spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

အကြမ်းဖက်စစ်ကောင်စီတပ်က ရွာသားတွေကို ဖမ်းဆီးရိုက်နှက်ပြီး ပေါ်တာဆွဲနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဒီမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာတွေထဲကို ဝင်လာပြီး ရွာသားတွေကို ဒူးထောက်ခိုင်းကာ ရိုက်နှက်တာတွေ ၊ပေါ်တာဆွဲပြီး ပစ္စည်းထမ်းခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှ ဒေသခံတစ်ဦးက ပြောပါတယ်။

“တချို့ရွာသားဆိုရင်လည်း ဒူးထောက်ပြီးတော့မှ ရိုက်နှက်တာတွေရှိတယ် ဖုန်းတွေသိမ်းသွားတာတွေရှိတယ်။ ဆိုင်ကယ်ဖြတ်သွားဖြတ်လာတဲ့ လူတွေကို ခေါ်ရပ်ပြီးတော့မှ ထိုးကြိတ်တာတွေ ရိုက်နှက်တာတွေရှိတယ် ပြီးတော့မှ အချို့ရွာသားတွေကိုလည်း ပေါ်တာခေါ်ပြီးတော့မှ ပစ္စည်းတွေထမ်းခိုင်းတာတွေလည်းရှိတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇွန်လ ၁၁ ရက်နေ့မှာ ဒီမော့ဆိုမြို့နယ် မြလဲကျေးရွာအုပ်စု ပတန်းခိုကျေးရွာအတွင်း စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်ခန့်က စစ်ကြောင်းချီ ထိုးစစ်ဆင်လာပြီး ကျေးရွာအတွင်း လုံခြုံရေးယူနေတဲ့ ဒေသခံတွေကို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီမော့ဆိုမြို့ အနောက်ဖက်ခြမ်းမှာ ထိပ်တိုက် တိုက်ပွဲမဖြစ်ဖို့ စစ်တပ်ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းအချို့ ညှိနှိုင်းမှုတွေရှိတာကြောင့် ရွာသားလုံခြုံရေးအဖွဲ့က ပစ်ခတ်မှုမရှိပေမယ့်

အကြမ်းဖက်စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေပြီး ရွာအတွင်းထိ ဝင်ရောက် တပ်စွဲနေတယ်လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

ရွာထဲဝင်ရောက်ပြီး နေအိမ်တွေကို ဖျက်ဆီးတာတွေ အိမ်ဖောက်တာတွေ တံခါးဖျက်ပြီး ပစ္စည်းမွှေနှောက်ရှာဖွေတာတွေ ကြက်၊ ဝက်တွေကို ဖမ်းဆီးစားသောက်တာတွေ ပြုလုပ်နေတာကြောင့် ရွာထဲ ဘယ်သူမှမနေကြတော့သလို စစ်ရှောင်စခန်းရှိတဲ့ နေရာတွေကိုလည်း ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ဒုက္ခသည်ရှိတဲ့ဖက်ကို စစ်ရှောင်ရှိတဲ့နေရာဖက်ကို ပတ်လာတယ် ပတ်လာပြီးတော့မှ အဲလိုပဲ မြလဲတို့ရှောင်တဲ့ တောင်ပေါ်ဖက်တို့ဆိုရင် သူတို့အဲ့ဖက်မှာ ပတ်လာပြီး မြလဲရွာကို ဝင်တယ် ဝင်ပြီးတော့မှ အိမ်တွေ လိုက်ဖောက်တယ် တံခါးတွေ လိုက်ဖျက်တယ် တံခါးပိတ်တဲ့အိမ်တွေကို တံခါးလိုက်ဖျက်တယ် ပြီးတော့မှ အိုးခွက်တွေ ဘာတွေ သူတို့ယူတယ် ထမင်းတွေဟင်းတွေ ချက်စားကြတယ် ရှိတဲ့ဝက်တွေ ကြက်တွေ သတ်စားကြတယ်ပေါ့။ ပြီးတော့ ပစ္စည်းတွေဆိုရင်လည်း အိမ်မှာရှိတဲ့ ဗီဒိုထဲက ပစ္စည်းတွေဆိုရင်လည်း သူတို့အကုန်လုံး လိုက်ဖွထားတယ် လိုက်ဖွင့်ပြီးတော့မှ ဖွထားတယ် တစ်ခုမှမကျန်ဘူး။ အိမ်တိုင်းလိုလိုပေါ့ သူတို့အခြေချတဲ့အိမ်တွေပေါ့။” လို့ ဒေသခံက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ စစ်ရှောင်ပြည်သူတွေကို ကူညီထောက်ပံ့နေတဲ့ ရိက္ခာသယ်မော်တော်ယာဉ်တွေကို ပစ်ခတ်တာတွေ ရိက္ခာတွေကို မီးရှို့ဖျက်ဆီးတာတွေပြုလုပ်နေသလို အကြမ်းဖက်စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်စွဲထားတယ်လို့ ယူဆတဲ့နေရာ၊ ကျေးရွာတွေကို စစ်ကြောင်းထိုးမှု ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ကနေ ထိုးစစ်ဆင်တိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ဘေးလွတ်ရာနေရာတွေကို ထပ်မံတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts