spot_imgspot_imgspot_imgspot_img
Sunday, May 19, 2024
spot_imgspot_imgspot_imgspot_img

ဒီးကူပွဲတော်တွင်း ဖိုးဒီးခရီ(နတ်ရုပ်)ပြုလုပ်မှု ခရစ်ယာန်ဘာသာရေး လက်မခံနိုင်သေး

Author

Date

Category

ကယားထဲ

နှစ်စဉ်နှစ်တိုင်း အစဉ်အလာပျက် ရိုးရာဓလေ့တခုအနေနဲ့ အထွတ်အမြတ် ဆောင်ရွက်ကြ
တဲ့ ကရင်နီမျိုးနွယ်စုတွေရဲ့ အဲ့ဒိုပေါ်မီ (ခေါ်) ဒီးကူးပွဲဟာဆိုရင် ဘာသာရေးအနေနဲ့မလုပ်ရ
ဘူးလို့ တားမြစ်ထားတယ်လို့ တချို့သော ဘာသာဝင်တွေက ပြောဆိုထားကြတာရှိပါတယ်။
ယခုလို အချိန်ကာလဟာ ကရင်နီလူမျိုးတွေနေထိုင်ကြတဲ့ ကျေးရွာတိုင်း နေရာတိုင်းမှာ အဲ့ဒိုပေါ်မီ
ပွဲကို ပြုလုပ်နေကြပါတယ်။

အဲဒီပွဲဟာ ဘာသာရေးအနေနဲ့ တခြား တားမြစ်ထားတာမရှိပေမယ်လို့
ဘုရားမှအပ နတ်ကတော်ကဲ့သို့ အသက်သွင်းပြီး ယုံကြည်တဲ့တခုကိုတော့ တားမြစ်ထားတယ်လို့
ဖရူဆိုမြို့က ကက်သလစ်ဘာသာ ဘုန်းတော်ကြီး ကိုယ်တော်လီးရယ်က ဒေါခရော့ခူ ကျေးရွာမှာ
လုပ်တဲ့ အဲဒိုပေါ်မီပွဲမှာ ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့က ဖရူဆိုမြို့နယ် ဒေါခရော့ခူကျေးရွာမှာ စုပေါင်းပြီး အဲဒိုပေါ်မီပွဲ ကျင်းပ
ခဲ့ချိန် ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေက တက်ရောက်ခဲ့စဉ် ပြောကြားသွားပါတယ်။
ကိုယ်တော်လီးရယ်က “ ရိုးရာဓလေ့တခုဖြစ်တဲ့ ဖိုးဒီးကရစ်ကတော့ ကြက်ရိုးတွေထည့်တယ်၊ တခြား လိုအပ်တဲ့ဟာတွေထည့် တယ်နောက် အသက်သွင်းတယ်ပေါ့။ ဒါကတော့ ယုံကြည်လို့ရှိရင် နည်းနည်းအယူသီးသလို ဖြစ်တယ်ပေါ့။ ဒါကြောင့် ကျနော်တို့ဘာသာကတော့ ဒီတခုကိုတော့ ချန်ထားတာပေါ့။ တခြားဟာတွေတော့ အကုန်လုပ်ပါတယ်။” လို့ ပြောပါတယ်။

ဒါကတော့ ခရစ်ယာန်ဘာသာ ယုံကြည်ထားတဲ့သူတွေကိုပဲ တားမြစ်ထားတာ ဖြစ်ပါတယ်။
တခြား ကိုးကွယ်ယုံကြည်သူတွေအနေနဲ့ အဲ့ဒိုပေါ်မီ (ခေါ်) ဒီးကူးပွဲပါ အစိတ်အပိုင်းအားလုံး မလုပ်ရဘူးဆိုလို့ ဆိုလာတာ မဟုတ်ဘူး။
ဘာသာရေးအနဲ့နဲ့ ဖိုးဒီးကရစ်နဲ့ အသက်သွင်းပြီး နတ်ကတော်လို ယုံကြည်တဲ့တခုကိုသာ
တားမြစ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။ တခြား မကောင်းဆိုးဝါးတွေနှိမ်နင်းတဲ့ ဓလေ့တွေ
သေဆုံးသွားတဲ့ ဘိုးဘွားတွေ ၊ ဆွေမျိုးတွေ ၊ အာဇာနည်တွေကို ရည်စူးပြီးတော့ ဆွမ်းကပ်တာက
လည်း ရိုးရာအရ မပျက်ဆောင်ရွက်လို့ ရတယ်လို့ဆိုပါတယ်။

ဖိုးဒီးကရစ်လုပ်ရခြင်းဆိုတာကတော့ တဖက်မှာလည်း ကရင်နီသမိုင်းမှာဆိုရင် ကွယ်လွန်သွားတဲ့
ဆရာကြီးထဲဘူးဖဲရဲ့ ပြုစုထားတဲ့ စာတမ်းအရမှာဆိုရင် ဒါကတချိန်က ယွန်းလူမျိုးတွေ
ကို ကရင်နီ လူမျိုးတွေ တော်လှန်ခဲ့စဉ်က ဘုရင် အဖြစ်ဖော်ညွန်းပြီး တိုက်ထုတ်ခဲ့တယ်လို့
လေ့လာတွေ့ရှိထားတာရှိပါတယ်။ တဖက်မှာလည်း တခြား ယုံကြည်သူတွေ အနေနဲ့ ဖိုးဒီးကရစ်
ကိုဆက်လက်လုပ်လို့တော့ရပါတယ်လို့ ကိုယ်တော်လီးရယ်က ဆိုပါတယ်။

ယခုလို အဲဒိုပေါ်မီပွဲတော်ဟာ ပရဲ့ ကယောတို့ဘက်ကနေလည်း အရင်တုန်းက လုပ်ခဲ့ဖူးတဲ့ ရိုးရာပွဲတခုဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ သိပ်မလုပ်တော့ဘူးလို့ သိရပါတယ်။
ကယောအမျိုးသားတစ်ဦးဖြစ်တဲ့ ဦးမိုင်ကယ်ကတော့” သမိုင်းအရဆိုရင် ပရဲ့ကယောမှာစပါတယ်။ သောသီးဖိုအုပ်စု ၊ ကေခီး ပေခီး. ဘက်ကနေ ဇွန်လကတည်းကစတယ်။ အဲဒီကနေ တဖြည်းဖြည်း အရှေ့ဘက် နောက်ဘက် ကြယ်ဖိုးကြီးဘက် ကူးစက်သွားတာဖြစ်ပါတယ်။ ဒီပွဲကမရှိခဲ့တာတော့မဟုတ်ဘူး။ ရှိခဲ့ပါတယ်။” လို့ ပြောပါတယ်။

အဲလိုလူမျိုးစုတွေအလိုက် ရိုးရာဓလေ့ပွဲတော်တွေကို ဆက်လက်ဖော်ထုတ်ဖို့၊ ထိန်းသိမ်းဖို့
လိုတယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကတိပေးထားပါတယ်။
“ဒီလိုရိုးရာဓလေ့ကိုဖော်ဆောင်တဲ့နေရာမှာ အစိုးရဘက်ကလည်း အမြဲပူးပေါင်းဆောင်ရွက်ပါမယ်။”လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

spot_img
spot_img

Recent posts