KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၇) ရက်၊ (ကြာသပတေးနေ့)
– (KNDF) တပ်ရင်း အမှတ်(၂၃) မှ (၁၀) ရက်တာ အရံတပ် သင်တန်းဆင်းပွဲပြုလုပ်ခဲ့
– ရက်ပေါင်း ၅၀ကျော် ကြာအောင် စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဖရူဆိုဒေသခံတစ်ဦး ပြန်လည်လွတ်မြောက်လာ
– တိုင်းရင်းကြက် အကောင်ရေ ၅၀၀၀ ကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့ မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “အင်တာဗျူး အစီအစဉ်” ကနေ “ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုအခြေအနေနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟို သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးနဲ့ မေးမြန်းခြင်း” ကိုလည်း ထုတ်လွှင့်ပေးသွားဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။