spot_img
30.9 C
Loikaw
Thursday 12, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆို အရှေ့ခြမ်း၊ကျေးရွာတစ်ရွာမှာ လက်နက်ကြီးကျရောက်၊ ဒေသခံ တစ်ဦးကျည်စထိမှန်သေဆုံး

ဒီးမော့ဆို အရှေ့ခြမ်း၊ကျေးရွာတစ်ရွာမှာ လက်နက်ကြီးကျရောက်၊ ဒေသခံ တစ်ဦးကျည်စထိမှန်သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (ဇွန်လ ၃ရက်) မနက် ၁နာရီဝန်းကျင်မှာ ဒီးမော့ဆို အရှေ့ခြမ်းဖက်က ကျေးရွာ တစ်ရွာမှာ လက်နက်ကြီး လေးလုံး ကျရောက်ခဲ့ပြီး ဒေသခံ အမျိုးသားတစ်ဦး လက်နက်ကျည်စထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ဆီကနေသိရပါတယ်။

“ ဒီမနက် ၁နာရီ အချိန်လောက်မှာ ကျတာ။ ၁နာရီမထိုးခင် လက်နက်ကြီး တချို့ ကျပြီးတာတွေလည်း ရှိတယ်။ ၁နာရီ လောက်မှာလည်း ထပ်ကျတယ်။ လက်နက်ကြီး လေးလုံး ထုလာတာ။” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာကို လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်ပြီး မည်သည့် တပ်ကနေ ပစ်ခတ်လဲဆိုတာကိုတော့ မသိရှိရပါဘူး။ ကျေးရွာအတွင်းက ဒေသခံတွေကလည်း တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၄ရက်နေ့ကလည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ ဒီးမော့ဆို အရှေ့ဖက်ခြမ်း တစ်နေရာကို လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး နေအိမ်တစ်လုံးမီးလောင်သွားခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ