spot_img
19.4 C
Loikaw
Tuesday 17, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းရက်ပေါင်း ၅၀ကျော် ကြာအောင် စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဖရူဆိုဒေသခံတစ်ဦး ပြန်လည်လွတ်မြောက်လာ

ရက်ပေါင်း ၅၀ကျော် ကြာအောင် စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဖရူဆိုဒေသခံတစ်ဦး ပြန်လည်လွတ်မြောက်လာ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်ထီးကလူဒေါရွာမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရတဲ့ အသက် ၅၀ အရွယ်ဒေသခံတစ်ဦးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာပါတယ်။

ဇွန်လ ၁၀ နေ့တုန်းက နေရပ်ပြန်ကြည့်တဲ့အချိန်မှာ အဖမ်းဆီးခံရတာဖြစ်ပြီး ရက်ပေါင်း ၅၀ ကျော်ကြာအောင် ဖရူဆိုမြို့အနီးက ခမရ ၅၃၁ တပ်စခန်းမှာ ထိန်းသိမ်းခံထားရတာပါ။

“အစကတော့ တစ်လ ထောင်ချမယ် သူပြောတယ်၊ အဲတော့ အင်တာဗျူး ဖြေခိုင်းတာပေါ့၊ ကိုယ်ကလည်း စကားမတတ်တော့ သွက်သွက်လက်လက်ပြောပေးရတယ်၊ စကားလည်း မှားတော့ နောက်ထပ်တစ်လ ထပ်ထောင်ချခံရတာ၊ အဲ့တော့ နှစ်လ ဖြစ်သွားတာ၊ ခုခါကျတော့ နည်းနည်းမေးတယ်၊ ပြီးတော့ မျက်လုံး ပိတ်ထားပြီးတော့ အပြင်ကို ဆွဲထုတ်ပြီးတော့ ပို့ပြန်လိုက် ဆိုပြီး သူ့တပည့်ပြောတော့ ကျနော် ပြန်လွတ်လာတယ်။”လို့ ပြန်လည်လွတ်မြောက်လာတဲ့ အသက် ၅၀ အရွယ်အမျိုးသားက ပြောပါတယ်။

ထိန်းသိမ်းခံထားရစဉ်မှာ အခန်း ၈ ပေ၊ ၉ ပေ ပတ်လည်ရှိတဲ့ အခန်းတစ်ခုမှာ ထားရှိပြီး မိသားစုနဲ့ အဆက်အသွယ်မရသလို တွေ့ခွင့်ရတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။ တပ်စခန်းအတွင်းမှာတော့ တခြားသော ဒေသခံလူထု (၄) ဦးအထိ အဖမ်းဆီးခံထားရတာကို ပထမဆုံးရက်မှာ လျှပ်တပြက် တွေ့ရှိခဲ့ပေမယ့် စကားပြောဆိုခွင့်၊ တွေ့ခွင့်မရကြဘူးလို့ သူက ဆက်ပြောပါတယ်။

“ဘာဖြစ်ဖြစ်ပေါ့နော၊ စိတ်ကို ခိုင်ခိုင်ထားရမယ်ဆိုပြီးတော့ တစ်နေ့ကျရင် ရက်ပြည့်ရင်တော့ ပြန်ရမယ်ဆိုပြီး စိတ်ကို ခိုင်ခိုင်ထားလိုက်တယ်၊ နောက်ပြီးတော့ ဘုရားကို ရှိခိုးတာပေါ့နော”လို့ သူက ဆက်ပြောပါတယ်။

ဖမ်းဆီးခံရစဉ်က တစ်ရက်ကို ထမင်းနှစ်နပ် စားရပေမယ့် ဝဝလင်လင်မရှိတဲ့အပြင် ရေအသုံးပြုခွင့်မရတာတွေကြောင့် ဖျားနာမှုတွေနဲ့လည်းကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖရူဆိုမြိုနယ်အတွင်းမှာ စစ်တပ်က ကင်းရှည် ထွက်ယူတာမျိုးရှိသလို အမှတ် ၁၄ တပ်စခန်းနဲ့ တခြားတပ်စခန်းတွေကိုလည်း လက်နက်၊ ခဲယမ်း၊ ရိက္ခာ ဖြည့်တင်းမှုတွေ ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ