spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

AUTHOR NAME

Kantarawaddy Times

7059 POSTS
0 COMMENTS

Kayan Radio Oct 4th Week

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယန်း)(တနင်္လာနေ့ ည ၇ နာရီတိုင်း)ယခုတစ်ပတ်မှာတော့ ကျေးလက်ပညာရေးကြပ်မတ်ဖို့လိုတယ်လို့ ကိုယ်စားလှယ်လောင်းပြောဆိုလိုက်တဲ့သတင်း၊ ဝက်ခြံရဲ့အညစ်အကြေးတွေ သောက်သုံးရေကန်ထဲ မရောက်ဘူးလို့ ကုမ္ပဏီဘက်ကပြောတယ်ဆိုတဲ့သတင်းနဲ့ တိုင်းရင်းသားအရေးဖော်ဆောင်မည့်သူလိုလားနေကြ" ဆိုတဲ့ ဆောင်းပါးလေးအပြင် ဒီတစ်ပတ် သီချင်းလက်ဆောင်အနေနဲ့ မိုးရာသီလည်း ကုန်ခါနီးပြီဖြစ်တဲ့အတွက် မိုးရာသီ အလွမ်းအဆွေး...

အောက်တိုဘာလလ ၁ရက်နေ့ထုတ် ကန္တာရဝတီတိုင်း(မ်) သတင်းစာ၏

ဂျာနယ်ဖိုင်ရယူရန် Download ကိုနှိပ်ပါ vol-8-issue-10Download

Kayah Radio Oct 4th Week

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယား)(တနင်္ဂနွေနေ့ ည ၇ နာရီတိုင်း)ယခု တစ်ပတ်မှာတော့ ကုန်တင်ယာဉ်ရပ်နားစခန်းရွေ့ပြောင်းထားတဲ့ ကျေးရွာအနီးရှိ ဒေသခံတွေ စိုးရိမ်မှုတွေဖြစ်ပေါ်နေတယ်ဆိုတဲ့သတင်း၊ ဝက်မွေးမြူရေးခြံရဲ့ အညစ်အကြေးတွေ သောက်သုံးရေကန်ထဲ စိမ့်ဝင်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်ဆိုတဲ့သတင်းနဲ့ "တိုင်းရင်းသားအရေးဖော်ဆောင်မည့်သူလိုလားနေကြ" ဆိုတဲ့ ဆောင်းပါးလေးအပြင် အပတ်စဉ်တင်ဆက်နေကျ...

၀က်ခြံရဲ့အညစ်အကြေးတွေ သောက်သုံးရေကန်ထဲ မရောက်ဘူးလို့ ကုမ္ပဏီဘက်ကပြော

စိုးထိုက်အောင် ပြီးခဲ့တဲ့ပတ်တွေထဲက ဒီးမော့ဆိုမြို့နယ် ဒေါကလိုကျေးရွာအနီးမှာ မွေးမြူထားတဲ့ ပြင်သစ်ဝက်ခြံကနေ အညစ်အကြေးတွေထွက်လာတယ်ဆိုပြီး ဒေသခံတွေစိုးရိမ်နေကြတဲ့အပေါ်မှာ ဒေသခံတွေအသုံးပြုတဲ့ သောက်သုံးနေတဲ့ ရေချောင်းထဲကိုမရောက်သွားဘဲ ချောင်းဘေးမှာရှိတဲ့စပါးစိုက်ခင်းထဲကိုသာ ဝင်ရောက်သွားတာဖြစ်တယ်လို့ ကုမ္မဏီဘက်က တာဝန်ရှိသူက ပြန်လည်ရှင်းလင်းသွားပါတယ်။ De Heus Myanmar Co.Ltd ပြင်သစ်ဝက်မွေးမြူရေးခြံက လွိုင်ကော်တာဝန်ခံ ဒေါက်တာပြည့်ဖြိုးမောင်က “ မိုးတွင်းဆိုတော့ အောက်ကအစိုဓာတ်နဲ့...

ဦးသိန်းအောင် (ခ) စဲရယ်ကို ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုသွားမယ်လို့ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြော

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်ဖို့ လက်မှတ်ထိုးပြီး ပြန်နုတ်ထွက်သွားတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင် (ခ) စဲရယ်ကို ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုသွားမယ်လို့ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။ ဦးသိန်းအောင် ဟာ ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။ ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်သူ ၅...

ပါတီလေးခုရဲ့ ဆိုင်းဘုတ် ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ ဖျက်ဆီးခံရ

ကယားပြည်နယ် ဘောလခဲမြို့ နန်းဖဲသာယာကုန်းရပ်ကွက်မှာ ပါတီလေးခုရဲ့ ဆိုင်းဘုတ် ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ ည ၈ နာရီခွဲခန့်ကတည်းက ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။ အမျိုးသားဒီမိုကရက်တစ်ပါတီ ( NLD ) ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ (တစည ) ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(...

ဝက်မွေးမြူရေးခြံရဲ့ အညစ်အကြေးတွေ သောက်သုံးရေကန်ထဲ စိမ့်ဝင်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါကလိုခူးကျေးရွာအနီးမှာ နယ်သာလန်နိုင်ငံကနေ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ အကြီးစား ပြင်သစ်ဝက်မွေးမြူရေးလုပ်ငန်းကနေ ထွက်လာတဲ့အညစ်အကြေးတွေက ပြီးခဲ့တဲ့အပတ်အတွင်း စီမံကိန်းအနီးအနားရှိချောင်းတွေထဲ ဝင်ရောက်လာတဲ့အတွက် ဒေသခံတွေရဲ့စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာကြပါတယ်။ https://youtu.be/ICXkHkSqd-A

ကုန်တင်ယာဉ်ရပ်နားစခန်းကိုအထက(ခွဲ) ဝါရီကောခူကျောင်းဝန်းမှာ ပြောင်းရွှေ့တဲ့အပေါ် ဒေသခံတွေစိုးရိမ်

ပြည်နယ်အစိုးရရဲ့ ကြီးကြပ်မှုနဲ့ ကုန်တင်ယာဉ်ရပ်နားစခန်းကို ယခင်က လွိုင်ကော်မြို့ အထက(၆)ကျောင်းမှာ ဖွင့်လှစ်ခဲ့ပေမဲ့ အောက်တိုဘာလ ၉ ရက်နေ့ကစပြီး လွိုင်ကော်မြို့အဝင် ဝါရီကောခူကျေးရွာ၊ အထက(ခွဲ) ဝါရီကောခူကျောင်းဝန်းအတွင်းမှာ ပြောင်းရွှေ့ဖွင့်လှစ်တာကို အနီးအနားရွာက ဒေသခံတွေက လက်မခံကြဘဲ စိုးရိမ်ပူပန်မှုရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကျေးရွာမှာ ထမင်းဆိုင်၊ စားသောက်ဆိုင်မရှိတာကြောင့်...

ရှုခင်းအလှဆင်လုပ်ငန်းမှာ စိုက်ပျိုးထားတဲ့ပန်းပင်တန်ဖိုး မြေပြင်ဈေးကွက်ပေါက်ဈေးထက် အဆမတန် ကွာခြားနေ

မြေယာရှုခင်းအလှဆင်လုပ်ငန်းမှာ စိုက်ပျိုးထားတဲ့ပန်းပင်တွေရဲ့တန်ဖိုးဟာ မြေပြင်ဈေးကွက်ပေါက်ဈေးထက် အဆမတန် ကွာခြားနေတယ်လို့ ပြည်နယ်အရေးလေ့လာစောင့်ကြည်သူက ပြောပါတယ်။ ကုမ္ပဏီကနေ အစိုးရကို တင်ပြထားတဲ့ ပန်းပင်ဈေးနှုန်းထားတွေအရ ၁၀ ပေအရှည်ရှိတဲ့ စိန်ပန်းနီတစ်ပင်ကို စိုက်ပျိုးအပြီး ကုန်ကျငွေကို ငါးသောင်းကျပ်နဲ့ စာရင်းပြထားပြီး လွိုင်ကော်မြို့တွင်းက ပန်းဆိုင်မှာတော့ ၁၀ ပေအရှည်ရှိတဲ့ စိန်ပန်းနီတစ်ပင်ကို ၈,၀၀၀...

အောက်တိုဘာလ ၁၅ ရက်နေ့ထုတ် ကန္တာရဝတီတိုင်း(မ်) ရုပ်သံ

ကယား(ကရင်နီ)ပြည်နယ်အတွင်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့အသံတွေကို ကန္တာရဝတီတိုင်း(မ်)သတင်းဌာနက ကရင်နီဘာသာနဲ့ ထင်ဟပ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ - ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်ဖို့ လက်မှတ်ရေးထိုးပြီး ပြန်နုတ်ထွက်သွားတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင် (ခ) စဲရယ် ကို ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုသွားမယ်လို့ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက...

Latest news

- Advertisement -spot_img