spot_img
21.9 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းပညာရေးThe Team Myanmar ဇာတ်ကား ပြည်နယ် ကျေးရွာများတွင်လိုက်လံပြသ

The Team Myanmar ဇာတ်ကား ပြည်နယ် ကျေးရွာများတွင်လိုက်လံပြသ

-

ရှားမြာ 

တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်သရုပ်ဆောင်ထားသည့် The Team Myanmar ဇာတ်ကားကို ရပ်ရွာများအတွင်း မတူကွဲပြားမှု၊ ကလေးအခွင့်အရေး၊လူ့အခွင့်အရေး၊ ပုံသေသတ်မှတ်သည့် အယူသည်းမှုလျှော့ချရန် ရည်ရွယ်ပြီး ပြသမှုများ ပြုလုပ်လျှက်ရှိသည်ဟု ငြိမ်းဖောင်ဒေးရှင်းမှ စီမံကိန်းမန်နေဂျာ ကိုဒေဝါကဆိုသည်။

“ဗီဒီယိုပြပေးပြီးတော ရရှိတဲ့ ဗဟုသုတ မေးခွန်းတွေမေးတယ်။ကျောင်းနေအရွယ်ကလေးတွေ ကျောင်းမနေရပဲ အလုပ်လုပ်နေရတယ်။ ဒါမဖြစ်သင့်ဘူးပေါ့။ကိုယ့်ရွာကိုယ့်ဒေသမှာ ရှိတဲ့ ပုံသေအယူဆတွေ ဥပမာ အပျိုကြီးတွေက ဇီဇာကြောင်တယ်။ အပျိုကြီးတိုင်းက ဇီဇာမကြောင်ဘူးလေ။ ကယားကဖဲရိုက်တယ်။ ကယားအားလုံးက ဖဲရိုက်တာ မဟုတ်ဘူးလေ။”ဟု ကိုဒေဝါက ပြောသည်။

ကယားပြည်နယ်အတွင်း ကလေးအခွင့်အရေးမဆုံးရှုံးရန် ၊ လူ့အခွင့်အရေးမဆုံးရှုံးရန် ၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ   မတူကွဲပြားသော်လည်း အတူယှဉ်တွဲနေထိုင်သွားနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြသပေးခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ဇာတ်ကားကို ဒီမောဆိုနှင့် လွိုင်ကေ်ာမြို့တွင် ရှိသည့် ရွာ ၁၂ရွာအား ရွေးချယ်ပြသသွားမည်ဖြစ်ပြီး ၁၂ ရက်နေ့မှစပြီး ကုန်းသာကျေးရွာ၊ ဒေါငံရောက်၊ Access English program Loikaw (မိုင်းလုံး)၊ ဒေါဆန်းဘွန်းနေရာ ၄ နှင့် ဒီးမော့ဆိုရှိ   ဆယ်သဲကျောင်းတွင်လည်း ပြသခဲ့သည်ဟု သိရသည်။

The Team Myanmar ရုပ်သံဇာတ်လမ်းတွဲသည် အပိုင်း၁၃ပိုင်းပါပြီး ဇာတ်လမ်းတွဲတွင် မြန်မာနိုင်ငံအတွင်းရှိသည့် မတူကွဲပြားသည့်ဘာသာ၊လူမျိုးများအဖြစ် မျက်နှာသစ် သရုပ်ဆောင်များ ၊ ဝါရင့်သရုပ်ဆောင်များပူးတွဲ သရုပ်ဆောင်ထားကြပြီး   ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ထားသည့် ဇတ်ကားဖြစ်ကာ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)က ရိုက်ကူးထားသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ