spot_img
Saturday, December 2, 2023
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

AUTHOR NAME

Kantarawaddy Times

6431 POSTS
0 COMMENTS

တောင်သူအရေးက သာသာနာ ့ အရေးထက် အရေးကြီးနေလို့ပါ

ငြိမ်းချမ်းသာယာတဲ့ သာသနာ လုပ်ငန်းလုပ်ကိုင်ရာမှ တောင်သူအရေးအတွက် အသက်နဲ့ရင်းပြီး ရင်ဆိုင်ခဲ့သူကတော့ ကယား( ကရင်နီ) ပြည်နယ်မှ ပထဦးဆုံး တောင်သူအရေးလှုပ်ရှားသူ ခူးသဲရယ်ပဲ ဖြစ်ပါတယ်။ အသားညိုညို အရပ်ထောင်ထောင်မောင်းမောင်းနဲ့ အသက် (၃၈)နှစ်ရှိပြီဖြစ်တဲ့ ခူးသဲရယ်ဟာ ကယားပြည်နယ် ဖရူဆိုမြို့နယ် လောဂျာကျေးရွာမှာ နေထိုင်ပြီး ကက်သလစ်ဘာသာမှ သာသနာလုပ်ငန်းကို ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။ ၂၀၁၄...

အလင်းရောင်ကိုပိတ်ဆို့ထားတဲ့ တရားခံ

ဂျွန်ဖရီးကိုု ဖွံဖြိုးတိုုးတက်တဲ့ လူမှုအသိုုင်းအဝန်း တစ်ခုု တည်ဆောက်တဲ့နေရာမှာ အခြေခံကျတဲ့ အရာဟာ ပညာရေး ပဲဖြစ်ပါတယ်။ အာဏာရှင် ပညာရေး ဒါမှမဟုုတ် အလွတ်ကျက်ပညာရေး ကိုု ဆိုုလိုုနေတာတော့ မဟုုတ်ပါ။ မိမိတိုု့ရဲ့ အတွေးအခေါ်၊  အသိအမြင်၊ တီထွင်ဖန်တီးနုိုင်မှု စွမ်းရည် စတဲ့ အရာတွေကိုု ပိုုမိုုကောင်းမွန်လာအောင် သင်ယူ...

ကရင်နီတိုု့ ရဲ့ ရိုုးရာ ဒီးကူ

ယခုလိုဩဂုတ်လ ၊ စက်တင်ဘာလ ၊ အောက်တိုဘာလ အတွင်းဆိုရင် ကရင်နီမျိုးနွယ်စုတွေထဲက ကယား၊ ကော်ယော် (မိုနူမိုနော) ၊ ယင်းတလဲ မျိုးနွယ်စုတို့က နှစ်စဉ်နှစ်တိုင်း ရိုးရာဒီးကူပွဲကို လုပ်လာကြတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းအများကြီးတည်းက ကရင်နီမျိုးနွယ်စုထဲက လူမျိုးတစ်ခုဖြစ်တဲ့ ပရဲ့ ကယောတိုင်းရင်းသားလူမျိုးတွေဟာ    လည်း...

၂၀၀၈ ဖွဲ့စည်းပုံ တပ်မတော်မှ တင်ပြချက်အပေါ် တိုင်းရင်းသားခေါင်းဆောင်များ လက်မခံ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို ဆက်လက်သွားနိုင်သည်ဟု ၂၁ ပင်လုံညီလာခံအတွင်း တပ်မတော်ဘက်မှ ပြောဆိုတင်သွင်းခဲ့ခြင်းအပေါ် တိုင်းရင်းသားများမှ လက်မခံနိုင်ကြောင်းနှင့် ၂၀၀၈ ဥပဒေကို ပြင်ဆင်     သင့်ကြောင်း ပြောဆိုလိုက်သည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒုဥက္ကဌ ခူဦးရယ်က ၂၀၀၈ ဖွဲ့စည်းပုံထက် အတူတကွ လက်တွဲနိုင်သည့်...

တော့ဆန် ရွာပြန်ချင်တဲ့သူတွေရဲ့ဘဝ

သူဌေးတွေအတွက် ထမင်းဟင်းချက်တဲ့ မီးဖိုဆောင်ခန်းလောက် အခန်းငယ်လေးတစ်ခန်းထဲမှာ မိသားစုခြောက်ယောက် နေထိုင်နေကြပါတယ်။ သူတို့တွေကတော့ ပိုလီယိုရောဂါရှိလို့ လမ်းမလျှောက်နိုင်တဲ့ အသက်သုံးဆယ်အရွယ်အစ်ကိုရယ်၊ ဒုကိ္ခတဘဝနဲ့နေနေရတဲ့ အသက်ငါးဆယ့်ငါးနှစ်အရွယ်အမေတစ်ယောက်ရယ်နဲ့ ကလေးသုံးယောက်ရယ်ကို ဦးဆောင်စီမံရတဲ့သူကတော့ အသက်၂ရနှစ်အရွယ်ရှိတဲ့ ဒေါ်ဆိုင်ခေါင်လေးပါ။ ဘုရားစင်၊ အိပ်ယာခင်း၊ ထမင်းအိုးဟင်းအိုး၊ အဝတ်ထုတ်တွေနဲ့ပြည့်နေတဲ့ သုံးထပ်သားခင်း အခန်းငယ်လေးတစ်ခန်းထဲမှာ မိသားစုခြောက်ယောက်နေနေရတဲ့နေရာကတော့ ရှမ်းပြည်မြောက်ပိုင်း၊...

ကျပ်သန်း ၈၂ဝ ဖြင့် နှစ်လမ်းသွားသံကူကွန်ကရစ်တံတား တည်ဆောက်မည်

ဂျပန်သံတံတားဟောင်းအနားတွင်တည်ဆောက်မည့် နှစ်လမ်းသွားသံကူကွန်ကရစ်တံတားသည် ကယားပြည်နယ်အစိုးရ၏ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း ၈၂ဝ ဖြင့်တည်ဆောက်ခြင်းဖြစ်သည်ဟု ( မြို့ပြ/တံတားအထူး-၆ ) တာဝန်ခံဦးစီးအရာရှိ    ဦးမြင့်သူက ပြောသည်။ “ဒီတံတားက လွိုင်ကော်နဲ့ သီရိမင်္ဂလာဈေး အနားမှာရှိတဲ့အတွက် ယာဉ်အသွားအလာအများဆုံး တံတားတစ်စင်းဖြစ်တယ်။ အဲ့ဒါကြောင့် လက်ရှိတံတားဟောင်း ဂျပန်တံတားကလည်း တစ်လမ်းသွားပဲရှိတဲ့အတွက် နှစ်လမ်းသွားသံကူကွန်ကရစ်တံတားကို...

ကြယ်ဖိုးကြီးအက္ခရာသုံး ကယားစာပေ၏ သင်ရိုးညွန်းတမ်းအသစ် လွှတ်တော်တွင်အတည်ပြု

ကယားအမျိုးသား စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ အသစ် ပြန်လည်ရေးဆွဲသည့် ကြယ်ဖိုးကြီး အက္ခရာသုံး ကယားစာပေ သင်ရိုးညွှန်းတမ်းသစ်အား အသုံးပြု သင်ကြားရန် သဘောတူကြောင်း ကယားပြည်နယ်လွှတ်တော်က ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ ကယားပြည်နယ် ပညာရေးမှူးမှ လက်ရှိ အစိုးရ စာသင်ကျောင်းများတွင် သင်ကြားနေသော သင်ရိုးညွှန်းတမ်းအား ကယားဘာသာသို့ပြန်ဆိုထားသည့်အတိုင်း မဟုတ်သည့်အတွက် ၎င်းအနေဖြင့် ခွင့်မပြုနိုင်ဟု...

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခိုင်မာသည့်ငြိမ်းချမ်းရေးအပေါ်မူတည်နေ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းထိရောက်အောင် မြင်မှုရှိရန်မှာ နိုင်ငံရေးဆွေးနွေးမှု နှင့် ခိုင်မာသည့်ငြိမ်းချမ်းရေးအပေါ်တွင်လည်း မူတည်နေသည်ဟု ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ဒုုတိယဥက္ကဋ္ဌနိုင်ဟံသာက ပြောသည်။ "နိုင်ငံရေးအရ ခိုင်မာတဲ့လမ်းစဉ်မရှိသေးတဲ့အတွက် တစ်ဖက်က ဘယ်သူမှ မလုပ်ချင်ကြဘူး။ များသောအားဖြင့်ဒေသခံပြည်သူ့စစ်တွေက အကျိုးစီးပွားတွေရှိတယ်။ ဒါတွေကလည်းပြောရရင် အစိုးရကဖွဲ့ထားတဲ့ အင်အားစုတွေပဲ တစ်ဖက်ကတိုက်နေရတဲ့အင်အားစုကလည်းတချို့က ဝင်ငွေရဖို့လုပ်နေရင်လည်းလုပ်နေမှာပဲ၊ နှစ်ဖက်စလုံးညှိရမှာပါပဲ။...

သီးနှံများပေါ်တွင် နှစ်ရှည်ပင်လာရောက်စိုက်ပျိုးသည့်အတွက် သီးနှံပင်ပျက်စီး

လွိုင်ကော်မြို့နယ် ဒေါဘူးငံ (၅) မိုင်ရွာသားများ စိုက်ပျိုးထားသည့် ပြောင်းခင်း၊ ပဲစင်းငုံခင်းများပေါ်တွင် စစ်တပ်မှ မြေကျင်းများတူးပြီး နှစ်ရှည်ပင်များ လာရောက်စိုက်ပျိုးထားသဖြင့် ပြောင်းပင်များနှင့် ပဲစင်းငုံပင်များ ပျက်စီးဆုံးရှုံးမှုများ ရှိနေသည်ဟု ရွာသားများက ပြောဆိုခဲ့ကြသည်။ ဒေါဘူးငံ(၅)မိုင်ရွာသားများသည် မထေားခူကျေးရွာ အနောက်ဖက်ခြမ်းတွင် ၅ ဧကခန့် စိုက်ပျိုးထားခဲ့ကြပြီး အဆိုပါမြေမှာ  ...

တောင်သူများ၏သီးနှံစပါးများ ကြွက်ဖျက်ဆီးခြင်းနှင့် ပိုးကျခြင်းတို့ တွေ့ကြုံနေရ

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အတွင်းတွင် တောင်သူများ၏စပါးခင်းများကို ကြွက်များဖျက်ဆီးခြင်းနှင့်ကြုံတွေ့နေကြရသည်ဟု သိကျိတ်ကျေးရွာမှ တောင်သူ မအားမူက ပြောသည်။ "အခုတလော ကြွက်ထပြီးတောင်းကျန်းလို့ တောင်ယာခင်းတွေ ပျက်စီးသွားခဲ့ပါတယ်။ စပါးပင်အရင်းကို ကိုက်ဖြတ်လို့ စပါးတွေမပေါက်နိုင်တော့ဘူး။" ဟု မအားမူကပြောသည်။ ရှမ်းပြည်တောင်ပိုင်းဒေသအတော်များများတွင် ကြွက်များ၏ ဖျက်ဆီးခြင်းကို ကြုံတွေ့နေရပြီးကြွက်ဖျက်စီးခြင်းကြောင့် ပျက်စီးသွားသည့်ဒေသများကို အချက်အလက်လိုက်ကောက်ယူကာ သက်ဆိုင်ရာဌာနများထံ ကူညီတောင်းတိုက်တွန်းနှိုးဆော်ပေးသွားမည်ဟု...

Latest news

- Advertisement -spot_img