spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

ပြစ်ဒဏ်ကျခံပြီးသွားတဲ့ တောင်သူတွေကို တပ်မတော်က ထပ်မံ ပြင်ဆင်ချက်တက်တဲ့ အမှု ပလပ်ခံရ

Author

Date

Category

နော်ဒွေးအယ်ခူ

တပ်ပိုင်မြေကျူးကျော်မှု တွေနဲ့ တရားရုံးက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေကိုကျခံပြီးသွားတဲ့ လွိုင်ကော်မြို့နယ်ထဲက တောင်သူကို ပြစ်ဒဏ်နည်းတယ်ဆိုပြီး အမြောက်တပ် ၃၅၆ နဲ့ ခြေမြန်တပ်ရင်း ၂၅၀ က ထပ်မံပြီး ပြည်နယ်တရားလွှတ်တော်မှာ ပြင်ဆင်ချက်တက်ထားတဲ့ အမှုကို ပြည်နယ် တရားလွှတ်တော်က ဒီနေ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ ပလပ်လိုက်ပါပြီ။

တောင်သူတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေစောခူးတလေက “ ပြည်နယ်တရားလွှတ်တော်က တရားသူကြီးကတော့ ဒီအမှုတွေအားလုံးကို မူလရုံးချမှတ်တဲ့အမိန့်က လျော်ကန်သင့်မြတ်တယ်။ ပြင်ဆင်မှုကြားနာတဲ့ရုံးတစ်ရုံးအနေနဲ့ ဒီပုဒ်မတွေနဲ့ပတ်သက်ပြီးတော့မှ တရားမျှတမှုကင်းမဲ့ပြီးတော့မှ ကွာခြားနေတာမျိုးမဟုတ်ဘူးဆိုရင် ဆက်ပြီးမသင့်ဘူးဆိုပြီးတော့မှ တရားသူကြီးက အဲ့သုံးသပ်ချက်နဲ့ ဒီအမှုအားလုံးကို ပလပ်လိုက်တာပေါ့” လို့ တရားရုံးချိန်းအပြီး မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

တပ်ကသိမ်းဆည်ထားတဲ့ မြေယာပေါ်မှာ ကျူးကျော်တာတွေ၊ ခြံခတ်ဖို့ကျောက်တိုင်တွေကိုဖျက်ဆီးတာတွေ၊ညစ်ညမ်းစွာဆဲဆိုတာတွေ၊ ဝတ္တရားနှောင့်ယှက်တာတွေ လုပ်ခဲ့တယ်ဆိုပြီး တပ်ရင်းနှစ်ခုမှ တပ်မတော်အရာရှိတွေက ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ၃ဦးအပါအဝင် တောင်သူ (၂၁)ဦးကိုတရားစွဲဆိုခဲ့တာပါ။

တရားစွဲဆိုထားတဲ့ အမှုတွေထဲက အမြင့်ဆုံးထောင်ဒဏ် ၇နှစ်ချမှတ်လို့ရတဲ့ နိုင်ငံတော်ပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ ၆(၁)အမှုအတွက် ထောင်ဒဏ် ၆လ သို့မဟုတ် ဒဏ်ငွေ ၂သောင်း ချမှတ်ခဲ့ပြီး၊ ပုဒ်မ ၄၄၇အတွက် ဒဏ်ငွေ၂သောင်း သို့မဟုတ် ထောင်ဒဏ် ၁၅ရက်နဲ့ ကျန်ပုဒ်မ အမှုအတွက် ငွေဒဏ်ကျပ် ၂သောင်း ပေးဆောင်ဖို့ ချမှတ်ခဲ့ပြီး တောင်သူတွေက ဒဏ်ငွေပေးဆောင်ခဲ့တာကြောင့် မတ်လအတွင်းက အမှုပြီးမြောက်သွားခဲ့ပါတယ်။

တရားလိုမှ ပြင်ဆင်ချက်တက်တဲ့အမှုကို ပြည်နယ်တရားလွှတ်တော်ရုံးက ပလပ်လိုက်တာကြောင့် စိတ်ပူပန်မှုတွေ လျော့သွားတယ်လို့ ဦးဦးရယ်က ဆက်ပြောပါတယ်။

“အားလုံးစိုးရိမ်ပူပန်နေကြတယ်ပေါ့နော တောင်သူတွေဆိုတော့လည်း ကျတော်တို့တွေက တောင်ယာလယ်ယာပဲလုပ်စားတတ်တာကို။ ဒီလိုမျိုး အမှုအခင်းတွေဖြစ်လာရင် အရမ်းစိတ်ပင်ပန်းကြတယ်။ သူများအလုပ် အငှားသွားလိုက်ရမှာလည်း စိတ်ကမဖြောင့်တော့ဘူး အဲလိုပေါ့နော။ အခုဆိုရင် ပလပ်ပေးတော့ ကျေးဇူးတင်ပါတယ်။ စိတ်ကပင်ပန်းနေတဲ့ အလုံး အပူတွေလည်း ကျသွားတာပေါ့” လို့ ၎င်းက ဆိုပါတယ်။

လွိုင်ကော်မြို့နယ်အတွင်း ၁၉၉၀ဝန်းကျင်က လာရောက်အခြေချခဲ့တဲ့ အမြောက်တပ် ၃၅၆ နဲ့ ခြေမြန်တပ်ရင်း ၂၅၀ တို့မှ ဒေါမူကလား၊ မြေနီကုန်း၊ သုံးမိုင်ပကြဲမှ တောင်ယာမြေတွေကို တပ်စခန်းဆောက်ဖို့ သိမ်းယူခဲ့တာပါ။

သိမ်းယူမြေထဲက ပိုနေတဲ့မြေပေါ်မှာ ဒေသခံတွေ နှစ်စဉ်ထွန်ယက်စိုက်ပျိုးရာမှ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်မှာတော့ တောင်ယာမြေပေါ်မှာ တပ်ကဆက်ပြီးလုပ်ကိုင်ခွင့်မပေးခဲ့တာပါ့။ တပ်မတော်ကနေ သိမ်းဆည်းထားတဲ့ တောင်ယာမြေပေါ်မှာ အမှတ်အသားမှတ်တိုင်စိုက်တာ ခြံစည်းရိုးတံတိုင်းပြုလုပ်ခဲ့ရာ ဒေသခံတောင်သူတွေနဲ့ မြေယာပြဿနာတွေဖြစ်ခဲ့သလို တောင်သူအရေးလိုက်ပါဆောင်ရွ့က်သူတွေကိုလည်း တရားစွဲဆိုမှုတွေပြုလုပ်ခဲ့တာပါ။

တပ်မတော်မှ သိမ်းဆည်းထားတဲ့ တပ်ပိုင်မြေမှာ တစ်ပြည်နယ်လုံးအတိုင်းအတာအရ ၁၄၇၇၆.၀၁ဧကရှိပြီး မူဝါဒနဲ့အညီပြန်လည်စွန့်လွှတ်လိုက်တဲ့ စွန့်လွှတ်မြေ ၄၁၁၁.၆၆ဧက ရှိတယ်လို့ အစိုးရဖက်က ပြောဆိုထားပါတယ်။

spot_img
spot_img

Recent posts