Homeသတင်းကျောင်းဖွင့်ကာလရောက်ပြီဖြစ်ပေမဲ့ စစ်ရှောင်စာသင်ကျောင်းတွေမှာ အကူအညီလိုအပ်ချက်တွေ များနေကြဆဲ

ကျောင်းဖွင့်ကာလရောက်ပြီဖြစ်ပေမဲ့ စစ်ရှောင်စာသင်ကျောင်းတွေမှာ အကူအညီလိုအပ်ချက်တွေ များနေကြဆဲ

-

ကန္တာရဝတီတိုင်း(မ်)

ကျောင်းပြန်လည်ဖွင့်လှစ်ဖို့ အချိန် နီးကပ်လာပြီးဖြစ်ပေမဲ့လည်း လက်ရှိ ကရင်နီပြည်၊ စစ်ရှောင် စခန်းက စာသင်ကျောင်းတွေမှာ အကူအညီနဲ့ လိုအပ်ချက်တွေ များနေကြဆဲပဲလို့ ကျောင်းအသီးသီးက တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

စစ်ရှောင်စခန်းတွေမှာ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့ တချို့ကျောင်းတွေမှာ ကျောင်းဆောင်ပြုပြင်ဖို့၊ အသစ်ဆောက်လုပ်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရသလို၊ တချို့စာသင်ကျောင်းတွေမှာ ကျောင်းသုံးသင်ထောက်ကူတွေ၊ စာရေးကိရိယာကအစ ကျောင်းဝန်ထမ်း(ဆရာ၊ဆရာမ) အဆုံး လိုအပ်နေဆဲဖြစ်တဲ့ ကျောင်းတွေလည်းရှိနေတာပါ။

ပြီးခဲ့တဲ့ အပတ်က မေလ ၁၈ ရက်နေ့မှာလည်း မိုးလေပြင်းတိုက်ခတ် မှုကြောင့်လည်း ဖရူဆို အရှေ့ခြမ်းက ထျေးစဲကူးကျောင်းမှာလည်း ကျောင်းဆောင် အမိုးအကာ ပျက်စီးခဲ့တာကြောင့် ပြန်လည် ဆောက်လုပ်ဖို့ အကူအညီလိုအပ်နေကြောင်းကိုလည်း ကျောင်းတာဝန်ခံ ဆီကနေ သိရပါတယ်။

အဆိုပါ မိုးကြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့တဲ့ စာသင်ကျောင်းဆောင် အမိုးအကာအတွက် မြေပြင် အဖွဲ့အစည်းအချို့နဲ့ IEC ပညာရေးအဖွဲ့ဆီ အကူအညီ တင်ပြတောင်းခံထားတာရှိပေမဲ့ လက်ရှိထိတော့ မရသေးဘူးလို့ ထျေးစဲကူးကျောင်းက ကျောင်းတာဝန်ခံက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“တောင်းခံတင်ပြထားပါတယ်။ လောလောဆယ်တောမရသေးဘူးပေါ့။ အမိုးအကာ၊ ဆယ်သဲဖောင်ဒေးရှေးအဖွဲ့အစည်းဆီ၊ IEC ပညာရေးမှူးဆီ တင်ပြထားပါတယ်။”လို့ ကျောင်းတာဝန်ခံက ဆိုပါတယ်။
နေရာဒေသအရ အဆိုပါ ဖရူဆိုမြို့နယ်အပြင် လွိုင်ကော်မြို့နယ်အရှေ့ခြမ်း၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းတွေမှာလည်း လိုအပ်ချက်များစွာရှိနေကြတာပါ။

ကျောင်းဆောင် အမိုးအကာ ပျက်စီးသွားတဲ့ ထျေးစဲကူးကျောင်းဟာ Grade- 1 ကနေ Grade- 9 ထိဖွင့်လှစ်ထားပြီး ကျောင်းသားစုစုပေါင်း ၁၂၃ ဦးနဲ့ ကျောင်း ဆရာ/မ ၁၂ ဦးနဲ့ သင်ကြားနေတယ်လို့ ဆိုပါတယ်။

လာမည့် ဇွန်လမှာ ကျောင်း ဖွင့်လှစ်ဖို့ စီစဉ်ထားတာကြောင့် လိုအပ်ချက်တွေ ဖြည့်ဆည်းကူကြဖို့ကိုလည်း ကျောင်းတာဝန်ခံက တောင်းဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ