spot_img
14.8 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းဝက်စာကျိုရာမှ နေအိမ်မီးလောင်မှုဖြစ်ပွား

ဝက်စာကျိုရာမှ နေအိမ်မီးလောင်မှုဖြစ်ပွား

-

ကန္တာရဝတီတိုင်း(မ်)

ကလေးငယ်အား ဝက်စာကျိုခိုင်းရာမှ နေအိမ်မီးလောင်မှုတစ်ခု ဒီးမော့ဆိုမြို့နယ် ဒေါငံခါး ရပ်ကွက် ၄ တွင် ဩဂုတ် ၁ဝ ရက် ညနေ ၆ နာရီ အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒေါ်အန်ဂျလာ နေအိမ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့နယ်မီးသတ်စခန်း မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက မီးငြိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီးဖြင့် ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးဖိုးဆောင်ထရံမှတစ်ဆင့် နေအိမ်အပေါ်ထပ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ထောင်၊ ပျဉ်ခင်း နှစ်ထပ်မှ အပေါ်ထပ်မီးလောင် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

ကလေးငယ်ကို ပေါ့ဆစွာစေခိုင်းသူ ဒေါ်အန်ဂျလာအား ဒီးမော့ဆိုမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ