spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ခရီးသွားလုပ်ငန်းတွေ လိုင်စင်ကြေး တစ်နှစ်ကင်းလွှတ်ခွင့်ပြု

Author

Date

Category

အန်ထောနီ

Covid-19 ကူးစက်ရောဂါကြောင့် ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းတွေ လျော့ကျလာတဲ့အတွက် ခရီးသွားလုပ်ငန်းတွေ လိုင်စင်ကြေးနှင့် လိုင်စင်အသစ် လဲလှယ်ကြေးတွေ ပေးဆောင်ဖို့အတွက် တစ်နှစ်ကင်းလွတ်ခွင့်ပြုမည်လို့ ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လင်းထွဋ်က ပြောပါတယ်။

“အရင်တုန်းကဆို ကယားပြည်နယ်မှာ ခရီးသွားလုပ်ငန်း အရမ်းကိုတစ်ဟုန်ထိုးတိုးတးက်နေတဲ့အချိန်မှာ အခုလို covid ရောဂါဖြစ်တဲ့အချိန်မှာ လုံးဝထိုးဆင်းသွားပြီးတော့ ခရီးသွားဧည့်သည် ပြည်တွင်းပြည်ပ မလာတော့တဲ့အနေအထားမျိုးဖြစ်သွားတယ်ပေါ့နော်။ ရာခိုင်နှုန်းနဲ့ပြောရမယ်ဆိုရင် ၁၀ ရာခိုင်နှုန်းလောက်အထိ လျော့သွားတယ်ပေါနော် အရင်တုန်းကဆိုရင် ၁၀၀ ရာခိုင်နှုန်းလောက်အထိရှိပေမယ့် အခုက ဧည့်သည်တွေမဟုတ်တော့ဘဲ ဒီအတိုင်းသာမန်လူကြီး မိဘတွေလာတည်းခိုသလောက်ပဲ ရှိတော့တာကျတော့ လုံးဝကိုထိခိုက်သွားတယ်ပေါနော်” လို့ပြောပါတယ်။

ကယားပြည်နယ်တွင်း အထင်ကရ ခရီးသွားလုပ်ငန်း နေရာတခုဖြစ်တဲ့ ငွေတောင်ဆည်မြင်ကွင်းတခု။ (ဓါတ်ပုံ – အန်ထောနီ)

အခုလို ခရီးသွားလုပ်ငန်းတွေ ထိခိုက်လာတာကြောင့် ခရီးသွားလုပ်ငန်းတွေရဲ့ လိုင်စင်ကင်းလွှတ်ခွင့်ကို ဧပြီလ ၁ ရက်နေ့ ၂၀၂၀ ခုနှစ်ကနေ ဧပြီလ ၃၁ ရက်နေ့ ၂၀၂၁ ခုနှစ်အထိ တစ်နှစ် ကင်းလွှတ်ခွင့်ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

ယခုလို ကင်းလွှတ်ခွင့်ပြုလိုက်တဲ့ရည်ရွယ်ချက်မှာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံဖြိုးတိုးတက်ရေးနှင့် ခရီးသွားဘေးကင်းလုံခြုံရေးအဆင်ပြေစွာ အပန်ဖြေအနားယူနိုင်ရန်အတွက် ဖြစ်ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံခရီးသွားလာရေးဝန်ကြီးဌာန ကနေပြီးတော့ ရောဂါကာကွယ်တဲ့အနေဖြင့် ယခုလို လိုင်စင်ကြေး၊ လိုင်စင်အသစ်လဲလှယ်ကြေးတွေ ကင်းလွတ်ခွင့်ပြုတဲ့အပြင် ဝန်ထမ်းအင်အားကို ၅၀ ရာခိုင်နှုန်းလျှော့ချတာတာတွေလည်းရှိတယ်လို့ သိရပါတယ်။

covid-19 ရောဂါကပ်ဆိုက်နေတဲ့ ကာလအတွင်း ဝန်ထမ်းတွေကို online ကနေသင်တန်းတွေပို့ချပေးတဲ့အစီအစဉ်တွေလည်း ပြုလုပ်ပေးဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

“ အခုဟိုတယ်ဝန်ထမ်းတွေ နားထားတဲ့အချိန်မှာ ဟိုတယ်ဝန်ထမ်းတွေကို အသိပညာတိုးတက်အောင်ပေါ့နော် လုပ်ပေးထားတာ။ ကြိုတင်စီစဉ်ထားတာပေါနော် နားနေတဲ့အချိန်လေးမှာ အွန်လိုင်းကနေ သင်တန်းတွေဖွင့်ဖို့ ရည်ရွယ်ထားတာရှိပါတယ်” လို့ ဦးဇော်လင်းထွဋ်က ပြောပါတယ်။

လက်ရှိကယားပြည်နယ်မှာ ခရီးသွားလုပ်ငန်း လိုင်စင်ယူထားတဲ့ ဟိုတယ် ၂၉ ခုနှင့် လိုင်စင်အသစ်လျှောက်ထားတဲ့ ဟိုတယ် ၃ ခုရှိတယ်လို့သိရပါတယ်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေ (၂၀၁၈) နှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီများဖွဲ့စည်းပြီး ထိုကော်မတီများက သက်ဆိုင်ရာဒေသအလိုက် ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာလုပ်ငန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဧည့်ညွှန်လုပ်ငန်းများအတွက် လိုင်စင်ကြေး၊ လိုင်စင်အသစ်လဲလှယ်ကြေးများကို ကောက်ခံလျက်ရှိပါသည်။

ယခုလိုကင်းလွတ်ခွင့်ပေးခြင်းအပေါ်မှာလည်း ကပ်ရောဂါရှည်ကြာခြင်း မကြာခြင်းအပေါ်မူတည်ပြီး စဉ်းစားဆုံးဖြတ်ပေးနေတာတွေ ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts