စိုင်းလင်းလင်းဦး   လက်ရှိကာလ၌ ပြောင်းစိုက်တောင်သူများနှင့် အခြားစိုက်ပျိုးသီးနှံစိုက်ပျိုးသည့်တောင်သူများ ၎င်းတို့ သီးနှံများ ထုတ်ရောင်းချရာတွင် အရှုံးနှင့် ရင်ဆိုင်နေရသည့် အခြေအနေအား နိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းဥက္ကဌ ဦးမင်းခိုင်နှင့် ကန္တာရဝတီတိုင်း(မ်)မှ တွေ့ဆုံမေးမြန်းထားသည်။ မေ။ ။လက်ရှိမြန်မာနိုင်ငံအပါအဝင်နဲ့ ကယားပြည်နယ်မှာ ပြောင်းထွက်ရာသီမှာ ဈေးနှုန်းမတည်ငြိမ်မှုတွေနဲ့ ကြုံနေကြရတယ်။ အဓိကပြဿနာက ဘာကြောင့်လဲပေါ့။ ဖြေ။ ။အဓိက ပြောင်းဈေးမတည်ငြိမ်မှုဆိုတာက အဓိကအချက်ကို ပြောရမယ်ဆိုရင် ထွက်လာတဲ့ပြောင်းကို ရောင်းရမယ့် ခိုင်မာတဲ့ ဈေးကွက်မရှိတာပါ။ အဲ့လိုဈေးကွက်ခိုင်မာမှုမရှိတဲ့အခါ ကြုံသလိုဈေးကွက်မှာ ကြုံသလိုရောင်းရတယ်ပေါ့။ ရောင်းတဲ့အခါမှာ ကုန်သည်ပွဲစားတွေရဲ့ ဈေးကစားမှုရဲ့ဒဏ်ပေါ့။ တစ်ဖက်ကလည်း မြန်မာပြည်ရဲ့ ပြည်တွင်းသုံး ပိုလျှံတဲ့ပြောင်းတွေကို Export လုပ်တဲ့အခါကျတော့ အဓိက တရုတ်နိုင်ငံကို ပို့ရတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ ပြောင်း ပြန်ဝယ်တဲ့သူတွေရဲ့ […]

ထျိူးမြာ   ဌာနေတိုင်းရင်းသား မျိုးနွယ်စုတွေဖြစ်ကြတဲ့အတွက် ကရင်နီလူမျိုးတွေဟာ မိမိတို့ရဲ့ မိရိုးဖလာ ရိုးရာဖားစည်ကို အထွဋ်အမြတ်ထားကြပါတယ်။ တချိန်က ကယား(ကရင်နီ)ပြည်ငယ်လေးထဲမှာ ဖားစည်တွေမြောက်များစွာရှိခဲ့ပေမဲ့ ခေတ်တကွေ့ရဲ့ စီးပွားရေးအခြေအနေ အကြပ်အတည်းနဲ့ နှစ်ပေါင်းရှည်ကြာကြီး ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တို့ရဲ့ အကျိုးဆက်တွေကြောင့် ဖားစည်တွေတဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ကြရပါတယ်။ ယခင်က ဖားစည်ကို ရပ်ထဲ၊ ရွာထဲမှာ လွယ်လွယ်ကူကူနဲ့မြင်တွေ့နိုင်ပါတယ်။ အခုချိန်မှာဖားစည်ကို အလွယ်တစ်ကူကြည့်ရှုချင်တယ်ဆိုရင်တော့ ကယားပြည်နယ် လွိုင်ကော်မြို့မှာရှိတဲ့ ယဉ်ကျေးမှုပြခန်းမှာသာ သွားကြည့်ရတော့မှာပါ။ ယခုဆိုရင် ပြခန်းမှာ ဖားစည်အလုံးရည်ပေါင်း ဆယ့်ခြောက်လုံးလောက်ဘဲထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ ပြတိုက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယဦးစီးမှူး ဦးဆော်ရယ်က ပြောပါတယ်။ ဖားစည်ရဲ့ပုံသဏ္ဍာန်ကတော့ မျက်နှာပြင်ပေါ်မှာရှိတဲ့ အလှဆင်အကွက်တွေကိုတော့ ဝါးကိုပုံဖော်ပြီး ဖယောင်းတွေပေါ်မှာ ရိုက်နှိမ့်ထားတာဖြစ်ပါတယ်။ ဖားစည်းရဲ့မျက်နှာပြင်ပေါ်မှာဆိုရင် ဖားရုပ်၊ ငါးရုပ်၊ […]

ဘိုထီး   ကမ္ဘာကြီးတခုလုံးဟာ အမြဲတမ်းတိုးတက်ပြောင်းလဲနေတယ်လို့ လူအများကပြောကြပေမဲ့ လူတစ်ဦးရဲ့ အရည်အချင်း၊ လူတစ်ဦးရဲ့တန်ဖိုးကို ကောင်းမြတ်တဲ့ စိတ်ထားထက် ငွေကြေးချမ်းသာကြွယ်ဝမှုနဲ့သာ တိုင်တာဆုံးဖြတ်ကြတာဟာ အနာဂတ်လောကကြီးအတွက် ရင်လေးစရာဖြစ်စေပါတယ်။ ရုပ်ရည်လှပတဲ့ အမျိူးသမီးပျိုလေးတွေကို လူပျိုလူငယ်တွေက ဝိုင်းဝိုင်းလည်နေတဲ့ အစဉ်အလာတွေ ၂၁-ရာစု ခောတ်ကြီးမှာ မထူးဆန်းတောပေမဲ့ သံယံဇာတပေါများကြွယ်ဝတဲ့ တိုင်းရင်းသားဒေသတွေကို သူပိုင် ငါပိုင် ငြင်းခုန်နေကြတဲ့ အင်အာကြီးအဖွဲ့ခေါင်းဆောင်တွေရဲ့ မြန်မာ့နိုင်ငံရေးဇတ်ခုံကြီး ယနေ့ထိ ကန့်လန်ကာ မချနိုင်သေးတာ အင်မတန်ပဲ အံ့ဩဖိုးကောင်းပါတယ်။ သမ္မတ ဦးသိန်းစိန် လက်ထက်ကစပြီး အရပ်သားအစိုးရလက်ထက်အထိ ဒုသမ္မတတွေဟာ တိုင်းရင်းသားများ ဖြစ်ကြပေမဲ့ တိုင်းရင်းသားအရေးဆောင်ရွက်နိုင်တဲ့ အခွင့်အာဏာ သူတို့မှာ မရှိကြပါဘူး။ တိုင်းရင်းသားခေါင်းဆောင် တော်တော်များများဟာ နိုင်ငံတော် အဆင့်မှာ ရာထူးတွေ […]

သာစု(ပြည့်စုံ)   ငွေတောင်ဆည်-ပြည်သူ့ဆည်ဆိုသည့်အတိုင်း အစိုးရသည်ပြည်သူ ပြည်သူသည်အစိုးရဖြစ်သည်။ ငွေတောင်ဆည်သည်ကယားပြည်နယ်၊ဒီးမောဆိုမြို့နယ်ရှိ ပတ်ဝန်းကျင်အတွက်သာမက တစ်ပြည်နယ်လုံး၊တစ်နိုင်ငံလုံးပြည်သူနှင့်လည်းသက်ဆိုင်ပါသည်။ငွေတောင်ဆည်ကြီး၏ရေရှည်ကျန်းမာရေးတောင့်တင်းခိုင်မာမှု၊ ပတ်ဝန်းကျင်လှပမှုသည်ပြည်သူတစ်ရက်လုံးနှင့်ပတ်သက်၍အမျိုးသားတာဝန်တစ်ရပ်ဟုခံယူ၍ ရေးသားတင်ပြလိုက်ရခြင်းဖြစ်သည်။ ဆည်ကြီးသည်တောင်သူလယ်သမား၊ပတ်ဝန်းကျင်ကျေးရွာ၊ရပ်ကွက်နေပြည်သူများအားထားရသောမိခင်ဆည်ကြီးဖြစ်သည့်အပြင် ရပ်ဝေးရပ်နီးဧည့်သည်များဘုရားဖူးလာသူတိုင်းဆည်ကြီးကိုလေ့လာခဲ့ကြပြီးမှခရီးသွားကြသည်။ ထို့ပြင်ပတ်ဝန်းကျင်ရိုကျေးရွာရပ်ကွက်ပြည်သူများသည်ငွေတောင်ဆည်ရေကိုသောက်သုံးရေးအနေဖြင့်သုံးစွဲအသုံးပြုနေသောကြောင့် ရေရှည်ကျန်းမာရေးအတွက်နှင့်ဆည်ရေသောက်ဧရိယာပတ်ဝန်းကျင်ထိခိုက်မူကိုထောက်ရှူ၍သေချာစီစ်လေ့လာကွင်းဆင်း၍ဝေဖန်သုံးသပ်ပြီးလုပ်ငန်းကိုဆောင်ရွက်သင့်ပါကြောင်းအကြုံပြုချက်များကိုတင်ပြလိုသည်။ ၁။ဆည်၏ရေဝေရေလဲဧရိယာစပ်အထိ အဆောက်အဦးအနီးကပ်ဆောက်လုပ်ခြင်းကိုခွင့်ပြုလိုက်ခြင်းဖြင့် ဆည်ကန်ညစ်ပတ်ခြင်း၊ရေညစ်ညမ်းစေပြီး ဆည်တိမ်ကောခြင်း၊ရေကိုခမ်းစေခြင်း၊အဆိပ်အတောက်ဖြစ်စေခြင်းဖြင့် ရေနေသတ္တုများဆည်ပတ်ဝန်းကျင်ကိုများစွာထိခိုက်နိုင်သည်။ ၂။ဆည်ကန်ဘောင်ပြုလုပ်ရာတွင်ရေဝပ်ဧရိယာစပ်အတွင်းဖြစ်နေ၍ခံနိုင်မူအားနည်းချက်ရှိမည်။ ဆည်မြင်ကွင်းကျဉ်းလာသလို ဆည်မြေပြင်ဧရိယာမြင်ကွင်းလည်းပျောက်ကွယ်လာနေသည်ကို တွေ့ရသည်။ အနည်းဆုံးရေဝပ်ဧရိယာနှင့်ကန်ဘောင်ပတ်လမ်းသည်အနည်းဆုံးပေ (၁၀၀) ပေအကွာအဝေးရှိသင့်ကြောင်းအကြုံပြုလိုပါသည်။ ၃။မြွေလိမ်မြွေကောက်ကန်ဘောင်ပတ်လမ်းကိုမြင်တွေ့ရသူတိုင်းတစ်မျိုးကြီးဘဲဟုဝေဖန်သုံးသပ်ကြသည်။ဆည်ကန်၏ပတ်ဝန်းကျင်မြင်ကွင်းနှင့်လူကြီးမင်းတို့၏ဂုဏ်သိက္ခာညိုးနွမ်းစေပါကြောင်းအကြုံပြုလိုပါသည်။ ၄။မြေတိုင်းဌာနကညွန်ကြားသည့်အနက်နောက်ဆုံးသတ်မှတ်သည့်မှတ်တိုင်အတိုင်းဆောင်ရွက်သွားပါကကြည့်မောရှူဝပါလိမ့်မည်ဟုအကြုံပြုလိုပါသည်။အောင်မင်္ဂလာရပ်ကွက်သည်၁၉၉၂ခုနှစ်တွင်တိုင်းပြည်ပြောင်းလဲမှု အခြေအနေအရဒီးမော့ဆိုသို့ရောက်ရှိလာပါသည်။ ၅။ငွေတောင်ဆည်ဧရိယာသတ်မှတ်ရာတွင်တစ်နှစ်နှင့်တစ်နှစ်တူညီသောဖော်ပြမူမရှိသောကြောင်းပြည်သူများစိုးရိမ်မကင်းလျက် (၁၀၀၉-၂၀၁၀) ခုနှစ်အထွေထွေဦးစီးဌာန၊မြေစာရင်းဦးစီးဌာန၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်ရပ်ကွက်ပြည်သူများကွင်းဆင်းကာလမ်းပြမြေပုံအဖြစ်အနေအထားရအောင်မင်္ဂလာရပ်ကွက်တတိယလမ်းကိုဆွဲယူကာတတိယလမ်းအထိခွင့်ပြုချက်ပေးကာပုံစံ (၁၀၅)ကိုထုတ်ပေးပြုလုပ်ဆောင်ရွက်ပြီးခဲ့ကြောင်းရပ်ကွက်ပြည်သူတိုင်းသိရှိကြပါသည်။ ဆောင်ရွက်ပေးခဲ့သောလူကြီးမင်းများကလည်းတတိယလမ်းကျော်လွန်လာခဲ့လျှင်ဆည်ဧရိယာအဖြစ်သတ်မှတ်၍တာဝန်ယူမည်မဟုတ်ကြောင်းမှာကြားခဲ့ပြီးဖြစ်ပါသည်။ ၆။(၂၀၁၃-၂၀၁၄)ခုနှစ်တွင်မြေပုံအနေအထားအရမြို့မကျေးရွာအုပ်ချုပ်ရေးမှူနှင့်ရပ်မိရပ်ဖများကတတိယလမ်းကျော်လွန်ခဲ့လျှင်ဆည်ဧရိယာအဖြစ်သတ်မှတ်၍အစည်းအဝေးပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းမှတ်တမ်းများလည်းရှိခဲ့ဖူးပါသည်။ အထက်ပါအပိုဒ် (၆) ပိုဒ်အပေါ်သုံးသပ်၍အားနည်းချက်အားသာချက်များကိုလေ့လာထောက်ရှူ၍ကန်ဘောင်ပင်လမ်းကိုအကောင်းဆုံးအနေအထားတစ်ခုဖြစ်အောင်အကောင်းအထည်ဖော်သင့်ကြောင်းသုံးသပ်မိပါသည်။ ဒေသခံပြည်သူတွေ အသိတရားအားနည်းမူအပေါ် အခြေခံပြီး ခရိုနီ၊ခရိုပြာ၊ခရိုနက်တွေကအခွင့်ကောင်းယူကာဆည်ဧရိယာမြေပြင်ကိုမြို့မြေဟုပြောင်းလဲမူပြုနိုင်ရန်ကြိုးစားအားထုတ်လျက်ရှိနေပါသည်။ ဒါဟာတရားဥပဒေစိုးမိုးရေးအားနည်းနေကြောင်းကိုဖော်ပြခြင်း၏သက်သေသာဓကတစ်ခုဟုယူဆမိပါသည်။ ဒေသခံ ပြည်သူများလည်း ဒီအပေါ်သင်ခန်းစာအဖြစ်ယူသင့်ပါပြီ။ အုပ်ချုပ်ရေးနှင့်မြေယာစီမံခန်းခွဲမှုအားကောင်းလာစေရေးအတွက် ဌာနဆိုင်ရာတစ်ခုနဲ့တခု ချိတ်ဆက်မှုအားတိုးမြင့်ခြင်းနှင့် အပြန်အလှန် […]

ငြိမ်းချမ်းသာယာတဲ့ သာသနာ လုပ်ငန်းလုပ်ကိုင်ရာမှ တောင်သူအရေးအတွက် အသက်နဲ့ရင်းပြီး ရင်ဆိုင်ခဲ့သူကတော့ ကယား( ကရင်နီ) ပြည်နယ်မှ ပထဦးဆုံး တောင်သူအရေးလှုပ်ရှားသူ ခူးသဲရယ်ပဲ ဖြစ်ပါတယ်။ အသားညိုညို အရပ်ထောင်ထောင်မောင်းမောင်းနဲ့ အသက် (၃၈)နှစ်ရှိပြီဖြစ်တဲ့ ခူးသဲရယ်ဟာ ကယားပြည်နယ် ဖရူဆိုမြို့နယ် လောဂျာကျေးရွာမှာ နေထိုင်ပြီး ကက်သလစ်ဘာသာမှ သာသနာလုပ်ငန်းကို ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့ ထွန်တုံးတိုက်ပွဲကို လုပ်ဆောင်ဖို့ တောင်သူတွေကို အကြံပေးခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ ၎င်းကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုခြင်းကိုလည်း ခံခဲ့ရသူ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ တောင်သူအရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နာတွေမှာ ခြိမ်းခြောက်ခံနေရတာတွေ ရှိတဲ့အတွက် သူ့အနေနဲ့ စိုးရိမ်စရာတွေ ဖြစ်နေတယ်လို့ […]

ဂျွန်ဖရီးကိုု ဖွံဖြိုးတိုုးတက်တဲ့ လူမှုအသိုုင်းအဝန်း တစ်ခုု တည်ဆောက်တဲ့နေရာမှာ အခြေခံကျတဲ့ အရာဟာ ပညာရေး ပဲဖြစ်ပါတယ်။ အာဏာရှင် ပညာရေး ဒါမှမဟုုတ် အလွတ်ကျက်ပညာရေး ကိုု ဆိုုလိုုနေတာတော့ မဟုုတ်ပါ။ မိမိတိုု့ရဲ့ အတွေးအခေါ်၊  အသိအမြင်၊ တီထွင်ဖန်တီးနုိုင်မှု စွမ်းရည် စတဲ့ အရာတွေကိုု ပိုုမိုုကောင်းမွန်လာအောင် သင်ယူ လေ့လာနိုုင်တဲ့ အရည်အသွေးပြည့် ပညာရေးကိုု ဆိုုလိုုခြင်းပါ။ ယခုုအချိန်မှာတော့ မြန်မာနိုုင်ငံအတွင်း နိုုင်ငံရေး ပြုပြင်ပြောင်းလဲမှု များ တဖြည်းဖြည်း ရှိလာသလိုု ဆယ်စုုနှစ်များစွာ နောက်ကျကျန်နေခဲ့ ရတဲ့ ပညာရေးစနစ် ကိုလည်း အပြောင်းအလဲများနဲ့ စတင်ဖို့ ခြေလှမ်းပြင်နေကြပါပြီ။ Right to Education : ပညာသင်ယူဖို့အခွင့်အရေး မြန်မာနိုုင်ငံမှာ […]

ယခုလိုဩဂုတ်လ ၊ စက်တင်ဘာလ ၊ အောက်တိုဘာလ အတွင်းဆိုရင် ကရင်နီမျိုးနွယ်စုတွေထဲက ကယား၊ ကော်ယော် (မိုနူမိုနော) ၊ ယင်းတလဲ မျိုးနွယ်စုတို့က နှစ်စဉ်နှစ်တိုင်း ရိုးရာဒီးကူပွဲကို လုပ်လာကြတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းအများကြီးတည်းက ကရင်နီမျိုးနွယ်စုထဲက လူမျိုးတစ်ခုဖြစ်တဲ့ ပရဲ့ ကယောတိုင်းရင်းသားလူမျိုးတွေဟာ    လည်း ကောက်ညှင်းထုပ်(ဒီးကူ)ပွဲတွေကို ကျင်းပခဲ့ကြပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ လောက်ကပဲ ဒီးကူလို့ခေါ်တဲ့ ကောက်ညှင်းထုပ်ပွဲတော်ကို မကျင်းပကြတော့ပါဘူးလို့ သိရပါတယ်။ ပရဲ့ကယောတွေရဲ့ ဒီးကူပွဲကို လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝ တုန်းက ဖရူဆိုမြို့နယ်၊ ဒိုမိုစောအုပ်စု ပလေလာရွာကနေ စခဲ့တယ်လို့ သိရပါတယ်။ ပြီးကျမှခီးလိုလာ၊ ဂျေဂျာ၊ ခရော့ခူ စတဲ့ရွာတွေ […]

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို ဆက်လက်သွားနိုင်သည်ဟု ၂၁ ပင်လုံညီလာခံအတွင်း တပ်မတော်ဘက်မှ ပြောဆိုတင်သွင်းခဲ့ခြင်းအပေါ် တိုင်းရင်းသားများမှ လက်မခံနိုင်ကြောင်းနှင့် ၂၀၀၈ ဥပဒေကို ပြင်ဆင်     သင့်ကြောင်း ပြောဆိုလိုက်သည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒုဥက္ကဌ ခူဦးရယ်က ၂၀၀၈ ဖွဲ့စည်းပုံထက် အတူတကွ လက်တွဲနိုင်သည့် ကိစ္စရပ်များနှင့် ဖက်ဒရယ်ကို တည်ဆောက်လိုသည်ဟု ဆိုလိုက်သည်။ ခူဦးရယ်က “ကျနော်ကတော့ ၂၀၀၈ကိုလည်း မဝေဖန်ချင်ဘူး။ ကျနော်တို့ သွားချင်တဲ့ ဖက်ဒရယ်ပုံစံမျိုးကိုပဲ ပြောကြတာ ကောင်းမယ်ထင်တယ်။ သူ့ဟာမကောင်းဘူး ကိုယ့်ဟာမကောင်းဘူးလို့ ပြောရင်တော့ ဘယ်တော့မှ ဆုံးမှာမဟုတ်ဘူး။ အားလုံး သဘောတူ လက်ခံနိုင်တဲ့ အခြေခံဥပဒေတစ်ခုကိုပဲ ကျနော်တို့ စဉ်းစားပြီး ရေးဆွဲကြတာတော့ […]

သူဌေးတွေအတွက် ထမင်းဟင်းချက်တဲ့ မီးဖိုဆောင်ခန်းလောက် အခန်းငယ်လေးတစ်ခန်းထဲမှာ မိသားစုခြောက်ယောက် နေထိုင်နေကြပါတယ်။ သူတို့တွေကတော့ ပိုလီယိုရောဂါရှိလို့ လမ်းမလျှောက်နိုင်တဲ့ အသက်သုံးဆယ်အရွယ်အစ်ကိုရယ်၊ ဒုကိ္ခတဘဝနဲ့နေနေရတဲ့ အသက်ငါးဆယ့်ငါးနှစ်အရွယ်အမေတစ်ယောက်ရယ်နဲ့ ကလေးသုံးယောက်ရယ်ကို ဦးဆောင်စီမံရတဲ့သူကတော့ အသက်၂ရနှစ်အရွယ်ရှိတဲ့ ဒေါ်ဆိုင်ခေါင်လေးပါ။ ဘုရားစင်၊ အိပ်ယာခင်း၊ ထမင်းအိုးဟင်းအိုး၊ အဝတ်ထုတ်တွေနဲ့ပြည့်နေတဲ့ သုံးထပ်သားခင်း အခန်းငယ်လေးတစ်ခန်းထဲမှာ မိသားစုခြောက်ယောက်နေနေရတဲ့နေရာကတော့ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နယ်မြေ-၆ တိလင်-၉ရပ်ကွက်ပါ။ ဒီရပ်ကွက်ဟာ စစ်ဘေးရှောင်ပြည်သူတချို့ အိမ်လာငှားနေကြတဲ့နေရာပဲဖြစ်ပါတယ်။ သူတို့တွေဟာ ဖေဖော်ဝါရီလတုန်းက စစ်ဖြစ်တဲ့ တော့ဆန်ရွာကနေ ကျောက်မဲမြို့ပေါ်က ဘုန်းကြီးကျောင်းမှာ စစ်ဘေးဒုက္ခသည်အဖြစ်နေခဲ့ပြီး မွေးစကလေးငယ်တစ်လပြည့်တော့ အထက်က ရပ်ကွက်ထဲမှာ အိမ်ငှားနေခဲ့ကြတာပါ။ ဒေါ်ဆိုင်ခေါင်လေးရဲ့အမျိုးသားကတော့ တော့ဆန်ရွာမှာ အလုပ်အဆင်မပြေလို့ ထိုင်းဘက်ကို အလုပ်သွားလုပ်လိုက်တာ ကိုးလလောက်ကြာသွားပြီလို့ သိရပါတယ်။ “ အစ်ကိုက […]

လွိုင်ကော်မြို့နယ် ဒေါဘူးငံ (၅) မိုင်ရွာသားများ စိုက်ပျိုးထားသည့် ပြောင်းခင်း၊ ပဲစင်းငုံခင်းများပေါ်တွင် စစ်တပ်မှ မြေကျင်းများတူးပြီး နှစ်ရှည်ပင်များ လာရောက်စိုက်ပျိုးထားသဖြင့် ပြောင်းပင်များနှင့် ပဲစင်းငုံပင်များ ပျက်စီးဆုံးရှုံးမှုများ ရှိနေသည်ဟု ရွာသားများက ပြောဆိုခဲ့ကြသည်။ ဒေါဘူးငံ(၅)မိုင်ရွာသားများသည် မထေားခူကျေးရွာ အနောက်ဖက်ခြမ်းတွင် ၅ ဧကခန့် စိုက်ပျိုးထားခဲ့ကြပြီး အဆိုပါမြေမှာ    တပ်ပိုင်မြေနှင့် အနီးအနားရှိနေသည့် နေရာဖြစ်ကြောင်း ရွာသားများက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။ “တကယ်လို့ သူတို့က ကြိုပြောမယ်ဆိုရင် ကျနော်တို့က မလုပ်လို့လည်းရပါတယ်။ ဒါပေမယ့် ရှိနေပြီးမှ လုပ်စားရတဲ့ ပြည်သူလူထု တောင်သူတွေကလည်း မရှိမဲ့ရှိမဲ့ ဝမ်းစာ အသက်မွေးဝမ်းကြောင်းက ဒါပဲရှိတယ်။” ဖျက်ဆီးခံရသည့် သီးနှံပင်များ၏   တန်ဖိုးနစ်နာကြေးကိုသာ ပြန်လည်ရလိုကြောင်း […]