spot_img
Homeသတင်းKNPP အပါအဝင် EAOs တချို့ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ ထိုင်းတို့ တွေ့ဆုံခဲ့

KNPP အပါအဝင် EAOs တချို့ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ ထိုင်းတို့ တွေ့ဆုံခဲ့

-

ကန္တာရဝတီတိုင်း (မ်)

မနေ့က ဇူလိုင် ၁၃ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး (အာဆီယံအထူးကိုယ်စားလှယ်) နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အပါအဝင် မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တချို့နဲ့ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အပါအဝင် ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ မွန်ပြည်သစ်ပါတီကခေါင်းဆောင်တို့နဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာစပ် တို့ ပါဝင်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။

တွေ့ဆုံမှုမှာ ဘာအကြောင်းအရာတွေကို ဦးစား‌ပေးဆွေးနွေးသွားကြသလဲဆိုတာသိရဖို့ ကန္တာရဝတီတိုင်း (မ်) က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းပြန်ခြင်းတော့မရှိသေးပါဘူး။

ဇူလိုင် ၁၃ ရက်နေ့ တရက်တည်းမှာပဲ နေပြည်တော်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဖြစ်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်တချို့နဲ့ အဆိုပါ နိုင်ငံခြားရေးရာဝန်ကြီးတို့က တွေ့ဆုံခဲ့ပါသေးတယ်။

အခုတစ်ခါတွေ့ဆုံမှုမှာ နှစ်နိုင်ငံ နယ်စပ်မျဥ်းတွေမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ တွေ့ဆုံတာကိုတွေ့ရပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တော့ ပါဝင်ခြင်းမရှိပါဘူး။

အစိုးရရဲ့မူဝါဒအရ ထိုင်းနိုင်ငံက အကျိုးစီးပွားအပေါ်မူတည်ပြီး မြန်မာ့တော်လှန်ရေးအင်အားစုတွေအပါအဝင် သမ္မတအဖြစ်တာဝန်ယူနေတဲ့ စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင် စစ်အစိုးရတို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့လည်း သတင်းတွေအရ သိရပါတယ်။

လာမယ့် သြဂုတ်လအစောပိုင်းမှာလည်း စစ်အစိုးရက အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို နိုင်ငံတော်ခရီးစဥ်အဖြစ်လာရောက်လည်ပတ်ဖို့ ရှိတယ်လို့လည်း သတင်းတွေအရ သိရပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ