spot_img
Homeသတင်းဒေသတွင်းစစ်ရေးအခြေအနေကြောင့် နန်းမယ်ခုံမြို့က ဒေသခံတွေ ငါးမွေမြူရေး မလုပ်နိုင်တော့

ဒေသတွင်းစစ်ရေးအခြေအနေကြောင့် နန်းမယ်ခုံမြို့က ဒေသခံတွေ ငါးမွေမြူရေး မလုပ်နိုင်တော့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် နန်းမယ်ခုံမြို့မှာ ဒေသတွင်းစစ်ရေးအခြေအနေတွေကြောင့်အပြင် ပြီးခဲ့တဲ့နှစ်တွေမှာ ရေကြီးရေလျှံမှုတွေကြောင့် စီးပွားဖြစ်ငါးမွေးမြူရေးလုပ်ငန်းကို မလုပ်ကြတော့ဘူးလို့ ဒေသခံတွေဆီကနေသိရပါတယ်။

“သူခိုးလဲများ၊ သွားအိပ်စောင့်လို့လဲမရ၊ လက်နက်ကြီးလဲလာ၊ တိုက်ပွဲလဲအချိန်မရွေးဖြစ်နိုင်တယ်လေ။ အဲ့လောက်ထိအသက်စွန့်ပြီးတော့လဲ မလုပ်ချင်ဘူးလေ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စီးပွားဖြစ်ငါးမွေးမြူကြတဲ့ နန်းမယ်ခုံမြို့မှာတော့ ယခင်က ငါးကြင်း၊ မှော်စားငါးအမျိုးစားတွေကို ကန်တွေနဲ့ စနစ်တကျမွေးမြူခဲ့ကြတာပါ။ အခုတော့ ဒေသတွင်းအခြေအနေအရ စစ်ကြောင်းတွထိုးတာ၊ တိုက်ပွဲဧရိယာနဲ့ နီးကပ်နေတာ၊ လက်နက်ကြီး၊ ဒရုန်းတွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ငါးမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်သူမရှိသလောက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ငါးသားပေါက်တွေ ဝယ်ယူရခက်တဲ့အခြေအနေတွေလည်းရှိနေပါတယ်။

“တခုခုလုပ်ကိုင်စားသောက်ရတာလည်း အဆင်မပြေတဲ့အတွက်ကြောင့်မို့လို့ ငါးသားကို ဆက်မဖောက်တော့တာ။ ပြီးတော့ စစ်ရေးအခြေအနေကြောင့် ပြေးရမလား၊ ဒါမှမဟုတ် ဆက်နေရမလားဆိုတဲ့ အခြေအနေက မရေရာဘူးပေါ့နော” လို့ ငါးမွေးမြူရေးလုပ်ကိုင်ခဲ့တဲ့ အမျိုးသမီးတဦးကပြောါပတယ်။

အာဏာမသိမ်းခင်က ငါးမွေးတဲ့လုပ်ငန်းဟာ မိသားစုအတွက် ဝင်ငွေရလမ်းတစ်ခုဖြစ်ပြီး လက်ရှိမှာတော့ ဒေသခံပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေရကာ ၅ နှစ်နီးပါး ငါးမွေးတာ ရပ်တန့်ထားရတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ