KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ( ၂၃ ) ရက်၊ (ဗုဒ္ဓဟူးနေ့)
-ဒီးမော့ဆိုအနောက်ခြမ်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး သေဆုံးမှုဖြစ်ပွား
– ဖရူဆိုမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသားတဦး ဒဏ်ရာရ
– SCEF ရဲ့ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်က နိုင်ငံရေးကိုယ်စားပြုမှုနဲ့ ဆုံးဖြတ်ချက်ချမှတ်ရာမှာ အမျိုးသမီးတွေ ပါဝင်နိုင်ဖို့ ရည်ရွယ်
– ကရင်နီဒေသရှိ လူငယ်တွေရဲ့ အသေးစားလုပ်ငန်းတွေကို မတည်ငွေထောက်ပံ့တဲ့ အစီအစဉ် SAGE ဆောင်ရွက်နေ
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသအခြေအနေ၊ ကုန်ဈေးနှုန်းသတင်းနဲ့ သုတအဖြာဖြာအစီအစဉ်ကနေ “အယ်လ်နီညိုရဲ့ သက်ရောက်မှုများနဲ့ ကြိုတင်ပြင်ဆင်သင့်တဲ့ အချက်များ” ဆိုတဲ့အကြောင်းကိုလည်း ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါ
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ် ။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။





