ကန္တာရဝတီတိုင်း(မ်)
ဆောင်းပါး
“အမျိုးသမီးများကို ချောက်ချားစေတဲ့ စစ်ကောင်စီတပ်ရဲ့ ထိတ်လန့်ဖွယ်ရာ စစ်ဆေးရေးဂိတ်များ”
ကန္တာရဝတီတိုင်း(မ်)
“ဒီလိုအရွယ်အစားနဲ့ဆို ဒီညစာအဖို့ လုံလောက်ပြီ” “ကွက်တိပဲ”
စတဲ့...စတဲ့ .... ချောက်ချားစရာကောင်းလှတဲ့ စကားလုံးထိုးနှက်ချက်တွေ…….
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပြင် တနေရာက စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုမှာ စစ်ဝတ်စုံဝတ်ထားတဲ့ စစ်ကောင်စီ တပ်သား ခြောက်ယောက် ခုနစ်ယောက်လောက်က ဆိုင်ကယ်နဲ့ ဂိတ်ဖြတ်လာတဲ့ အမျိုးသမီး လေးဦးကို တားပြီး စစ်ဆေးနေတဲ့အချိန်မှာ၊ အဆိုပါ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို ချောက်ချားစရာကောင်းလောက်အောင် ကြည့်ပြီး မကြားဝံ့၊ မနာသာတဲ့ ရွံရှာစက်ဆုပ်ဖွယ် စကားလုံးတွေကို ပါးစပ်အရသာခံ...
သတင်း
၂၀၂၃ခုနှစ်အတွင်း အိမ်တွင်းအကြမ်းဖက်ခံရမှု ပိုမိုတိုးလာတယ်လို့ KyWO ပြော
ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်တွင်း မြို့နယ်အသီးသီးက ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း အိမ်တွင်းအကြမ်းဖက်မှုဖြစ်ပွားမှုနှုန်းဟာ ယခင်ကထက် တိုးလာတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) ရဲ့ တွဲဖက်အတွင်းရေးမှူး-၂ မူအန်းဂျလာက ပြောပါတယ်။
မူအန်းဂျလာက “ ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း ရိုက်နှက်ခြင်းအားဖြင့်သော်လည်းကောင်းပေါ့နော စိတ်ပိုင်းဆိုင်သော်လည်းကောင်းပေါ့နော အိမ်တွင်းအကြမ်းဖက်မှုတွေ ပြန်ပြီးတော့မှ ကျူးလွန်တာတွေလည်းအများကြီးရှိတယ်ပေါ့နော။ အများကြီးရှိတယ်။ သို့သော်လည်း ကျမတို့ အိမ်တွင်းအကြမ်းဖက်မှုရှိနေတယ်ဆိုတာ ကျေးရွာတွေမှာကော စစ်ရှောင်စခန်းတွေမှာကော ရှိနေတယ်။ ကျမတို့လည်းတွေ့နေရတယ်။ မြင်နေရတယ်။...
သတင်း
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် ကရင်နီလူထုတွေ စိုးရိမ်မှုများနေ
ကန္တာရဝတီတိုင်း(မ်)
ခုခံတော်လှန်မှုအားကောင်းနေတဲ့ ကရင်နီဒေသမှာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတစ်ခုတည်း မဟုတ်ပဲ တိုက်ပွဲမဖြစ်ပွားတဲ့နေရာဒေသတွေ အထိ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို လူထုတွေ ပိုမို ခံစားလာနေကြရပါတယ်။ လူထုတွေအတွက် လုံခြုံတဲ့နေရာဆိုတာ မရှိတော့ပဲ အမြဲတမ်း စိုးရိမ်ထိတ်လန့်နေတယ်လို့ ဒီးမော့ဆိုမြို့နယ် စစ်ရှောင်တစ်ဦးက ပြောပါတယ်။
“ ကျမတို့မှာ လေယာဉ်သံကြောင့် လေကြောင်းပစ်ခတ်မှုတွေကြောင့် ပေါ့နော။ အခုထိ တစ်ခုခုဆို အမြဲတမ်းလန့်နေရတာပေါ့နော။ လေတအားတိုက်ရင်တောင်မှ လေယာဉ်လား ဘာလားဆို သေသေချာချာနားထောင်ရတယ်။...
သတင်း
လွိုင်ကော်မြို့တွင်း စာသင်ကျောင်းတွေမှာ ၂၀၂၃-၂၀၂၄ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေ
ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် လွိုင်ကော်မြို့တွင်း မြို့ပေါ် စာသင်ကျောင်းတွေမှာ ၂၀၂၃-၂၀၂၄ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။ လွိုင်ကော်မြို့တွင်းမှာ နေထိုင်သူအများစုကတော့ ကလေးတွေကို ကျောင်းအပ်ပေးကြတယ်လို့ လွိုင်ကော်ဒေသခံတချို့ ပြောပြချက်အရ သိရပါတယ်။
“ ကျောင်းကို တချို့က ဒီတိုင်းအပ်ကြတယ်။ တချို့လည်း နေ့ကောင်းရက်သားရွေးအပ်ကြတယ်။ မြို့ပေါ်ကျောင်းတိုင်း လက်ခံပါတယ်။ မအပ်တဲ့ မိဘတွေ ရှိပေမယ့် ရာခိုင်နှုန်း နည်းသွားပြီ၊ ကျောင်းမတက်တဲ့ ကလေးတွေလည်းရှားတယ်။ “ လို့ လွိုင်ကော်ဒေသခံတစ်ဦးက...
သတင်း
အသက်(၆၀) ကျော်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦး ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေ
CJ (ကန္တာရဝတီတိုင်း(မ်))
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှ အသက် ၆၀ ကျော် စစ်ရှောင်အမျိုးတစ်ဦးဟာ ပြီးခဲ့တဲ့ မေလ ပထမအပတ်မှာ ကျန်းမာရေး အခြေအနေကြောင့် စစ်ဘေးရှောင်တစ်နေရာမှာ ကျန်ရစ်ခဲ့ပြီး လက်ရှိမှာ ဆေးကုသမှုလိုအပ်နေတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ စစ်ရှောင်တဲ့နေရာမှာ ခြေလျင်နဲ့ သွားရတာဖြစ်တဲ့အတွက် ခြေထောက် ဖောင်းကားပြီး အနာလို ဒဏ်ရာလည်း ရရှိထားပါတယ်။
" စစ်ရှောင်တာက များတယ်လေနော၊ တစ်ဆင့်ပြီး တစ်ဆင့်...
သတင်း
ယမန်နေ့ညအချိန် ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ စစ်ကောင်စီ(၆)ကြိမ် ဗုံးကြဲ၊ လူထိခိုက်သေဆုံး
ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ယမန်နေ့(မေလ ၂၄ရက်) ည ၁၀နာရီခွဲကျော်အချိန် စစ်ကောင်စီကနေ လေယာဉ်နဲ့ (၆)ကြိမ်ခန့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှ ဒေသခံတွေဆီကနေ သိရပါတယ်။
“ ၁၀နာရီအချိန် သူလာတယ်။ ပထမတစ်လုံးကြဲပြီး သူနည်းနည်းအသံတိတ်ပြီး နောက်တစ်ခါပြန်ပတ်ပြီး တစ်မိနစ်ပဲကြာမယ်ထင်တယ်။ နောက်တစ်လုံး ထပ်ချအဲလိုမျိုး ၆လုံးဆက်တိုက်။ ကြဲပြီးတဲ့အချိန် လက်နက်ကြီးကျလာတယ်။ ထိခိုက်သေဆုံးမှုတွေကတော့ ဒီ လေး၊ငါးယောက်သေတယ်လို့တော့ကြားတယ်။အတိကျတော့ မသိဘူးပေါ့။...