spot_img
17.6 C
Loikaw
Tuesday 20, January 2026
spot_img
Homeကန္တာရဝတီတိုင်း(မ်)ကမော္ဘဇလေကြောင်းလိုင်း လွိုင်ကော်တွင် ပြန်ပြေးဆွဲတော့မည်

ကမော္ဘဇလေကြောင်းလိုင်း လွိုင်ကော်တွင် ပြန်ပြေးဆွဲတော့မည်

-

ကန္တာရဝတီတိုင်းမ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ယခင်ကပြေးဆွဲခဲ့သည့် ကမော္ဘဇလေကြောင်းလိုင်း ယခုလ နိုဝင်ဘာလ၁၉ရက်နေ့တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်- လွိုင်ကော်လေကြောင်းကို အပတ်စဉ် တနလာင်္၊ ဗုဒ္ဓဟူး၊ သောကြာနှင့် စနေနေ့တို့တွင် ပြေးဆွဲပေးဖြစ်ကြောင်း ကမော္ဘဇလေကြောင်းလိုင်းမှ တာဝန်ရှိသူက ပြောပါသည်။ လွိုင်ကေ်ာ-ရန်ကုန်လေကြောင်းမှာတော့ လွိုင်ကော်-ဟဲဟိုးမှ ရန်ကုန်သို့ ဆက်လက်ပျံမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ရန်ကုန် – လွိုင်ကော် – ရန်ကုန် ခရီးစဉ်တွင် လေကြောင်းလိုင်းနှစ်ကြောင်း ဖြစ်သည့် မြန်မာ့လေကြောင်းလိုင်းနှင့် ကမော္ဘဇလေကြောင်းလိုင်းတို့မှ ပြေးဆွဲလျှက်ရှိပြီး ၂၀၁ရတွင် မြန်မာ့လေကြောင်းလိုင်းတစ်ခုသာ ဆက်လက်ပြေးဆွဲခဲ့သည်။

ယခင်က ရန်ကုန်အပြင် မန္တလေးမြို့ပါ လေကြောင်းပြေးဆွဲခဲ့သော်လည်း လိုက်ပါစီးနှင်းသည့် ခရီးသည်နည်းပါးသည့်အတွက်ကြောင့် ပြန်လည်ဖျက်သိမ်းလိုက်ကြောင်း လွိုင်ကော်မြို့ မြန်မာ့လေကြောင်းရုံးမှ တာဝန်ရှိသူက ပြောသည်။

လက်ရှိ Air KBZ လေကြောင်းလက်မှတ်မှာ ၄၃ဒေါ်လာဖြစ်ပြီး ဒေါ်လာဈေးအတက်အကျပေါ်မူတည်ကာ မြန်မာငွေလိုက်ပြောင်းလဲမည် ဖြစ်ကြောင်း သိရသည်။ ၎င်းလေကြောင်းလိုင်းသည် ယခုနှစ် ခရီးသည်များ အဝင်အထွက်များသည့် လွိုင်ကော်မြ်ို့နှင့် ထားဝယ်မြို့များသို့ တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ