spot_img
21 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeမာလ်တီမီဒီယာကရင်နီစစ်ရှောင်ကူညီဖို့ ဈေးရောင်းပွဲတော်ပြုလုပ်ပြီး ရန်ပုံငွေရှာဖွေ

ကရင်နီစစ်ရှောင်ကူညီဖို့ ဈေးရောင်းပွဲတော်ပြုလုပ်ပြီး ရန်ပုံငွေရှာဖွေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်တွင်းက စစ်ရှောင်တွေကို ကူညီဖို့အတွက် ဒီးကူပွဲ ပြုလုပ်ပြီး ရန်ပုံငွေရှာတဲ့ အစီအစဉ်တစ်ခုကို အောက်တိုဘာလ ၁၆ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ Karenni Community Chaigmai Thailand (KCCT) နဲ့ Karenni Tweets တို့ ပူးပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။

“ ဒီးကူပွဲဆိုပေမယ့်လည်း စျေးရောင်းပွဲတော် လုပ်တယ်ပေါ့နော။ စစ်ရှောင်တွေအတွက် အဓိက ထားပြီးတော့ ရန်ပုံငွေရှာခြင်းဖြစ်ပါတယ်။ ရလာတဲ့ အကျိုးအမြတ်တွေအားလုံး က အခုရယ်လို့ မဟုတ်ပါဘူးပေါ့နော။ ဒီအာဏာသိမ်းကတည်းက အစ်မတို့ လုပ်ဖြစ်တာပါ။ ပထမဆုံးအသုတ်က CDMအတွက်ပေါ့နော။ ဒုတိယ နောက်ပိုင်းကျတော့ စစ်ရှောင် ဒုက္ခရောက်တဲ့ လူတွေအတွက်ပေါ့နော။ “ လို့ ပွဲကို ဦးဆောင်ပြုလုပ်တဲ့ KCCTအတွင်းရေးမှူး နော်ဒါးဒါး က ရည်ရွယ်ချက်ကို ပြောပြပါတယ်။

ဒီးကူပွဲ ရန်ပုံငွေရှာတဲ့ အစီအစဉ်မှာဆိုရင် ရိုးရာအစားအသောက်ကို ဝယ်ယူအားပေးနိုင်တာအပြင် ဘောလုံးပြိုင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲ၊ အပျော်ဘောလီဘောကစားခြင်း နဲ့ တိုင်းရင်းသားရိုးရာအက ဖျော်ဖြေတင်ဆက်တာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

အောက်တိုဘာလ ၁၆ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အစီအစဉ်ကတော့ စစ်ရှောင်တွေရဲ့ ဆေးဝါးလိုအပ်မှုပိုင်းနဲ့ ရိက္ခာပိုင်းတွေမှာ အဓိက ကူညီနိုင်ဖို့အတွက် ဖြစ်တယ်လို့ အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ကရင်နီလူငယ်တစ်ဦးကပြောပါတယ်။

“ ကျနော်တို့ ရည်ရွယ်ချက်က ပြည်တွင်းအတွက် ရန်ပုံငွေရှာတာပေါ့။ အဓိက ကရင်နီပြည်တွင်းမှာရှိတဲ့ IDPsတွေအတွက်ပေါ့။ ကျနော်တို့ ထောက်ပံချင်တာက medical care နဲ့ ရိက္ခာ ပေါ့။ များသောအားဖြင့် ကျနော်တို့ focus ထားချင်တာက ဆေးဝါးပိုင်းပေါ့ စစ်ရှောင်တွေကိုပဲပေါ့။ “ လို့ ကရင်နီလူငယ်တစ်ဦး ကပြောပါတယ်။

အခုလို စျေးရောင်းပွဲတော်ပြုလုပ်ပြီး ရန်ပုံငွေရှာတဲ့ အစီအစဉ်ကို KCCTအဖွဲ့ကတော့ အာဏာသိမ်းပြီးကတည်းက စတင်ဆောင်ရွက်လာခဲ့တာဖြစ်ပြီး ဒီးကူပွဲ ခေါင်းစဉ်နဲ့ ဆောင်ရွက်တာကတော့ ၂ကြိမ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တခြား ရိုးရိုးစျေးရောင်းပွဲတော်ပြုလုပ်ပြီး ရန်ပုံငွေရှာတတာကိုတော့ ၆ကြိမ် ပြုလုပ်ခဲ့ပြီလို့ သိရပါတယ်။

စျေးရောင်းပွဲတော်မှာတော့ ခရုဟင်း၊ အမဲအူပြုတ်၊ အမဲခြောက်၊ ဝက်အူချောင်း စတဲ့ တိုင်းရင်းသားရိုးရာအစားအစာတွေနဲ့ တိုင်းရင်းသားဝတ်စုံတွေရောင်းချပြီး ရန်ပုံငွေရှာဖွေခဲ့တာဖြစ်ပါတယ်။လာမယ့် နှစ်သစ်ကူးမှာလည်း ဆက်လက်ပြီး စျေးရောင်းပွဲတော်ကို ဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ