spot_img
21 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းနိုင်ငံတစ်ဝှမ်းမှာ စစ်ကော်မရှင်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ၂လကျော်အတွင်း ၁၈ နှစ်အောက် ကလေး ၅၆ ဦး သေဆုံး

နိုင်ငံတစ်ဝှမ်းမှာ စစ်ကော်မရှင်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ၂လကျော်အတွင်း ၁၈ နှစ်အောက် ကလေး ၅၆ ဦး သေဆုံး

-

ကန္တာရဝတီတိုင်း ( မ် )

မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကော်မရှင်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ၂ လကျော်အတွင်း အသက် ၁၈ နှစ်အောက် ကလေး စုစုပေါင်း (၅၆) ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ သေဆုံးသူ (၅၆) ဦးစာရင်းဟာ AAPP ကနေ လက်လှမ်းမီကောက်ယူထားတဲ့ စာရင်းတွေဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ကနေ ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့အထိ ၂လကျော် အတွင်းက စာရင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၁၈ နှစ်အောက် ကလေးငယ်တွေထဲက မိန်းကလေး (၂၇) ဦးနဲ့ ယောကျာ်းလေး (၂၉) ဦး စုစုပေါင်း (၅၆) ဦး ဖြစ်ပါတယ်။

သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းကတော့ (၃၉) ဦးမှာ စစ်ကော်မရှင်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး (၁၂) ဦးမှာတော့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒုတိယအများဆုံး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ တစ်လအတွင်းမှာပဲ မြန်မာနိုင်ငံ တစ်ဝှမ်းမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည်က အသက် ၁၈ နှစ်အောက် ကလေး သုံးဦးအပါအဝင် ၃၃ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်ရဲ့ လုပ်ရပ်ကြောင့် ဩဂုတ်လ တလတာ အတွင်း အရပ်သား ပြည်သူ စုစုပေါင်း ၁၄၀ နီးပါး သေဆုံးခဲ့ရပါတယ်။ စစ်ကော်မရှင် အာဏာ စသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် ကနေ စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်အထိ သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ နဲ့ ပြည်သူစုစုပေါင်း (၇၂၂၅) ဦး ရှိခဲ့တယ်လို့ AAPP ရဲ့ စာရင်းအရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ