Sunday, February 28, 2021

ဒေသအခြေစိုက် တိုင်းရင်းသားပါတီတွေကို ဘာကြောင့် မဲပေးသင့်တာလဲ

Must read

သိုးမွေးထိုး ဝါသနာရှင်တွေ ရဲ့ အထိုင်သပိတ်

https://youtu.be/sVZY5Svm2Kw နိုင်ငံ တစ်ဝန်းမှာ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြပွဲကို နေ့စဉ် ပြုလုပ်လျက်ရှိပြီး ပုံစံအမျိုးမျိုးနဲ့ မိမိတို့ ဆန္ဒကို ဖော်ထုတ်နေကြ တာကိုတွေ့ရပါတယ်။ လွိုင်ကော်မြို့ ဖေဖော်ဝါရီ(၁၈)ရက် ဆန္ဒပြမှုမှာလည်း သိုးမွေးထိုး...

ကယားပြည်နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်လူထုလှုပ်ရှားမှုမှာ ဌာနဆိုင်ရာဝန်ထမ်းပါဝင်မှု ပိုများလာ

https://youtu.be/ijq3lWyTI1I ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်က စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုက ၁၀ရက်မြောက်လာပါ ပြီ။ ဌာနဆိုင်ရာဝန်ထမ်းတွေ တစ်နေ့ပြီး တစ်နေ့ ပါဝင်မှု ပိုမိုအားကောင်းလာပါတယ်။

လွိုင်ကော်မှာ ငြိမ်းချမ်းရေးအတွက် စိပ်ပုတီး စိပ်ခြင်းနဲ့ ဆုပေါင်းဆုတောင်းစီတန်းလှည့်လည်ခြင်းပြုလုပ်

ငြိမ်းချမ်းရေးအတွက် စိပ်ပုတီး စိပ်ခြင်းနဲ့ ဆုပေါင်းဆုတောင်းစီတန်းလှည့်လည်ခြင်း ကို ဒီကနေ့ ကယားပြည်နယ် လွိုင်ကော် ခရစ်တော်ဘုရင် ဘုရားကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ လွိုင်ကော်သာသနာလုံးဆိုင်ရာက လူငယ်တွေပါဝင်ခဲ့ပြီးတော့ မနက်...

ဆန္ဒပြပြည်သူတွေနဲ့အတူ သမဝါယမဝန်ထမ်းနှင့် စည်ပင်သာယာရေးဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာ

ကန္တာရဝတီတိုင်း(မ်) စစ်အာဏာရှင်အလိုမရှိ ဆန္ဒပြတဲ့ ပြည်သူတွေနဲ့အတူ ဒီကနေ သမဝါယမဦးစီးဌာနက ဝန်ထမ်း ၂၀ ဦးနှင့် စည်ပင်သာယာရေးဦး ဌာနက ဝန်ထမ်းတွေလည်း ပူးပေါင်းပါလာခဲ့တယ်လို့ ကြားသိရပါတယ်။

ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေသအခြေစိုက်တိုင်းရင်းသားပါတီတွေဟာ မိမိတို့ရဲ့ ဒေသနဲ့ သက်ဆိုင်ရာ နယ်ပယ်တွေကို ကိုယ်စားပြုပြီး ပြည်နယ်အရေး၊ အမျိုးသားရေးနဲ့ ပြည်ထောင်စုအရေးကို ဦးတည်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ် စနစ်အားကောင်းလာဖို့ တွန်းပို့ပေးမယ့် ပါတီတွေဖြစ်တယ်ဆိုတာကိုလည်း အခြေခံအားဖြင့် မှတ်ယူလို့ရပါ တယ်။

ဒေသတွင်းပြည်နယ်မှာပဲ စုဖွဲ့ထားတာကြောင့် ဗဟိုချုပ်ကိုင်မှုပုံစံနဲ့ သွားတာမဟုတ်တဲ့အတွက်လည်း မဲဆန္ဒရှင် ပြည်သူတွေက တိုက်ရိုက် ထိန်းကျောင်းနိုင်မယ့် အခွင့်အလမ်းက ပိုပြီး အားသာချက်ရှိနိုင်ပါတယ်။ တိုင်းရင်း သားပါတီက ကိုယ်စားလှယ်လောင်းတွေဟာ ဒေသခံတွေဖြစ်နေလို့ ဒေသလိုအပ်ချက်တွေ ပိုမိုနားလည်နိုင်ပြီး တိုင်းရင်းသားကိုယ်စားပြုပါတီဖြစ်နေတာကြောင့်လည်း ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ ပိုပြီး ခိုင်မာအားကောင်းနိုင်ပါတယ်။

တိုင်းရင်းသားပါတီတွေ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွင်း ထိုင်ခုံတွေမှာ တစ်ပါတီထဲက လူအများစုကပဲ ဝင်ထိုင်နေတာမျိုး မြင်ရတော့မှာ မဟုတ်ပဲ ပါတီစုံအသွင် သဏ္ဍာန်နဲ့ မြင်ရတော့မှာ ဖြစ်ပါတယ်။

တစ်ပါတီကြီးတစ်ခုကပဲ အနိုင်ရရင် လုပ်ပိုင်ခွင့်အာဏာ သိမ်းကြုံးရယူတာမျိုး၊ အာဏာအလွှဲသုံးစားတာနဲ့၊ လာဘ်ပေးလာဘ်ယူမှုဖြစ်ပေါ်တတ်တာကြောင့် ပါတီပေါင်းစုံ အနိုင်ရပါဝင်လာခြင်းက ဒီလိုအခြေအနေတွေကို အကောင်းဆုံး ဟန့်တား ထိန်းကျောင်းနိုင်မယ့် အခင်း အကျင်းတစ်ခု ဖြစ်ပေါ်လာမှာ ဧကန်အမှန်ဖြစ်ပါတယ်။ ရွေးကောက်ပွဲအလွန် ပါတီတစ်ခုတည်းက အစိုးရ မဖွဲ့နိုင်ရင် ညွှန့်ပေါင်းအစိုးရဖွဲ့ပြီး အပြန်အလှန်ထိန်းကျောင်းနိုင်မယ့် အရွေ့တစ်ခုနဲ့ သွားရမှာ ဖြစ်ပါတယ်။

တစ်ဖက်မှာ ပြည်နယ်လွှတ်တော်ကိုတော့ တိုင်းရင်းသားပါတီတွေ ထိုင်ခုံနေရာအများစုကို ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုရင် တိုင်းရင်းသားတွေ ခေတ်အဆက်ဆက်တောင်းဆိုလာတဲ့ အမျိုးသားတန်း တူရေး၊ ကိုယ်ပိုင်ပြဠာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို လွှတ်တော်လမ်းကြောင်း ကနေ ဖန်တီးရယူ နိုင်ဖို့လိုအပ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံက တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အပြည့်အဝ ပေးပေးထားပြီလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဖွဲ့စည်းပုံကပေးထားတဲ့ အခွင့်အရေးအနည်းငယ်ကိုပဲ အမိအရ ဆုပ်ကိုင်နိုင်ရေး လမ်းကြောင်းကို မီးမောင်းထိုးပြလိုခြင်းပဲ ဖြစ်ပါတယ်။

ကယားပြည်နယ်လွှတ်တော်ကို နာမူနာထား ကြည့်ရမယ်ဆိုရင် ကယားပြည်နယ်လွှတ်မှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေအတွက် ထိုင်ခုံနေရာ ၁၅ နေရာရှိပါတယ်။ ၂၅ နှုန်း ဖြစ်တဲ့ တပ်မတော်သားကိုယ်စားလှယ် တွေက ထိုင်ခုံနေရာနဲ့ ပေါင်းရင် စုစုပေါင်း ထိုင်ခုံနေရာ ၂၀ နေရာ ရှိပါတယ်။

ရွေးကောက်ခံကိုယ်စားလှယ်တွေ အတွက် ထိုင်ခုံနေရာ ၁၅ နေရာရှိတဲ့အနက် ဒေသအခြေစိုက်တိုင်းရင်းသားပါတီတွေက အနည်းဆုံး ၁၂ နေရာလောက် အနိုင်ရထားရင် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်တဲ့နေရာမှာ အဆိုတွေအများစုက အောင်မြင်နိုင် မှာ ဖြစ်သလို တိုင်းရင်းသားပါတီက ပြည်နယ်အစိုးရကိုယ်လည်း ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က လုပ်ပိုင်ခွင့်ရမယ့် တိုင်းရင်းသားတွေရဲ့အခွင့်အရေးနဲ့ ပြည်နယ်အခွင့်အရေးတွေကို ဥပဒေပြ ဌာန်းပြီး စီမံအုပ်ချုပ်နိုင်မယ့် အခွင့်အရေးရရှိလာမှာဖြစ်ပါတယ်။

တနည်းအားဖြင့် ကိုယ့်ပြည်နယ်ကို ကိုယ့်ပြည်နယ်ထဲက လူတွေပဲ တိုက်ရိုက်တာဝန်ပေး စီမံအုပ်ချုပ်ခိုင်းတဲ့ သဘော ပဲဖြစ်ပါတယ်။ ဗဟိုချုပ်ကိုင် လွှမ်းမိုးမှုများတဲ့ ပါတီကြီးတစ်ခုက လာပြီး ကိုယ်စားပြုအုပ်ချုပ်မယ်ဆိုရင် ဗဟိုပါတီရဲ့ မှုဝါဒသဘောထားအတိုင်းပဲ အုပ်ချုပ်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ကိုယ့်ပြည်နယ် ကို တိုက်ရိုက်ကိုယ်စားပြုတဲ့ ပါတီကို မဲပေးသင့်ပြီး ကိုယ်ပိုင်စံမီအုပ်ချုပ်ရေးကို ထူထောင်နိုင်ဖို့ လိုအပ်ပါတယ်။

Comments

comments

- Advertisement -
- Advertisement -

Latest article

သိုးမွေးထိုး ဝါသနာရှင်တွေ ရဲ့ အထိုင်သပိတ်

https://youtu.be/sVZY5Svm2Kw နိုင်ငံ တစ်ဝန်းမှာ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြပွဲကို နေ့စဉ် ပြုလုပ်လျက်ရှိပြီး ပုံစံအမျိုးမျိုးနဲ့ မိမိတို့ ဆန္ဒကို ဖော်ထုတ်နေကြ တာကိုတွေ့ရပါတယ်။ လွိုင်ကော်မြို့ ဖေဖော်ဝါရီ(၁၈)ရက် ဆန္ဒပြမှုမှာလည်း သိုးမွေးထိုး...

ကယားပြည်နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်လူထုလှုပ်ရှားမှုမှာ ဌာနဆိုင်ရာဝန်ထမ်းပါဝင်မှု ပိုများလာ

https://youtu.be/ijq3lWyTI1I ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်က စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုက ၁၀ရက်မြောက်လာပါ ပြီ။ ဌာနဆိုင်ရာဝန်ထမ်းတွေ တစ်နေ့ပြီး တစ်နေ့ ပါဝင်မှု ပိုမိုအားကောင်းလာပါတယ်။

လွိုင်ကော်မှာ ငြိမ်းချမ်းရေးအတွက် စိပ်ပုတီး စိပ်ခြင်းနဲ့ ဆုပေါင်းဆုတောင်းစီတန်းလှည့်လည်ခြင်းပြုလုပ်

ငြိမ်းချမ်းရေးအတွက် စိပ်ပုတီး စိပ်ခြင်းနဲ့ ဆုပေါင်းဆုတောင်းစီတန်းလှည့်လည်ခြင်း ကို ဒီကနေ့ ကယားပြည်နယ် လွိုင်ကော် ခရစ်တော်ဘုရင် ဘုရားကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ လွိုင်ကော်သာသနာလုံးဆိုင်ရာက လူငယ်တွေပါဝင်ခဲ့ပြီးတော့ မနက်...

ဆန္ဒပြပြည်သူတွေနဲ့အတူ သမဝါယမဝန်ထမ်းနှင့် စည်ပင်သာယာရေးဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာ

ကန္တာရဝတီတိုင်း(မ်) စစ်အာဏာရှင်အလိုမရှိ ဆန္ဒပြတဲ့ ပြည်သူတွေနဲ့အတူ ဒီကနေ သမဝါယမဦးစီးဌာနက ဝန်ထမ်း ၂၀ ဦးနှင့် စည်ပင်သာယာရေးဦး ဌာနက ဝန်ထမ်းတွေလည်း ပူးပေါင်းပါလာခဲ့တယ်လို့ ကြားသိရပါတယ်။

ဖေဖော်ဝါရီလ ၁၇ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲမှာ ပါဝင်တဲ့ လူထုတွေရဲ့အသံ။

https://youtu.be/kOj_dF7rgLA ဖေဖော်ဝါရီလ ၁၇ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲမှာ ပါဝင်တဲ့ လူထုတွေရဲ့အသံ။

Comments

comments