Homeကန္တာရဝတီတိုင်း(မ်)COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄) ဦး ထပ်မံတွေ့ရှိ

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄) ဦး ထပ်မံတွေ့ရှိ

-

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၄)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ဓာတ်ခွဲအတည်ပြု လူနာ (၂၃၂) ဦးရှိပြီဖြစ်ကြောင်း ယနေ့ ဇွန်လ ၂ ရက်နေ့ ည ၈ နာရီတွင် ထုတ်ပြန်သည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄) ဦး ထပ်မံတွေ့ရှိ

ယခု တွေ့ရှိသူ ၄ ဦးမှာ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမှ တစ်ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မှ တစ်ဦး၊ ချင်းပြည်နယ် မင်းတပ်မှ တစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်မှ တစ်ဦးတို့ ဖြစ်ကြသည်။

ယင်းအပြင် ယနေ့ အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၄၃)ဦး ရှိပြီ ဖြစ်သည့်အနက် (၁၃၁) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာကန့်သတ်၍ ဆက်လတ် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

ယခုဆိုလျှင် မြန်မာနိုင်ငံ၏ ဓာတ်ခွဲ အတည်ပြုလူနာ (၂၃၂) ဦးအနက် (၆) သေဆုံးခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံရှိ တိုင်း/ပြည်နယ်များ အာလုံးအနက် COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိသည့် တစ်ခုတည်းသော ပြည်နယ်အဖြစ် ကယားပြည်နယ်သာ ကျန်ရှိတော့သည်။

REF: MOHS

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ