မင်္ဂလာပါရှင့်…..
ဩဂုတ်လ (၂၇) ရက်နေ့အတွက် ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ ညနေခင်းရုပ်သံသတင်းကို တင်ဆက်ပေးပါမယ်။
00:00 – အဖွင့်
00:48 – ရှမ်း-ကရင်နီနယ်စပ်နဲ့ နန်းမယ်ခုံဖက် ဆက်သွယ်ထားတဲ့ လမ်းတွေကို အသုံးပြုသွားလာတာ မလုပ်ဖို့ မိုးဗြဲ PDFက အသိပေးထားတဲ့သတင်း၊
01:55 – ဖရူဆိုမှာ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်က ကျေးရွာထဲထိရောက်လာပြီး လက်နက်ငယ်နဲ့ ပစ်ခတ်လို့ အရပ်သားတစ်ဦး ထိခိုက်ထားတဲ့သတင်း၊
02:54 – မူးယစ်ဆေးဝါးမှုတွေ လျှော့ချရေးအတွက် လူထုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ဖို့ KSPက တိုက်တွန်းလိုက်တဲ့အကြောင်းနဲ့
04:08 – အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းဗုံးနဲ့တိုက်ခိုက်မှုကြောင့် ကရင်နီမှာ တလအတွင်း အရပ်သား ၉ ဦး သေဆုံးခဲ့တဲ့သတင်း စတဲ့သတင်းတွေကို ကြည့်ရှုနားဆင်ရပါမယ်ရှင့်။
05:17 – အပိတ်
ကန္တာရဝတီတိုင်း(မ်) ရဲ့ ညနေခင်းသတင်းတွေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးနေကြတဲ့ ပရိတ်သတ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေရှင့်…..
ဩဂုတ်လ (၂၇) ရက်နေ့အတွက် ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ ညနေခင်းရုပ်သံသတင်း
-





