spot_img
Homeသတင်းကျောင်းဆရာ၊ဆရာမ ထောက်ပံ့ကြေးအတွက်ရည်ရွယ်ပြီး ကျေးရွာခံတွေ ပြောင်းစိုက်ပျိုး

ကျောင်းဆရာ၊ဆရာမ ထောက်ပံ့ကြေးအတွက်ရည်ရွယ်ပြီး ကျေးရွာခံတွေ ပြောင်းစိုက်ပျိုး

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ နမ်းမယ်ခုံမြို့နယ်ထဲက ကျေးရွာတရွာမှာ ကျောင်းဆရာ၊ဆရာမတွေကို ထောက်ပံကြေးပေးနိုင်ဖို့ရည်ရွယ်ပြီး ကျေးရွာခံတွေ စုပေါင်းကာ ပြောင်းစိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။

သင်ကြားရေး ဆရာ၊ ဆရာမတွေကို တပိုင်တနိုင်ထောက်ပံ့ကြေးပေးနိုင်ဖို့ ပြောင်းခင်း(၃)ဧက စိုက်ပျိုးခဲ့ကြတယ်လို့ ဆိုပါတယ်။

“ကျောင်းရန်ပုံငွေအတွက်။ ပြီးတော့ ဆရာ၊ဆရာမ လစာပေးနိုင်ဖို့အတွက်။ မလောက်ဘူးလေ ဆရာ၊ဆရာမတွေအတွက်က ကလေးအပေါ် တစ်ယောက်နှစ်သောင်းကောက်လဲ။ တစ်ယောက်ကို (၃)သိန်းလောက်ပေးချင်တယ်” လို့ ကျောင်းသား မိဘတဦးက ပြောပါတယ်။

အခုလို ပြောင်းခင်းစိုက်နိုင်ဖို့ ပြောင်းဖူးမျိုးစေ့ (၁၀)ထုပ်ကုန်ကျပြီး ကျေးရွာခံတွေဟာ လုပ်အားပေး စိုက်ပျိုးခဲ့ကြတာပါ။ တခြားစိုက်ပျိုးကုန်ကျစရိတ်က ပိုများပြားတာကြောင့် ပြောင်းစိုက်ပျိုးဖို့ ကျေးရွာခံတွေက ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြောင်းကို ဇွန်လအတွင်း စိုက်ပျိုးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပေါင်းလိုက်တာ၊ ခြံရှင်းတာ လုပ်ဆောင်နေကြပါတယ်။ ပြောင်းပင် ပိုးမကျဖို့နဲ့ အထွက်နှုန်းကောင်းဖို့ ၊ ပြောင်းဈေးနှုန်းကောင်းဖို့ ကျေးရွာခံတွေက မျှော်လင့်နေကြတယ်လို့လည်း ပြောပါတယ်။

အဆိုပါ ကျေးရွာက စာသင်ကျောင်းမှာ ကျောင်းသားဦးရေ (၁၀၃)ဦး နဲ့ ဆရာ၊ ဆရာမ (၁၃) ဦးရှိတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ