spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

တိုင်းရင်းသားအရေး လွှတ်တော်ထဲ တိုက်တွန်းပေးနိုင်တဲ့သူတွေကို ရွေးချယ်သင့်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၅ နှစ်တစ်ကြိမ် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်အသီးသီးတွေကို ရွေးခြယ်သွားဖို့ တိုင်းရင်းသား ပြည်သူတိုင်းမှာ တာဝန်ရှိပါတယ်။

လာမည့်နိုဝင်ဘာလ ၈ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ကျေညာထားပြီးပါပြီ။

၂၀၁၀ အထွေထွေရွေးကောက်ပွဲတစ်ကြိမ် ၊ ၂၀၁၅ အထွေထွေရေးကောက်ပွဲတစ်ကြိမ် နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်တာကြောင့် လူထုတွေမှာ မဲထည့်ပုံမဲထည့်နည်းတွေကိုတော့ ထိုက်သင့်သလောက် သိထားကြပြီးဖြစ်မှာပါ။

ပြည်သူ့ကိုယ်စားလှယ်တွေကိုတော့ ရွေးကောက်ပွဲကို ၅ နှစ်တစ်ကြိမ်ပြုလုပ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်အာဏာရှင်တွေက သူတို့စိတ်ကြိက်ရေးဆွဲခဲ့ကြပြီး စစ်တပ်ကိုယ်စားလှယ်တွေကတော့ ၂၅ ရာခိုင်းနှုန်း ပြည်သူတွေ မဲပေးစရာမလိုပဲ အထူးအခွင့်အရေး ရနေအောင် ရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုအထူးအခွင့်အရေးတွေ နေရာတိုင်း တိုင်းရင်းသားဒေသတွေမှာ အုပ်ချုပ်ဖိနိုပ်မှုတွေ ရှိနေသေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲနိုင်ဖို့ လူထုတွေက ပြောင်းလဲပေးနိုင်မည့် ကိုယ်စားလှယ်တွေကိုသာ ထောက်ခံ အားပေးသင့်ပါတယ်။

ယခင် ၂၀၁၅ ရွေးကောက်ပွဲအချိန်တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)က ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်ကို ယုံကြည်အားကိုးခဲ့ကြလို့ ပြည်သူတွေ မဲထည့်ပေးခဲ့ကြပါတယ်။

အဲဒီနောက် NLD ကိုယ်စားလှယ်တွေက ကရင်နီပြည်နယ်ရှိတိုင်းရင်းသားဒေသအပါအဝင် တခြား နေရာတော်တော်များများမှာ နေရာယူနိုင်ခဲ့ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွေ၊ တိုင်းရင်းသားအခွင့်အရေးတွေကို ရှေ့ကနေ မားမားမတ်မတ် ဆောင်ရွက်ပေးမယ်လို့ မီဒီယာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

သို့ပေမယ့်လို့ ၅ နှစ်အတွင်းမှာ မီဒီယာကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်လုပ်ငန်းတွေ ၊ တိုင်းရင်းသားအခွင့်အရေးတွေကို တစ်ခွန်းမှ ဖွင့်ဟခွင့်မရခဲ့ကြပါဘူး။ ဒါတွေက ဘာကြောင့်လဲ?။ ဗဟိုဦးစီးစနစ်ကနေ ထိန်းချုပ်ခံထားရပြီး ကိုယ်စားလှယ်တွေမှာ ဌာနေတိုင်းရင်းသားဖြစ်စေကာမူ သူ့ဆန္ဒရှိအတိုင်း လွှတ်လပ်စွာ အရေးဆိုတိုက်တွန်းလို့မရခဲ့တာကြောင့်ဖြစ်ပါတယ်။

စစ်အာဏာရှင်ကို တွန်းလှန်ဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲနိုင်ဖို့က လက်ရှိနိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ပါတီကို မဲပုံအောပြီးပေးခဲ့ပေမယ့် ကိုယ်စားလှယ်တွေက ကိုယ့်ဒေသအရေးမှာ ဖြစ်ပျက်နေတဲ့ ငြိမ်းချမ်းရေး ၊ တောင်သူအရေး တွေကို ထုတ်ဖော်ပြောဆိုခွင့်မရခဲ့ကြပါဘူး။

များများစားစားမဟုတ်သည့်တိုင်အောင် အရွေ့တစ်ခုကို တိုင်းရင်းသားဒေသဘက်မှာ ဖော်ဆောင်ပေးတာမရှိခဲ့တဲ့အပြင် တိုင်းရင်းသားတွေရဲ့ သမိုင်းနဲ့ အခွင့်အရေးတွေကို ချိုးနှိမ်တာခံလိုက်တဲ့ လုပ်ရပ်တွေ ရှိနေခဲ့ပါတယ်။

အစိုးရရဲ့ စတုတ္ထနှစ် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားကြတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေ ၊ ဟိုတယ်ခရီးသွားလုပ်ငန်းတွေ စတာတွေတိုးတက်ပြောင်းလဲသွားတယ်လို့တော့ ပြည်နယ်အစိုးရကနေ ထုတ်ဖော်ပြောကြားသွားပါတယ်။

ဒါတွေက တက်လာတဲ့ အစိုးရတိုင်းမှာ လုပ်ရမည့် တာဝန်ဝတ္တရားရှိနှင့်ပြီးသားပါ။ ဒါတွေက အထူးတလည် ပြုပြင်ပြောင်းလဲသွားတယ်လို့ တိုင်းတာပြောဆိုလို့မရပါဘူး။

၅ နှစ်အတွင်း ပြုပြင်ပြောင်းလဲရေးမလုပ်ပေးနိုင်သည့်တိုင်အောင် နှစ်ပေါင်း ၇၀ ကျော်တိုင်းရင်းသားတွေလိုလားနေတဲ့ ငြိမ်းချမ်းရေးတွေ၊ တိုင်းရင်းသားအခွင့်အရေးတွေကို လွှတ်တော်ထဲမှာ ပြောနိုင်၊ ဆိုနိုင် ၊ တိုက်တွန်းပေးနိုင်တဲ့သူ ကိုယ်စားလှယ်လောင်းတွေကိုပဲ ဒီ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးရွေးချယ်သင့်ပါကြောင်း ကန္တာရဝတီတိုင်း(မ်)က တိုက်တွန်းလိုက်ပါတယ်။

spot_img
spot_img

Recent posts