမှုမှာ စက်တင်ဘာလ ၂၉ရက်နေ့အထိ လူဦးရေ (၃၆၃)ဦးရှိပြီး ဆေးစစ်ချက်အဖြေ စောင့်ဆိုင်းဆဲလူနာ (၃၆)ဦးရှိတယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့လူမှုစာမျက်နှာမှာဖော်ပြထားချက်အရ သိရပါတယ်။

လက်ရှိအချိန်ထိတော့ ကယားပြည်နယ်က ကိုရိုနာဗိုင်းရပ်(စ်)ပိုးတွေ့သူမရှိသေးပါ။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ