spot_img
18.2 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းက ဒေသအချို့မှာ ရက်သတ္တပတ်အတွင်း မိုးထစ်ချုန်းရွာနိုင်တာကြောင့် သဘာဝဘေးအန္တာရာယ် သတိထားဖို့ NUG အသိပေး

ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းက ဒေသအချို့မှာ ရက်သတ္တပတ်အတွင်း မိုးထစ်ချုန်းရွာနိုင်တာကြောင့် သဘာဝဘေးအန္တာရာယ် သတိထားဖို့ NUG အသိပေး

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဩဂုတ်လ ၁၁ ရက်ကနေ လာမယ့် ဩဂုတ်လ ၁၇ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းက ဒေသအချို့တွေမှာ မိုးထစ်ချုန်း ရွာနိုင်တာကြောင့် သဘာဝဘေးအန္တာရာယ်တွေကို သတိထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အသိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါ ရက်သတ္တပတ်အတွင်း မိုးထစ်ချုန်းရွာနိုင်မယ့် ဒေသတွေကတော့ ကရင်နီပြည်အပါအဝင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ ဖြစ်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်မြောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ‌တော့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ဆိုပါတယ်။

အထူးသဖြင့် မြစ်ရိုးတလျှောက်ဒေသတွေမှာ နေထိုင်တဲံ ပြည်သူတွေအနေနဲ့ မြစ်ရေကြီးမှု ဘေးအန္တရာယ်ကို အထူးသတိပြုပြီး ကြိုတင် ရှောင်ရှားနိုင်ကြဖို့လိုအပ်သလို မြစ်ဝကျွန်းပေါ်ဒေသ၊ မြန်မာနိုင်ငံတောင်ပိုင်း ဒေသတွေမှာ မိုးကြီးတာ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါ ရက်သတ္တပတ်အတွင်း မိုးထစ်ချုန်းရွာသွန်းမှုနဲ့အတူ မြို့ပြရေလွှမ်းမိုးတာ၊ တောင်ပေါ်ဒေသတွေမှာ မြေပြိုတာ၊ တောင်ပြိုတာနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ကမ်းပါးပြိုတာ စတဲ့သဘာဝဘေးအန္တာရာယ်တွေ ဖြစ်ပေါ်လာနိုင်တာကြောင့် သတိထားဖို့ လိုအပ်ကြောင်းကိုလည်း NUG က တိုက်တွန်းထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ