spot_img
Homeသတင်းလွိုင်ကော်အရှေ့ခြမ်းမှာ ငှက်ဖျားရောဂါအဖြစ်များ၊ ကြိုတင်ကာကွယ်ဖို့ခြင်ထောင်တွေ လိုအပ်နေ

လွိုင်ကော်အရှေ့ခြမ်းမှာ ငှက်ဖျားရောဂါအဖြစ်များ၊ ကြိုတင်ကာကွယ်ဖို့ခြင်ထောင်တွေ လိုအပ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင် စခန်းတွေမှာ စစ်ဘေးရှောင်လူထုတွေအကြား ငှက်ဖျား ရောဂါ အဖြစ်များနေပြီး ကြိုတင်ကာကွယ်ဖို့ ခြင်ထောင်တွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ကယားလီဖု အဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

“မိုးရာသီဆိုတော့ ခြင်ထောင် တွေလိုအပ်တယ်။ ဒီမှာကလည်း ငှက်ဖျား အဖြစ်များဆုံး ရာသီဖြစ်တယ်။ ဆိုတော့ ရွာတိုင်းကလည်း ငှက်ဖျားဖြစ်နေကြတဲ့ အခြေအနေ မှာရှိတယ်။ ဒီငှက်ဖျားကို ကာကွယ် ဖို့အတွက် ခြင်ထောင် တွေ လိုအပ်နေတာ ရှိတယ်”လို့ ကယားလီဖု အဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

ခြင်တွေ များလွန်းတာကြောင့် ညဆို ခြင်ထောင် မပါရင် အိပ်လို့ မရကြောင်း စစ်ရှောင် အမျိုးသား တဦးက အခုလို ပြောပါတယ်။

“ဒီမှာက ခြင်တွေ အရမ်းပေါတယ်။နေ့လည်ခင်းတွေတောင် ကိုက်တယ်။ ညဆိုခြင်ထောင် မရှိရင် လုံးဝ အိပ်လို့ မရနိုင်တဲ့ အခြေအနေ တခုမှာ ရှိနေတယ်။ ခြင်ထောင် ထောင်တာတောင်မှ ၃ ကောင် ၄ ကောင်လောက်က ဝင်လာနိုင်သေးတယ်။ နောက်ဆက်တွဲ အနေနဲ့ ငှက်ဖျားတွေ အဖြစ်များကြတယ်။ ကျနော်တို့ နေရာကတော့ သိပ်ပြီးတော့ မကြားရသေးဘူး။ ဒါပေမယ့် တခြားသော နေရာတွေကတော့ ပိုအဖြစ်များတယ်” လို့ စစ်ဘေးရှောင်အမျိုးသားတဦးကပြောပါတယ်။

ကရင်နီပြည် လွိုင်ကော် မြို့နယ် အရှေ့ဘက်ခြမ်းမှာတော့ စစ်ရှောင်အုပ်စု ၄ စု ရှိပြီး စုစုပေါင်း လူဦးရေ ၁ သောင်းကျော် ရှိတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ